<

အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မြန်မာနှင့် ထိုင်း ယနေ့ ကစားမည်

ဆီးဂိမ်းစ်အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ အုပ်စုဒုတိယနေ့ပွဲစဉ်များကို သြဂုတ် ၂၄ ရက် တွင်ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် ထိုင်းအသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။

Photo – Pozible

အမျိုးသမီးအုပ်စုပွဲများကို သြဂုတ် ၂၃ ရက်တွင် စတင်ကျင်းပခဲ့ပြီး အုပ်စု (က) တွင် ထိုင်းက အင်ဒိုနီးရှားကို သုံးပွဲပြတ်၊ အုပ်စု (ခ) တွင် ဗီယက်နမ်က မလေးရှားကို သုံးပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အုပ်စု (က) တွင် ထိုင်း၊ အင်ဒိုနီးရှားတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် အင်ဒိုနီးရှားနှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။

August 24, 2017














Copy Protected by Chetan's WP-Copyprotect.