ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပါက စပိန်ကစားသမားများ ယူရို(၈၂၅၀၀၀)စီရရှိမည်

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပါက စပိန်ကစားသမားများ ယူရို(၈၂၅၀၀၀)စီရရှိမည်
Published 12 June 2018

Photo:AFP

စပိန်ဘောလုံးအဖွဲ့ချုပ်သည် လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပါက ကစားသမားများကို တစ်ဦးလျှင် ဆုကြေးအဖြစ် ယူရို(၈၂၅၀၀၀)စီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

စပိန်ဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ခဲ့ချိန်က ကစားသမားများကို တစ်ဦးလျှင် ယူရို (၆၀၀၀၀၀)စီ ချီးမြှင့်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၌လည်း ချန်ပီယံဆုရရှိခဲ့ပါက ကစားသမားတစ်ဦးလျှင် ယူရို(၇၂၀၀၀၀) စီ ချီးမြှင့်မည်ဟု ကတိပြုခဲ့သည်။

သို့သော် ယင်းပြိုင်ပွဲတွင် စပိန်အသင်းသည် အုပ်စုအဆင့်မှသာ လှည့်ပြန်ခဲ့ရကြောင်းလည်း သိရှိရသည်။

ယခုအခါ စပိန်ဘောလုံးအဖွဲ့ချုပ်သည် ရုရှားမြေ၌ အောင်မြင်မှုရရှိရန် ကစားသမားများအား ဆုကြေးမက်လုံး ပိုမိုတိုးမြှင့်ပေးလိုက် ခြင်းဖြစ်ပြီး ယခုနှုန်းထားမှာ ရေပန်းအစားဆုံးဘရာဇီးလ်နှင့် ဂျာမနီအသင်းတို့ထက် ပိုမို များပြားနေကြောင်းလည်း သိရှိရသည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲ ရန် ရေပန်းစားနေသည့်အသင်းများအနက် ဘရာဇီးလ်အသင်းက ချန်ပီယံဆုရယူနိုင်ခဲ့ပါ က ကစားသမားတစ်ဦးလျှင် ယူရို(၈၀၀၀၀၀) စီ ဆုကြေးရရှိမည်ဖြစ်ပြီး ဂျာမနီအသင်းက ကစားသမားတစ်ဦးလျှင် ယူရို(၃၅၀၀၀၀)စီ ဆုကြေးရရှိမည်ဟု ၎င်းတို့၏ဘောလုံးအဖွဲ့ ချုပ်များက ကတိပြုထားကြောင်းလည်း သိရှိ ရသည်။

အသင်းအားလုံးက ဆုကြေးငွေများ ကိုထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း စပိန်အသင်း ပေးချေမည့်နှုန်းထားကို လိုက်မီ နိုင်ဖွယ်မရှိကြောင်းလည်း သိရှိရသည်။

ရေပန်းစားနေသည့်အသင်းတစ်သင်းဖြစ်သော ပြင်သစ်အသင်းမှာလည်း ဗိုလ်လုပွဲသို့ တက် လှမ်းနိုင်ခဲ့ပါက ကစားသမားတစ်ဦးလျှင် ယူရို (၂၈၀၀၀၀)စီ ဆုကြေးရရှိမည်ဟု ကတိပြု ထားခြင်းသာရှိကြောင်းလည်း သိရှိရသည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကလည်း အင်္ဂလန်လက်ရွေးစင်အသင်း ဗိုလ်စွဲခဲ့ပါက ဆုကြေးအဖြစ် ယူရို(၆)သန်းချီးမြှင့်မည်ဟု ဆိုထားသည့်အတွက် ကစားသမားတစ်ဦးလျှင် ယူရို(၂၄၅၀၀၀)စီသာ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent