ယနေ့ညကစားမည့် ချန်ပီယံလိဂ် Play-offs (ဒုတိယအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် ချန်ပီယံလိဂ် Play-offs (ဒုတိယအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 28 August 2018

■ ဒိုင်နမိုကိဗ် နှင့် အေဂျက်စ်

ပထမအကျော့ရလဒ်( အေဂျက်စ် ၃-၁ ဒိုင်နမိုကိဗ်)

Photo: Zimbio

အေဂျက်စ်အသင်း အိမ်ကွင်းမှာအနိုင်ရထားလို့ ဖိအားသိပ်မရှိပါဘူး။ ကစားသမားပိုင်းမှာ အေဂျက်စ် အပြတ်အသတ်သာနေပေမယ့် အဝေးကွင်းရလဒ်မစွံတဲ့အစဉ်အလာကို ပြင်နိုင်ပါ့မလား စောင့်ကြည့်ရဦးမယ်။ ယူကရိန်းမြေမှာတော့ အိမ်ရှင် အနိုင်နဲ့သရေပါပဲ။

 

■ ဒိုင်နမိုဇာဂရက် နှင့် ယန်းဘွိုင်းစ်

ပထမအကျော့ရလဒ် ( ယန်းဘွိုင်းစ် ၁-၁ ဒိုင်နမိုဇာဂရက်)

Photo: Twitter

ပထမအကျော့ ဆွစ်ဇာလန်မြေမှာ ဂိုးသွင်းခွင့်များစွာရခဲ့ ပေမယ့် အသုံးမချနိုင်ခဲ့တဲ့ ယန်းဘွိုင်းစ်အဖို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။ ခရိုအေးရှားမြေဖြစ်လို့ ယန်းဘွိုင်းစ်အတွက် အခက်အခဲတွေရှိနေပေမယ့် ဆွစ်ဇာလန်ရဲ့အကောင်းဆုံးအသင်းဆိုတာ သက်သေပြရမှာပါ။ ယန်းဘွိုင်းစ် မရှုံးနိုင်ဘူး။

 

■AEK အေသင် နှင့် ဗီဒီယိုတန်

ပထမအကျော့ရလဒ် ( ဗီဒီယိုတန် ၁-၂ AEKအေသင်)

Photo: BackpagePix

ဗီဒီယိုတန်က ပထမအကျော့မှာ (၁)ယောက်လျော့သွား ချိန် (၂)ဂိုးပြန်ပေးခဲ့ရပြီး (၁၀)ယောက်စီပြန်ဖြစ်သွားချိန်မှာ ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့တယ်။ ဗီဒီယိုတန်အနေနဲ့ AEKအေသင်ထက် အနည်းငယ်နိမ့်ပေမယ့် ခြေအကွာကြီး မဟုတ်ပါဘူး။ ဗီဒီယိုတန် ဂိုးပြတ်မရှုံးအောင်ကစားနိုင်တယ်။

 

Most Read

Most Recent