တောင်အာဖရိကတွင် လယ်လာနာ ကုသမှုခံယူ

တောင်အာဖရိကတွင် လယ်လာနာ ကုသမှုခံယူ
Published 18 April 2018

 

 

 

 

လီဗာပူးလ်အသင်း၏ အင်္ဂလန်ကွင်းလယ်လူ လယ်လာနာသည် သူ၏တံကောက်ကြောဒဏ်ရာအား ကုသမှုခံယူရန် တောင်အာဖရိကနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရှိရသည်။

လယ်လာနာသည် တောင်အာဖရိက နိုင်ငံ၊ ကိပ်တောင်းမြို့ရှိ အားကစားသိပ္ပံတက္ကသိုလ်တွင် ကုသမှုခံယူသွားမည်ဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

လယ်လာနာသည် ယခုရာသီ လီဗာပူးလ်အသင်းတွင် ပွဲထွက်ကစားသမားအဖြစ် (၃)ပွဲသာကစားခွင့်ရခဲ့ပြီး ပွဲအများစုကို ယင်းဒဏ်ရာကြောင့် လွဲချော်ခဲ့ရသည်။

Most Read

Most Recent