အက်ဒီဟောင်းအား လစာငွေ နှစ်ဆပေး၍စာချုပ်သစ်ချုပ်ဆိုရန် ဘုန်းမောက် စီစဉ်

အက်ဒီဟောင်းအား လစာငွေ နှစ်ဆပေး၍စာချုပ်သစ်ချုပ်ဆိုရန် ဘုန်းမောက် စီစဉ်
Published 10 September 2018

 

Photo: Mirror

ဘုန်းမောက်အသင်းသည် အသင်းနည်းပြ အက်ဒီဟောင်းအား လစာငွေ နှစ်ဆပေး၍ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

အသက် (၄၀)နှစ်အရွယ်သာရှိသေးသူ အက်ဒီဟောင်းအနေဖြင့် ယင်းစာချုပ်သစ်အရ တစ်နှစ်လစာငွေ ပေါင်(၄)သန်းခန့် ရရှိနိုင်မည်ဖြစ်ပြီးလစာငွေမြင့်မားသည့် ပြည်တွင်း (အင်္ဂလိပ်လူမျိုး) နည်းပြ များစာရင်းတွင် ပါဝင်လာမည်ဖြစ်သည်။

အက်ဒီဟောင်း သည် ဘုန်းမောက်အသင်းတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ လက်ရှိအချိန်အထိလည်းကောင်းနည်းပြနေသူဖြစ်ပြီး ၂၀၁၄-၁၅ ရာသီက အသင်းအား လိဂ်ချန်ပီယံရှစ်၌ ချန်ပီယံဖြစ်စေပြီး ပရီးမီးယားလိဂ်သို့ တန်းတက်အောင်စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။

ပြီးခဲ့သည့်ရာသီက သူ၏အသင်းမှာ ပရီးမီးယားလိဂ်အဆင့် (၁၂)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ အက်ဒီဟောင်းသည် အသက်ငယ်ရွယ်သည့်နည်းပြတစ်ဦးဖြစ်သော်လည်း ပြီး ခဲ့သည့်ရာသီက အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၏ နေရာတွင် အစားထိုးမည့်နည်းပြအဖြစ်ရေပန်းစားခဲ့သူဖြစ်သည်။

Most Read

Most Recent