အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲမှ ဆော်ဒီယူ-၂၃အသင်းနှင့် ကစားမည့် မြန်မာယူ-၂၃အသင်းပွဲထွက်လူစာရင်း

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲမှ ဆော်ဒီယူ-၂၃အသင်းနှင့် ကစားမည့် မြန်မာယူ-၂၃အသင်းပွဲထွက်လူစာရင်း
Published 18 August 2018

အင်ဒိုနီးရှားနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော ၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် မြန်မာယူ-၂၃အသင်းသည် အုပ်စု(စ)တွင်ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ မြန်မာယူ-၂၃အသင်းသည် အုပ်စု ဒုတိယမြောက်ပွဲစဉ်အဖြစ် မြန်မာစံတော်ချိန်(၆)နာရီခွဲတွင် ဆော်ဒီအာရေဗျယူ-၂၃အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲစဉ်အတွက် ပွဲထွက်ကစားသမား(၁၁)ဦးစာရင်းကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ယခုထုတ်ပြန်လိုက်သော လူစာရင်းတွင် မြောက်ကိုရီးယားယူ-၂၃အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သောလူစာရင်းမှ မောင်မောင်စိုးနှင့်ရန်နိုင်ဦးတို့ကို ချန်လှပ်ထားခဲ့ပြီး ရဲရင့်အောင်နှင့် ဒွေးကိုကိုချစ်တို့ကို အပြောင်းအလဲပြုလုပ်ထားသည်။

■မြန်မာယူ-၂၃အသင်း၏ပွဲထွက်လူစာရင်း

ကျော်ဇင်ထက်(ဂိုး)
ဝင်းမိုးကျော်
ထိုက်ထိုက်အောင်
ဇော်မင်းထွန်း(အသင်းခေါင်းဆောင်)
နန္ဒကျော်
ရဲရင့်အောင်
လှိုင်းဘိုဘို
လွင်မိုးအောင်
မောင်မောင်လွင်
အောင်သူ
ဒွေးကိုကိုချစ်

Most Read

Most Recent