လိဂ်ဖလားဗိုလ်လုပွဲတွင် အာဆင်နယ် ကွင်းလယ်လူ ရမ်ဆေးပါဝင်ရန် မသေချာ

လိဂ်ဖလားဗိုလ်လုပွဲတွင် အာဆင်နယ် ကွင်းလယ်လူ ရမ်ဆေးပါဝင်ရန် မသေချာ
Published 22 February 2018

 

 

 

 

အာဆင်နယ်အသင်း၏ ဝေးလ်စ်ကွင်းလယ်လူ ရမ်ဆေးသည် အာဆင်နယ်နှင့် မန်စီးတီးတို့ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲတွင် ပါဝင်ကစားရန် မသေချာကြောင်း သိရှိရသည်။ ရမ်ဆေးသည် ပေါင်ခြံဒဏ်ရာရရှိနေခြင်း ဖြစ်ပြီး သူ၏ဒဏ်ရာအနေအထားအရ ယင်းပွဲတွင်ပါဝင်နိုင်ရန်မှာ (၅၀-၅၀)အခြေအနေတွင်သာရှိကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

အကယ်၍ ယင်းပွဲလူစာရင်းတွင် ပါဝင်လာခဲ့လျှင်လည်း ပွဲထွက်လူစာရင်း၌ ပါဝင်မည်မဟုတ်ဘဲ အရန်စာရင်းတွင်သာ ပါဝင်လာဖွယ်ရှိသည်ဟု ၎င်းသတင်းစာက ဖော်ပြခဲ့သည်။ ရမ်ဆေးသည် ယင်းဒဏ်ရာကြောင့် အာဆင်နယ်အသင်း၏ နောက်ဆုံးပွဲစဉ်(၂)ပွဲတွင်လည်း ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

■ ဖလားဗိုလ်လုပွဲများတွင် ဂိုးကံကောင်းသည့် ရမ်ဆေး

■ ရမ်ဆေးသည် အာဆင်နယ်အသင်း၏ ဖလားဗိုလ်လုပွဲများတွင် ဂိုးကံကောင်းသည့် ကစားသမားတစ်ဦးဟု သတ်မှတ်နိုင်သည်။
■ ၂၀၁၃-၁၄ ဘောလုံးရာသီ FA ဖလားဗိုလ်လုပွဲတွင် အာဆင်နယ်နှင့် ဟားလ်စီးတီးအသင်းမှာ ပွဲချိန်မိနစ်(၉၀)အထိ (၂-၂)ဂိုးဖြင့် သရေကျနေ၍ အချိန်ပိုဆက်ကစားခဲ့ရသည်။
■ ရမ်ဆေးသည် အချိန်ပို(၁၀၉)မိနစ်တွင် အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးကိုသွင်းယူခဲ့ပြီး FA ဖလားချန်ပီယံဆုရရှိစေခဲ့သည်။
■ ပြီးခဲ့သည့် ၂၀၁၆-၁၇ ရာသီ FA ဖလားဗိုလ်လုပွဲတွင်လည်း ရမ်ဆေးမှာ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးသွင်းယူသူဖြစ်ခဲ့သည်။
■ အာဆင်နယ်နှင့် လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးတို့ ဆုံတွေ့သော ယင်းပွဲတွင် ရမ်ဆေးသည် ပွဲချိန်(၇၉)မိနစ်၌ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
■ ယင်းပွဲတွင် အာဆင်နယ်အသင်းက (၂-၁)ဂိုးဖြင့်အနိုင်ရကာ ဗိုလ်စွဲခဲ့ပြီး ချယ်လ်ဆီးအသင်း၏ ဖလား(၂)လုံး ချန်ပီယံမျှော်လင့်ချက်ကို ဖျက်ဆီးခဲ့သည်။

Most Read

Most Recent