ဆောက်ဂိတ်ကို မနာလိုဖြစ်မိ သည်ဟု ဆမ်အလာဒိုက်စ် ဆို

ဆောက်ဂိတ်ကို မနာလိုဖြစ်မိ သည်ဟု ဆမ်အလာဒိုက်စ် ဆို
Published 14 June 2018

 

Photos: AFP,Metro

အင်္ဂလန်အသင်းနည်းပြဟောင်း ဆမ်အလာဒိုက်စ်က လက်ရှိအင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ကို မနာလိုဖြစ်မိသည်ဟု ပြောဆိုခဲ့သည်။

ဆမ်အလာဒိုက်စ်သည် အင်္ဂလန်အသင်းကို (၆၇)ရက်သာ ကိုင်တွယ်ခဲ့ရပြီး အပြောင်းအရွှေ့ကိစ္စများတွင် လာဘ်ငွေရယူခဲ့သည်ဆိုသည့်စွဲချက်များကြောင့် နည်းပြရာထူးမှ နုတ်ထွက်ခဲ့ရသူလည်း ဖြစ်သည်။

အဆိုပါကိစ္စများတွင် အင်္ဂလန်အသင်းတာဝန်ရှိသူများအနေဖြင့် စိတ်ရှည်ခဲ့မည်ဆိုလျှင် ၎င်းမှာ အင်္ဂလန် နည်းပြအဖြစ်ဆက်ရှိဦးမည်ဟုလည်း ဆမ်အလာဒိုက်စ်က ပြောဆိုခဲ့သည်။

၎င်းက "အင်္ဂလန်အသင်းနဲ့ လမ်းခွဲခဲ့ရတာ တကယ် ဆိုးရွားပါတယ်။ နည်းနည်းလောက်သာ စိတ်ရှည်ခဲ့မယ်ဆိုရင် အင်္ဂလန်နည်းပြအဖြစ် ကျွန်တော် ဆက်ရှိနေဦးမှာပါ။ အခုဆို ကျွန်တော် သန့်ရှင်းတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီး။ ဆောက်ဂိတ် နဲ့ ကစားသမားတွေကိုကြည့်ရင်း ကျွန်တော် မနာလိုဖြစ်မိပါတယ်" ဟု ဆိုခဲ့သည်။

Most Read

Most Recent