ခြေဖနောင့်ကြောတွင် လက်မောင်းအသားဖြင့် အစားထိုးခွဲစိတ်ကုသမှုခံယူခဲ့ရသည့် ကာဇိုလာ ခြေထောက်တစ်ဖက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရ

ခြေဖနောင့်ကြောတွင် လက်မောင်းအသားဖြင့် အစားထိုးခွဲစိတ်ကုသမှုခံယူခဲ့ရသည့် ကာဇိုလာ ခြေထောက်တစ်ဖက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရ
Published 4 November 2017

ခြေဖနောင့်ကြောတွင် လက်မောင်းအသားဖြင့် အစားထိုးခွဲစိတ်ကုသမှုခံယူခဲ့သည့်
အာဆင်နယ်ကွင်းလယ်လူ ကာဇိုလာက ခြေထောက်ဖြတ်ပစ်ရလုနီးပါးဖြစ်ခဲ့ရကြောင်း
သိရသည်။

ကာဇိုလာသည် ညာဘက် ခြေဖနောင့်ကြောဒဏ်ရာကြောင့် ပြီးခဲ့သည့်နှစ်၊
အောက်တိုဘာလကတည်းက အနားယူနေရပြီး ယင်းဒဏ်ရာကို (၈)ကြိမ်တိုင်
ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းကြောင့် ညာဘက် ခြေဖနောင့်ကျောရှိအရေပြား (၈)စင်တီမီတာ
ခန့် ဆုံးရှုံးခဲ့၍ လက်မောင်းအသားဖြင့် အစားထိုးခဲ့ရကြောင်းသိရသည်။ ၎င်းဒဏ်ရာကို
ခွဲစိတ်ကုသခဲ့သည့် ဆရာဝန်များအနေဖြင့် အဆိုပါခြေထောက်အား ဖြတ်တောက်ရန်
အထိ စဉ်းစားခဲ့ပြီး ကံကောင်းထောက်မ၍သာ ယင်းအဆင့်အထိ မဖြစ်ခဲ့ပေ။ ယခုအခါ
ကာဇိုလာသည် လမ်းပြန်လျှောက်နိုင်ပြီဖြစ်သလို လာမည့်နှစ်၊ ဇန်နဝါရီလအတွင်း
ဘောလုံးပြန်ကစားနိုင်မည့်အနေအထားရှိကြောင်းသိရသည်။

ကာဇိုလာသည် ၂၀၁၂ခုနှစ်အတွင်းက မာလာဂါမှ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ပြီး
ပရီးမီးယားလိဂ်တွင် ပွဲပေါင်း(၁၂၉)ပွဲအထိ ကစားခဲ့သလို FA ဖလား(၂)ကြိမ် ဆွတ်
ခူးခဲ့သည်။

REF:Daily Mail

Most Read

Most Recent