မန္တလေးတိုင်းဒေသကြီးအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာစွန့်ဦးတီထွင်ပွဲတော် (2018 Myanmar Entrepreneurs Carnival) ကို နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီးအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာစွန့်ဦးတီထွင်ပွဲတော် (2018 Myanmar Entrepreneurs Carnival) ကို နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်
Published 12 February 2018

မန္တလေးတိုင်းဒေသကြီးအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာစွန့်ဦးတီထွင်ပွဲတော် (2018 Myanmar Entrepreneurs Carnival) ကို နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီးအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာစွန့်ဦးတီထွင်ပွဲတော် (2018 Myanmar Entrepreneurs Carnival) ကို မန္တလေးမြို့ Myanmar Institute of Information Technology (MIIT)တွင် ဖေဖော်ဝါရီလ ၃ ရက်မှ ၄ ရက်အထိ နှစ်ရက်တိုင်တိုင် နံနက် ၉နာရီမှ ည ၈နာရီခွဲအထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ အရင်တုန်းက သမရိုးကျ စီးပွားရေးလုပ်ငန်းတွေဆိုပြီးတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ နည်းပညာကိုအခြေခံပြီးတော့ လုပ်ငန်းတွေပေါ်လာပါတယ်။ အဲ့ဒါလည်း နိုင်ငံရဲ့ စီးပွားရေးမှာ ဝန်ဆောင်မှုကဏ္ဍ မြင့်တင်တဲ့အချိန်မှာ ဒီလိုလုပ်ငန်းတွေလိုပါတယ်။ လုပ်ငန်းရှင်ဆိုရင် နည်းပညာအခြေခံတဲ့ ဝန်ဆောင်မှုလုပ်ငန်းဖြစ်မယ်။ နည်းပညာအခြေခံတဲ့ ထုတ်လုပ်မှု လုပ်ငန်းဖြစ်မယ်။ နည်းပညာအခြေခံတဲ့ စီးပွားရးလုပ်ငန်းဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေကို ကြိုဆိုရပါတယ်။ အကူအညီပေးရပါတယ်။ တနည်း ဒီလုပ်ငန်းတွေကို လုပ်နေတဲ့သူဟာ လူငယ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ လူကြီးတွေမှာ တာဝန်ရှိလာပါတယ်။ လူငယ်တွေကို ရှေ့တွန်းထိုး၊ ထမ်းပိုးပေးတာဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်တာပဲလို့ ယံုံကြည်ပါတယ်။ ဒီလူငယ်လေးတွေအတွက် ကနေ့လူကြီးတွေမှာ တာဝန်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လုပ်ငန်းရှင် လူငယ်တွေနဲ့တွေ့တဲ့အချိန်မှာ အစိုးရအကူအညီပေးနိုင်တဲ့ဟာတွေ အကုန်လုံးကို အကူအညီပေးရပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မြန်မာ့စွန့်ဦး တီထွင်ပွဲတော်ကို မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ဦးစီးကျင်းပလျက်ရှိကာ ပြည်တွင်းစွန့်ဦးတီထွင်သူများအကြား ကွန်ယက်ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“လူငယ်တွေက အရင်းအနှီးမရှိလို့ အလုပ်မလုပ်နိုင်ဘူးဆိုတာမျိုးမဖြစ်စေပဲ ကောင်းမွန်တဲ့ အတွေးအခေါ် အယူအဆတွေ ရှိပါစေ။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက လူငယ်တွေကို ပြန်လည်လက်တွဲ ခေါ်ယူတဲ့အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်က မန္တလေးမှာ ပထမဦးဆုံးလုပ်တဲ့ ပွဲဖြစ်ပါတယ်။ လူငယ်လုပ်ငန်းရှင်တွေ အများအပြားပေါ်ပေါက်လာရင် တိုင်းပြည်အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးပေါ်ပေါက်လာမယ်။ ကလေးတွေရဲ့ အရည်အချင်းတွေတက်လာတဲ့အခါကြရင် တိုင်းပြည်ရဲ့ စီးပွားရေးလည်းတိုးတက်လာမယ်လို့ ယူဆပြီး လူငယ်တွေကို မြေထောင်မြောက်ပေးတာ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MRYEA) မှ ဒု-ဥက္ကဌ ဖြစ်သူ ဒေါ်သီတာစမ်းက ပြောကြားသည်။ စီးပွားရေးနယ်ပယ်အစုံမှ စတင်တီထွင်လုပ်ငန်း (Start Up) လုပ်ငန်းရှင်သစ်များအတွက် လိုအပ်သော နည်းပညာအထောက်အကူများနှင့် ငွေကြေးအရင်းအနှီးများအတွက် ရင်းနှီးမြုပ်နှံသူများနှင့် တွေ့ဆုံချိတ်ဆက်ပေးသော (Pitching Program)များ၊ အောင်မြင်သော စီးပွားရေးပညာရှင်၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၏ ဆွေးနွေးပွဲ (Panel Discussions) များ၊ ဟောပြောပို့ချမှု (Expert Talks) များ၊ အချိန်တိုင်သင်တန်း (Short Course Training) များ၊ စွန့်ဦးလုပ်ငန်းများအတွက် လမ်းပြဆွေးနွေးပညာပေးခြင်းအစီအစဉ် (Mentoring)များနှင့် စတင်တီထွင်လုပ်ငန်း (Start Up) လုပ်ငန်းရှင်များ၏ ပြခန်းများ၊ SME လုပ်ငန်းရှင်များ၏ ပြခန်းများနှင့် ဒေသအသီးသီးမှ လူငယ်များ၊ ကျောင်းသူကျောင်းသားများတို့၏ တီထွင်ထားသော နည်းပညာဆိုင်ရာပစ္စည်းများကိုလည်း ခင်ကျင်းပြသထားသည့် ပြခန်းများစသည်ဖြင့် ပြခန်းပေါင်း ၁၀၀ကျော် ခင်းကျင်းပြသထားလျက်ရှိကြောင်း သိရသည်။

လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ဖွဲ့စည်းထားပြီဖြစ်ကာ အခြားသော ပြည်နယ်နှင့် တိုင်းတို့တွင် ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent