(၁၃)သင်းမြောက်ကလပ်အဖြစ် ကာတာSC အသင်းသို့ အီတူး ပြောင်းရွှေ့

(၁၃)သင်းမြောက်ကလပ်အဖြစ် ကာတာSC အသင်းသို့ အီတူး ပြောင်းရွှေ့
Published 16 August 2018

Photo: QatarSC

ကင်မရွန်းလက်ရွေးစင်တိုက်စစ်မှူးဟောင်း အီတူးသည် ကာတာကလပ် ကာတာSC အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၎င်း၏ကစားသမားဘဝတွင် (၁၃)သင်းမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
အီတူး(၃၇ နှစ်)သည် ပြီးခဲ့သည့် ဇန်နဝါရီလကမှ တူရကီကလပ် ကွန်ယာစပေါ်အသင်းနှင့် (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုထားသော်လည်း စာချုပ်ဖျက်သိမ်းကာ ကာတာSC အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

Photo: QatarSC

အီတူူးသည် ကာတာSC အသင်းတွင် နံပါတ်(၈၁)ဝတ်ဆင်သွားမည်ဖြစ်ပြီး ကာတာလိဂ်တွင် ဇာဗီ၊ ဆနိုက်ဒါတို့နှင့် ပြန်လည်ဆုံတွေ့ရမည်ဖြစ်သည်။
ယင်းကစားသမားများ၏ အကြံပေးမှုကြောင့်ပင် အီတူးသည် ပြင်သစ်လီဂူးအသင်းများ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ကာတာSC အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
အီတူးသည် ရီးယဲလ်အသင်း၌ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အစပြုခဲ့သူဖြစ်ပြီး ၎င်းပါဝင်ကစားခဲ့သည့်အသင်းများမှာ ရီးယဲလ်၊ လီဟာနက်စ်(အငှား)၊ အက်စ်ပန်ညို(အငှား)၊ မာယော့ကာ၊ ဘာစီလိုနာ၊ အင်တာမီလန်၊ အန်ဇီ၊ ချယ်လ်ဆီး၊ အဲဗာတန်၊ ဆမ်ဒိုးရီးယား၊ အန်တာယာစပေါ်နှင့် ကွန်ယာစပေါ်အသင်းတို့ဖြစ်သည်။
အီတူးသည် ပရော်ဖက်ရှင်နယ်အဖြစ် ဖြတ်သန်းမှု (၂၁)နှစ်ရှိနေပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကင်မရွန်းလက်ရွေးစင်အသင်းမှ အနားယူခဲ့သူဖြစ်သည်။

Most Read

Most Recent