<

ကွန်တီကို လျော်ကြေး ပေါင်(၉)သန်းပေးကာ ချယ်လ်ဆီးအသင်းထုတ်ပယ်လိုက်ပြီဟု ဗြိတိန်မီဒီယာများဖော်ပြ

ချယ်လ်ဆီးအသင်းသည် နည်းပြကွန်တီအား လျော်ကြေး ပေါင် (၉)သန်းပေးချေကာ ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ကွန်တီသည် ပြီးခဲ့သည့်ရက်ပိုင်းက ချယ်လ်ဆီးအသင်း၏ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွင်ပါဝင်ခဲ့သော်လည်း ယခုအခါ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျက စာချုပ်လျော်ကြေးအတိုင်းပေးချေကာ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Photo: Getty Images

ချယ်လ်ဆီးအသင်းသည် ကွန်တီ၏နေရာတွင် နာပိုလီနည်းပြဟောင်း ဆာရီကိုအစားထိုး ခန့်အပ်ရန် စီစဉ်နေပြီး နာပိုလီကစားသမား ယော်ဂင်ဟိုကိုပါ တစ်ပါတည်းခေါ်ယူနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ ဆာရီကို ခန့်အပ်ဖြစ်ခဲ့ပါက ၂၀၀၃ခုနှစ်က အေဘရာမိုဗစ်ခ်ျ အသင်းကို ပိုင်ဆိုင်ပြီးနောက် တရားဝင်ခန့်အပ်သည့် (၉)ဦးမြောက် နည်းပြဖြစ်လာမည်ဖြစ်သည်။

ကွန်တီသည် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့သည့် (၂)ရာသီအတွင်း ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးခဲ့ပြီး ဒုတိယရာသီ၌ အက်ဖ်အေဖလားကိုရယူပေးခဲ့သည်။ ထို့အပြင် ကွန်တီသည် ပရီးမီးယားလိဂ်တွင်နိုင်ပွဲရာခိုင်နှုန်းဒုတိယအများဆုံးနည်းပြအဖြစ်ရပ်တည်နေပြီး (၆၇.၁)ရာ ခိုင်နှုန်းရှိခဲ့ကာ ဂွါဒီယိုလာ(၇၂.၈ရာခိုင်နှုန်း)၏နောက်တွင် ရပ်တည်နေသည်။ ကွန်တီသည် ချယ်လ်ဆီးအသင်းကို (၂)ရာသီအတွင်း ပွဲပေါင်း (၁၀၆)ပွဲကိုင်တွယ်ခဲ့ပြီး (၆၉)ပွဲနိုင်၊ (၂၀)ပွဲသရေကျကာ (၁၇)ပွဲသာ ရှုံးနိမ့်ခဲ့ ကြောင်း သိရသည်။

July 13, 2018














Copy Protected by Chetan's WP-Copyprotect.