၂၀၁၈ နှစ်ကုန်အထိ အာဂျင်တီးနားအသင်းအတွက်မက်ဆီ ကစားမည်မဟုတ်ဟု သတင်းများထွက်ပေါ်

၂၀၁၈ နှစ်ကုန်အထိ အာဂျင်တီးနားအသင်းအတွက်မက်ဆီ ကစားမည်မဟုတ်ဟု သတင်းများထွက်ပေါ်
Published 16 August 2018

 

 

Photos: Getty Images

 

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် အာဂျင်တီးနားအသင်းအတွက် ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ ကစားပေးမည် မဟုတ်ကြောင်း အာဂျင်တီးနားသတင်းစာများက ဖော်ပြခဲ့ကြသည်။

အာဂျင်တီးနားအသင်းသည် ၂၀၁၈ ခုနှစ်အတွင်း ခြေစမ်းပွဲ (၅)ပွဲကစားမည်ဖြစ်ပြီး မက်ဆီသည် ယင်းပွဲစဉ်များ၌ပါဝင်ကစားမည်မဟုတ်ဟု အသင်း၏ယာယီနည်းပြ ဖြစ်သူ စကာလိုနီအား ပြေကြားခဲ့ကြောင်း အာဂျင်တီးနားသတင်းစာ Clarin က ဖော်ပြခဲ့သည်။ ထို့ပြင် မက်ဆီသည် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် မည်သည့်အချိန်တွင် ပြန်လည်ကစားမည်ဆိုသည့်အချက်ကိုလည်း အတည်ပြုခဲ့ ခြင်းမရှိကြောင်း သိရသည်။

မက်ဆီနှင့် ပတ်သက်ပြီး Clarin သတင်းစာက "အာဂျင်တီးနားအသင်းအတွက် ဒီနှစ်မှာ မက်ဆီ ကစားပေးတော့မှာမဟုတ်ပါဘူး။ အနာဂတ်အတွက်လည်း စိုးရိမ်စရာကောင်းပါတယ်"ဟု လည်းကောင်း၊ အာဂျင်တီးနား သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Infobae က " မက်ဆီက အတိုင်းအတာတစ်ခုအထိ အနားယူတာပါ။ ဒါက အာဂျင်တီးနား အသင်းကအနားယူတယ်လို့ မဆိုလိုပါဘူး" ဟု လည်းကောင်း ဖော်ပြခဲ့ကြသည်။
အာဂျင်တီးနားအသင်း၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးကမူ "မက်ဆီနဲ့ ပတ်သက်ပြီး ဘယ်အချိန် သူပြန်လာမယ်။ ဘာဖြစ်တယ်ဆိုတာကို နည်းပြက ပြောပါလိမ့်မယ်"ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်းသည် လာမည့်စင်တင်ဘာလ (၇)နှင့် (၁၁)ရက်တို့တွင် အမေရိကန်နိုင်ငံ၌ ဂွါဒီမာလာ၊ ကိုလံဘီယာ စသည့်အသင်းများနှင့် ခြေစမ်းပွဲများကစားမည်ဖြစ် ပြီး အသင်းလူစာရင်းကို ယခု ရက်သတ္တပတ်နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ အာဂျင်တီးနားအသင်း သည် ယခုနှစ်အတွင်း ခြေစမ်းပွဲ (၅)ပွဲအထိ ကစားရန် စီစဉ်ထားပြီး အောက်တိုဘာတွင် အမေရိကန်၊ နိုဝင်ဘာတွင် ဘိုလစ်ဗီးယား၊ ပါရာဂွေးအသင်းတို့နှင့် ကစားမည်ဖြစ်ကြောင်း သိရသည်။

မက်ဆီသည် အာဂျင်တီးနားလက်ရွေးစင်အသင်း မှ ၂၀၁၆ ခုနှစ်၊ ဇွန်လကလည်း အနားယူခဲ့ဖူးပြီး အာဂျင်တီးနားသမ္မတနှင့် ပရိသတ်များ၏တောင်းဆိုမှုကြောင့် နောက် (၂)လအကြာတွင် ပြန်ကစားပေးခဲ့သည်။

Most Read

Most Recent