<

၂၀၁၈-၁၉ ရာသီ အိမ်ကွင်းဝတ်စုံသစ်ကို လီဗာပူးလ်အသင်း မိတ်ဆက်ပြသ

Photo: LiverpoolFC

လီဗာပူးလ်အသင်းသည် လာမည့် ၂၀၁၈-၁၉ ရာသီတွင် ၀တ်ဆင်မည့် အိမ်ကွင်းဝတ်စုံသစ်ကို မိတ်ဆက်ပြသခဲ့ကြောင်း သိရှိရသည်။

ယခုဝတ်စုံသစ်မှာ အနီရောင်ဝမ်းဆက်ပင်ဖြစ်ပြီး လက်ရှိဝတ်စုံနှင့် ခြားနားသည်မှာ အဖြူရောင် လက်မောင်းအကွပ်နှင့် လည်ပင်းအကွပ်များ ပါဝင်ခြင်းမရှိတော့ဘဲ အဖြူရောင်အနည်းငယ်သာ ထည့်သွင်းထားခြင်းဖြစ်သည်။

ထို့ပြင် ကော်လံပါဝင်သည့်အင်္ကျီအဖြစ် ဖန်တီးထားပြီး အဆိုပါဝတ်စုံသစ်ကို အသင်းခေါင်းဆောင်ဟန်ဒါဆန်အပါအ၀င် ဆာလာ၊ မာနေ၊ ဖေမီနိုတို့က မိတ်ဆက်ပြသခဲ့ကြသည်။

ယင်းဝတ်စုံသစ်ကို ယခုရာသီနောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်သည့် ဘရိုက်တန်နှင့်ပွဲတွင် ၀တ်ဆင်ကစားသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် ယင်းဝတ်စုံကို ပရိသတ်များထံ မေ(၁၁)ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး အထူးအစီအစဉ်အဖြစ် ကြိုတင်မှာယူသည့် ပထမဆုံးပရိသတ်(၃၀)ကို ၀တ်စုံတစ်စုံစီ လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က “ဒီဝတ်စုံသစ်ကို ကျွန်တော်တို့ပရိသတ်တွေ သဘောကျလိမ့်မယ်ဆိုတာ ကျွန်တော် သံသယမရှိယုံကြည်ပါတယ်။ လာမယ့်ရာသီမှာ ဒီဝတ်စုံဝတ်ဆင်ပြီး ကျွန်တော်တို့အသင်းကို ဂုဏ်ယူစွာအားပေးခွင့်ရရှိပါလိမ့်မယ်” ဟုပြောကြားခဲ့သည်။

April 19, 2018














Copy Protected by Chetan's WP-Copyprotect.