၂၀၁၈ အာရှအားကစားပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက်ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ထိုင်းအသင်းကို (၂-၁)ရလဒ်ဖြင့် မြန်မာအသင်းရှုံးနိမ့်

၂၀၁၈ အာရှအားကစားပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက်ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ထိုင်းအသင်းကို (၂-၁)ရလဒ်ဖြင့် မြန်မာအသင်းရှုံးနိမ့်
Published 23 August 2018

၂၀၁၈ အာရှအားကစားပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲအသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အုပ်စု(ခ) အဖွင့်ပွဲစဉ်များကိုယနေ့နံနက်(၈း၃၀)က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းသည် အုပ်စုတွင်းအဓိကပြိုင်ဘက် ထိုင်းအသင်းကို (၂-၁)ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Photo: Asian Games.com

အဆိုပါ အမျိုးသားနှစ်ယောက်တွဲအသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်သည့်အသင်းများအနေဖြင့်  (၃)ပွဲကစားရမည်ဖြစ်ပြီး ယခုပွဲစဉ်တွင် မြန်မာက ပထမပွဲတွင် အနိုင်ရခဲ့သော်လည်း နောက်ထပ်
ကစားသည့် ပွဲနှစ်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်နေစဉ် Photo: Ko Ko Mike Facebook

မြန်မာအသင်းသည် ယနေ့မွန်းလွဲ (၂း၃၀)တွင် လာအိုအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  သြဂုတ် (၂၄)ရက်နေ့၊ နံနက် (၈း၃၀)တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားအသင်းနှင့်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အုပ်စု(က)၏အဖွင့်ပွဲစဉ်များတွင်မူ ဂျပန်အသင်းက အိမ်ရှင် အင်ဒိုနီးရှားအသင်းကို (၂-၁)ဖြင့်လည်းကောင်း၊ ဖိလစ်ပိုင်အသင်းက ဗီယက်နမ်အသင်းကို (၂-၁)ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

 

Most Read

Most Recent