အူနိုင်းအမ်မရီကို အာဆင်နယ်၌ ရေရှည် တွေ့မြင်ရမည်ဟု ရေးပါလာ မျှော်လင့်

အူနိုင်းအမ်မရီကို အာဆင်နယ်၌ ရေရှည် တွေ့မြင်ရမည်ဟု ရေးပါလာ မျှော်လင့်
Published 3 September 2018

 

 

Photos: Zimbio

အာဆင်နယ်ကွင်းလယ်လူဟောင်း ရေးပါလာက အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီအား အသင်းတွင် ရေရှည်တွေ့မြင်ရမည်ဟု မျှော်လင့်ကြောင်းနှင့် အသင်းဘုတ်အဖွဲ့အနေဖြင့် အူနိုင်းအမ်မရီအား အမြဲအားပေးထောက်ခံနေလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား (၃)လုံး၊ FA ဖလား (၄)လုံး ရယူခဲ့သော ရေးပါလာက "အာဆင် နယ်အသင်းဟာ အူနိုင်းအမ်မရီကို မှန်ကန်တဲ့အချိန်ကာလတစ်ရပ် ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အူနိုင်းအမ်မရီကို အာဆင်နယ်ပရိသတ်တွေက အားပေး ထောက်ခံနေတာ ကျွန်တော် မြင်တွေ့ပြီးသွားပါပြီ။ အသင်း ဘုတ်အဖွဲ့အနေနဲ့လည်း သူ့ကိုအားပေးဖို့ လိုအပ်ပါတယ်။ အူနိုင်းအမ်မရီဟာ အသင်းမှာ နောက်ထပ်ကစားသမားသစ် ခေါ်ယူမှုတွေ ထပ်မံပြုလုပ်ပြီး အသင်းကို သူ့စိတ်ကြိုက် ဆက်လက်တည်ဆောက်ဖို့ လိုအပ်ပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent