ဘာကာယိုကို၏ခြေစွမ်းကို ရီယိုဖာဒီနန် ဝေဖန်ခဲ့ပြီး ဒိုင်လူကြီးကို ကလော့ပ်ပြစ်တင်

ဘာကာယိုကို၏ခြေစွမ်းကို ရီယိုဖာဒီနန် ဝေဖန်ခဲ့ပြီး ဒိုင်လူကြီးကို ကလော့ပ်ပြစ်တင်
Published 27 November 2017

 

Photos:Metro

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော လီဗာပူးလ် (၁-၁) ချယ်လ်ဆီးပွဲမှ ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကို၏ ခြေစွမ်းကို မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပြစ်တင်ဝေဖန်လိုက်သည်။ ဘာကာယိုကိုသည် ခံစစ်တာဝန်မကျေပွန်ဘဲ အလွန်ဆိုးရွားစွာဖြင့် ကစားသွားခဲ့သည်ဟု ဖာဒီနန်က ပြောကြားခဲ့သည်။ ယင်းပွဲ၏ ပွဲချိန် (၆၅)မိနစ်၌ လီဗာပူးလ်တိုက်စစ်မှူး ဆာလာ အဖွင့်ဂိုးသွင်းယူခဲ့ရာတွင် ဘာကာယိုကိုမှာ လီဗာပူးလ်ကွင်းလယ်လူ ကော်တိုဟို ပေးပို့သောဘောလုံးကို မတားဆီးနိုင်ခဲ့သဖြင့် ဆာလာက သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ BBC Sport ရုပ်သံတွင် ဘောလုံးဝေဖန်သူပြု လုပ်နေသော ရီယိုဖာဒီနန်က ဘာကာယိုကို၏ခြေစွမ်းကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်သာ ဂယ်ရီကာဟေးလ်နေရာမှာဆိုရင် ဘာကာယိုကို ကို အသံကုန်အော်ဟစ်နေလောက်ပြီ။ ခံစစ်ပိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် သူဟာ လုံးဝကျက်သ ရေမရှိစွာ ကစားသွားခဲ့တာပဲ။ သူဘာမှ မလုပ်ပြနိုင်ခဲ့ဘူး။ သူ့ကို ပြိုင်ဘက်ကစားသမားတွေက ကျော်ပြီး ပြေးလွှားနေကြတယ်။ သူ ဒီလိုကစားတာ ဂယ်ရီကာဟေးလ်ကိုလည်း တစ်ဦးတည်းဒုက္ခ ရောက်စေတယ်" ဟု ရီယိုဖာဒီနန်က ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကမူ ယင်းပွဲတွင် ချယ်လ်ဆီးအသင်း ချေပဂိုးမရရှိမီ သူ၏ လူစားလဲလှယ်မှုကို တားဆီးပိတ်ပင်ခဲ့သော ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို ပြစ်တင်ဝေဖန်ခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ပွဲချိန်(၈၅)မိနစ်တွင် ကွင်းလယ်လူ ဝီလီယံ၏ ဖြတ်တင်ဘောမှ ချေပဂိုးရရှိသွားခဲ့ပြီး ယင်းဂိုးမသွင်းမီ လီဗာပူးလ်ကွင်းလယ်လူ လယ်လာနာကို ထည့်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း မိုက်ကယ်အိုလီဗာက ငြင်းဆန်ခဲ့သည်ဟု ကလော့ပ်က ပြောကြားခဲ့သည်။

လယ်လာနာသည် ဝီလီယံဂိုးသွင်းယူပြီး (၄)မိနစ်အကြာ ပွဲချိန် (၈၉)မိနစ်တွင်မှ ကော်တင်ဟို၏နေရာတွင် လူစားထိုးပါဝင်ကစားခွင့်ရရှိခဲ့သည်။ က လော့ပ်က BT Sport သို့ "ကျွန်တော် အလွန်ပဲဒေါသထွက်ရပါတယ်။ ကျွန်တော်ဟာ အသင်းရဲ့ကစားကွက်ပုံစံကို ပြောင်းလဲချင်လို့ လယ်လာနာကို ထည့်သွင်းဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ဒိုင်လူကြီးက ကျွန်တော်တို့ရဲ့အခွင့်အရေးကို ငြင်းဆန်ခဲ့ပါတယ်။ သူ ဘာကိုတွေးနေသလဲတော့ ကျွန်တော်မသိပါဘူး။ ဒီအချိန်မှာ ပွဲကစားချိန်တိုင်း အရေးကြီးနေတာကို သူသိသင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

ယင်းပွဲတွင် (၁-၁)ဂိုးဖြင့် သရေကျခဲ့ခြင်းကြောင့် လီဗာပူးလ် နှင့် ချယ်လ်ဆီးအသင်းတို့မှာ နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲစုံ (၉)ပွဲတွင် (၅)ပွဲမြောက် ယင်းရလဒ်ဖြင့် သရေကျခြင်းဖြစ်ခဲ့သည်။

Most Read

Most Recent