ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု မန်ယူပစ်မှတ် မီလင်ကိုဗစ် ဆို

ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု မန်ယူပစ်မှတ် မီလင်ကိုဗစ် ဆို
Published 10 June 2018

Photo: Metro

လာဇီယိုအသင်းကွင်းလယ်လူ မီလင်ကိုဗစ်က ၎င်း၏အနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်ရာသီက လာဇီယိုအသင်းနှင့်အတူ ထင်ပေါ်လာခဲ့သည့် အသက်(၂၃)နှစ်အရွယ် ဆားဘီးယားကွင်းလယ်လူ မီလင်ကိုဗစ်ကို မန်ယူ၊ အာဆင်နယ်၊ ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

မီလင်ကိုဗစ်က "ကျွန်တော့်သတင်းတွေကို သတင်းစာတွေမှာ ဖတ်နေရပေမယ့် လောလောဆယ်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖိအားတွေ ရှိနေပေမယ့် အဆင်ပြေမှာပါ။
နောက်ရာသီ ဘယ်အသင်းမှာ ကစားမယ်ဆိုတာကိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှပဲ ကျွန်တော် ဆုံးဖြတ်သွားမှာပါ။ အခုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားဖို့ မစောင့်နိုင်အောင် ဖြစ်နေပါပြီ"ဟု ဆိုခဲ့သည်။

မီလင်ကိုဗစ်သည် ပြီးခဲ့သည့်ရာသီက လာဇီယိုအသင်းအတွက် ပြိုင်ပွဲစုံ (၄၈)တွင် (၁၅)ဂိုးသွင်းယူပေးခဲ့ပြီး၊ ၎င်းကို ပေါင်သန်း(၁၀၀) နီးပါးရမှသာ လာဇီယိုအသင်းက လက်လွှတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent