<

ဘတ်ရှူအာယီအတွက် ချယ်လ်ဆီး ယူရို(၅၇)သန်းအလိုရှိ

 

Photo: Metro

ချယ်လ်ဆီးအသင်းမှ ဂျာမန်ကလပ် ဒေါ့မွန်အသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက်ကစားနေသော ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘတ်ရှူအာယီသည် ဒေါ့မွန်၌သာ အပြီးသတ်စာချုပ်ချုပ်ဆိုပြီးကစားရန် ဆန္ဒရှိနေပြီး သူ၏ ကလပ်အသင်းကလည်း သူ့အား အပြီးသတ်ရောင်းချရန်စီစဉ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဘတ်ရှူအာယီအတွက် ယူရို(၅၇)သန်းခန့်အလိုရှိနေကြောင်း သိရှိရသည်။ ဒေါ့မွန်အသင်းတာဝန်ရှိသူများက နွေရာသီတွင် ဘတ်ရှူအာယီကို အပြီးသတ်ခေါ်ယူရန်ကမ်းလှမ်းမည်ဖြစ်ကြောင်း ပြောကြားထားသည်။

April 25, 2018














Copy Protected by Chetan's WP-Copyprotect.