ချန်ပီယံလိဂ်ခြေစစ်ပွဲ တတိယအဆင့် (ဒု-ကျော့)ပွဲစဉ်များကို အင်္ဂါနေ့ညက ယှဉ်ပြိုင်ကစားခဲ့ရာ ဆဲလ်တစ်အသင်းသည် AEK အေသင်အသင်းအား ရှုံးနိမ့်သဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရကြောင်း သိရသည်။
စကော့တလန်နာမည်ကြီးကလပ် ဆဲလ်တစ်အသင်းသည် အိမ်ကွင်းတွင် (၁)ဂိုးစီသရေကျခဲ့သည့် ဂရိကလပ် AEK အေသင်အသင်းကို အဝေးကွင်း အနိုင်ရရန် ကြိုးစားခဲ့သော်လည်း (၂-၁)ဂိုးဖြင့် ရှုံးနိမ့်ပြီး နှစ်ကျော့ပေါင်း (၃-၂)ဂိုးဆိုလည့်ရလဒ်ဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။
နယ်သာလန်နာမည်ကြီးကလပ် အေဂျက်စ်အသင်းမှာမူ ဘယ်လ်ဂျီယံကလပ် စတန်းဒတ်လိဂ်အသင်းကို အိမ်ကွင်းတွင် (၃-ဝ)ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း (၅-၂)ဂိုးဖြင့် ချန်ပီယံလိဂ် Play-off အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
တူရကီကလပ် ဖီနာဘာချီအသင်းနှင့် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းတို့၏ ပွဲစဉ်တွင် ဘင်ဖီကာအသင်းက (၁)ဂိုးစီသရေကစားပြီး နှစ်ကျော့ပေါင်း (၂-၁)ဂိုးဖြင့် ချန်ပီယံလိဂ် Play-off အဆင့်သို့ တက်ရောက်သွားခဲ့သည်။
အခြားပွဲစဉ်များတွင်လည်း ဒိုင်နမိုကိဗ်၊ ဆာလ်ဇ်ဘာ့ဂ် စသည့်အသင်းများက အသီးသီးအနိုင်ရကာ ၂၀၁၈-၁၉ ချန်ပီယံလိဂ် Play-off အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ချန်ပီယံလိဂ်ခြေစစ်ပွဲ တတိယအဆင့် (ဒု-ကျော့)ပွဲစဉ် ရလဒ်များ
-------------------------------------------------------------------
ဒိုင်နမိုကိဗ် ၂-၀ ဆလားဗီးယားပရပ်ဂ်
(နှစ်ကျော့ပေါင်း ၃-၁ ဂိုးဖြင့် ဒိုင်နမိုကိဗ် နိုင်)
BATE ၁-၁ ကာရာဘတ်
(နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် BATE နိုင်)
စပါးတပ်မော်စကို ဝ-၀ PAOK
(နှစ်ကျော့ပေါင်း ၃-၂ ဂိုးဖြင့် PAOK နိုင်)
AEK အေသင် ၂-၁ ဆဲလ်တစ်
(နှစ်ကျော့ပေါင်း ၃-၂ ဂိုးဖြင့် AEK အေသင် နိုင်)
ဒိုင်နမိုဇာဂရက် ၁-၀ အက်စ်တာနာ
(နှစ်ကျော့ပေါင်း ၃-၀ ဂိုးဖြင့် ဒိုင်နမိုဇာဂရက် နိုင်)
ဗီဒီယိုတန် ဝ-၀ မာလ်မို
(နှစ်ကျော့ပေါင်း ၁-၁ အဝေးဂိုးဖြင့် မာလ်မို နိုင်)
ဖီနာဘာချီ ၁-၁ ဘင်ဖီကာ
(နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် ဘင်ဖီကာ နိုင်)
ရှက်ကန်ဒီယာ ဝ-၁ ဆာလ်ဇ်ဘာ့ဂ်
(နှစ်ကျော့ပေါင်း ၄-၀ ဂိုးဖြင့် ဆာလ်ဇ်ဘာ့ဂ် နိုင်)
စပါးတပ်တာနာဗာ ၁-၂ ဇဗက်ဒါ
(မိနစ် ၉၀ ၁-၁၊ အချိန်ပိုတွင် ဇဗက်ဒါနိုင် - နှစ်ကျော့ပေါင်း ၃-၂ ဂိုးဖြင့် ဇဗက်ဒါ နိုင်)
အေဂျက်စ် ၃-၀ စတန်းဒတ်လိဂ်
(နှစ်ကျော့ပေါင်း ၅-၂ ဂိုးဖြင့် အေဂျက်စ် နိုင်)