အင်္ဂလန်အသင်းနှင့် ခြေစမ်းပွဲကို ဂျာမနီနောက်ခံလူ ဘိုတန်လွဲချော်မည်ဖြစ်ပြီး ကွင်းလယ်လူ တိုနီကရူးစ်လည်း ပါဝင်ရန် မသေချာ

အင်္ဂလန်အသင်းနှင့် ခြေစမ်းပွဲကို ဂျာမနီနောက်ခံလူ ဘိုတန်လွဲချော်မည်ဖြစ်ပြီး ကွင်းလယ်လူ တိုနီကရူးစ်လည်း ပါဝင်ရန် မသေချာ
Published 9 November 2017

၂၀၁၈ ကမ္ဘာ့ဖလားတွင် ဝတ်ဆင်မည့် ဂျာမနီအသင်းဝတ်စုံသစ်မိတ်ပွဲအခမ်းအနားတွင် တွေ့ရသည့် ဘိုတန် (ဝဲ-ဒု)
Photo: Zimbio

လာမည့်သောကြာနေ့၌ အင်္ဂလန်နိုင်ငံ၊ ဝင်ဘလေကွင်းတွင်ကစားမည့်
အင်္ဂလန်အသင်းနှင့် ခြေစမ်းပွဲကို ဂျာမနီနောက်ခံလူ ဘိုတန်လွဲချော်မည်ဖြစ်ပြီး
ကွင်းလယ်လူ တိုနီကရူးစ်လည်း ပါဝင်ရန် မသေချာကြောင်း သိရသည်။
အသက် (၂၉)နှစ်အရွယ် ဘိုတန်သည် ကြွက်သားဒဏ်ရာကြောင့်
အင်္ဂလန်အသင်းနှင့် လွဲချော်မည်ဖြစ်သော်လည်း အသင်းနှင့်အတူ ဆက်ရှိနေမည်ဖြစ်ပြီး
လာမည့်အင်္ဂါနေ့၌ ကစားမည့် ပြင်သစ်အသင်းနှင့် ခြေစမ်းပွဲတွင်
ပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း ဂျာမနီအသင်းက အတည်ပြုခဲ့သည်။

ကွင်းလယ်လူတိုနီကရူးစ်သည် အစာအိမ်ဝေဒနာခံစားနေရသဖြင့် ပါဝင်ရန်
မသေချာကြောင်း သိရသည်။ တိုနီကရူးစ်အပြင် ဂိုးသမား ထရက်ပ်မှာလည်း
ယင်းဝေဒနာ ခံစားနေရကြောင်း ဂျာမနီအသင်းက ကြေညာခဲ့သည်။
ဂျာမနီအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ထိပ်သီးအသင်းများနှင့်
ခြေစမ်းပွဲများကစားသွားရန် စီစဉ်ထားပြီး အင်္ဂလန်အသင်းနှင့်ပွဲပြီးနောက်
ပြင်သစ်၊ စပိန်၊ ဘရာဇီးလ်အသင်းများနှင့် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent