ရပ်ရှ်ဖို့ဒ်နှင့် မာစီယယ် ပွဲထွက်ခွင့်နည်းနေခြင်းအတွက် မိမိလည်းမတတ်နိုင်ဟု မော်ရင်ဟိုပြောကြား

ရပ်ရှ်ဖို့ဒ်နှင့် မာစီယယ် ပွဲထွက်ခွင့်နည်းနေခြင်းအတွက် မိမိလည်းမတတ်နိုင်ဟု မော်ရင်ဟိုပြောကြား
Published 14 April 2018

 

 

မန်ယူအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ယခုရာသီတွင် အသင်း၏ လူငယ်ကြယ်ပွင့်ကစားသမားနှစ်ဦးဖြစ်သည့် ရပ်ရှ်ဖို့ဒ်နှင့် မာစီယယ်တို့ ပွဲထွက်ခွင့်နည်းပါးနေခြင်းအတွက် မိမိလည်းမတတ်နိုင်ကြောင်း ပြောကြားသွားခဲ့သည်။ အလက်ဆစ်ဆန်းချက်ဇ်အသင်းသို့ ရောက်ရှိလာသည့်အပြင် ဂျက်ဆီလင်ဂတ်အကောင်းဆုံးပုံစံရနေခြင်းနှင့် လူကာကူ၏ သွင်းဂိုးများက ရပ်ရှ်ဖို့ဒ်နှင့် မာစီယယ်တို့ကိုပွဲထွက်ခွင့် နည်းပါးစေသည့်အခြေအနေဖြစ်နေပြီး ယင်းအတွက်မိမိဘာမှ မတတ်နိုင်ကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းကစားသမားနှစ်ဦးစလုံးသည် အာဆင်နယ်အသင်းမှ အလက်ဆစ်ဆန်းချက်ဇ်မန်ယူအသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးကတည်းက ပွဲထွက်ခွင့်အရေအတွက်ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအနက် မာစီယယ်သည် လက်ရှိအခြေအနေအပေါ် ပိုမိုစိတ်ပျက်သည့် အနေအထားတွင်ရှိနေသည်။ ရပ်ရှ်ဖို့ဒ်မှာလည်း မော်ရင်ဟို မန်ယူအသင်းထံသို့ ရောက်ရှိလာခဲ့ချိန်ကတည်းက အသင်းအတွက် ပွဲအရေအတွက်အများဆုံးကစားခွင့်ရသူအဖြစ် ရှိနေသော်လည်း ၄င်ကစားရသည့် ပွဲအများစုမှာ အရန်ခုံမှ ထလာရခြင်းဖြစ်ပြီး သူသည် ယခု ၂၀၁၈ ခုနှစ်အတွင်း ပွဲထွက်လူစာရင်းတွင် ပါဝင်သည့် ပွဲအရေအတွက်မှာ (၁)ပွဲသာ ရှိကြောင်းလည်း သိရှိရသည်။

"ဒါဘောလုံးပဲလေ။ ကစားသမား (၁၁)ဦးတည်းက ပွဲတိုင်းမှာ ဒဏ်ရာမရှိ၊ ပွဲပယ်မရှိ၊ မောပန်းနွမ်းနယ်မှုမရှိ၊ ပွဲတိုင်း ကစားခွင့်ရနေတယ်ဆိုရင် ဒီအသင်းရဲ့ စီးပွားရေးအတွက် အရမ်းကောင်းစေပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီအရာက မဖြစ်နိုင်ပါဘူး။ ကလပ်အသင်းတိုင်း၊ အဆင့်တိုင်းမှာ ကစားသမား (၁၁)ဦးထက်ပိုလိုအပ်ပြီး၊ ပွဲထွက်ခွင့်ရမှာကတော့ (၁၁)ဦးတည်းပါ။ ဒါက ရိုးရိုးလေးပါပဲ။ ဒီအတွက်ကျွန်တော်ဘာမှမတတ်နိုင်ပါဘူး။ မားကပ်စ်က ဒီအသင်းကို ကျွန်တော်စရောက်လာကတည်းက ပွဲအများဆုံးကစားခွင့်ရတဲ့သူပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဆုံးဖြတ်လို့ပါ" ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မန်ယူအသင်း၏ ပြင်သစ်လူငယ်ကြယ်ပွင့်ကစားသမား မာစီယယ်သည် ပွဲထွက်ခွင့်နည်းပါးနေသည့်အခြေအနေအပေါ် မကျေမနပ်ဖြစ်နေပြီး အသင်းမှ (၅)နှစ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ပယ်ချခဲ့ရာ မော်ရင်ဟိုအသင်းတွင် ဆက်ရှိပါက မာစိယယ်ဆက်ရှိရန် မသေချာသည့်အနေအထားမျိုးဖြစ်လာပြီး ယင်းအခြေအနေကို မန်ယူအသင်းပရိသတ်များက စိတ်ပူနေကြသည်။

Most Read

Most Recent