စီးရီးအေပွဲစဉ်များပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်များပွဲကြိုသုံးသပ်ချက်
Published 25 October 2017

 

Photo: AFP

 

■ အတ္တလန်တာ နှင့် ဗီရိုနာ (၂၅-၁၀-၂၀၁၇ ည ၁၁း၀၀ နာရီ)
ဗီရိုနာရဲ့ အဝေးကွင်းခြေစွမ်းက အထင်ကြီးစရာသိပ်မရှိ ဘူး။ ခံစစ်က ဂိုးပေးရနှုန်းလည်း မြင့်မားပါတယ်။ အတ္တလန်တာ က ပုံမှန်အတိုင်းဆို အိမ်ကွင်းမှာအမှားလုပ်လေ့မရှိဘူး။ တောင် ပံကစားသမား ဂိုးမက်ဇ်၊ ကွင်းလယ်တိုက်စစ်ကစားသမား အီ လီချစ်၊ တိုက်စစ်မှူး ပီတက်ဂ်နာတို့က ခြေစွမ်းပြဂိုးသွင်းနိုင်ပါ တယ်။ အတ္တလန်တာ အနိုင်သေချာပါတယ်။

■ ဘိုလော့ဂ်နာ နှင့် လာဇီယို (၂၆-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
လာဇီယိုက ဒီရာသီအဝေးကွင်း (၄)ပွဲဆက်နိုင်ထားပြီး အဝေးကွင်းနောက်ဆုံး (၉)ပွဲမှာ (၈)ပွဲအထိ အနည်းဆုံး(၂)ဂိုး သွင်းထားနိုင်ပါတယ်။ အဝေးကွင်းမှာ ဂျူဗင်တပ်စ်၊ အေစီမီလန် တို့ကို အနိုင်ရထားလို့ ဘိုလော့ဂ်နာကိုလည်း အသာစီးယူဖို့ မခက်ပါဘူး။ ဒါပေမဲ့ ဘိုလော့ဂ်နာရဲ့အိမ်ကွင်းမာဂုဏ်ကြောင့် လာဇီယို (၂)ဂိုးပြတ်နိုင်ဖို့ မလွယ်ပါဘူး။

■ ဖီအိုရင်တီးနား နှင့် တိုရီနို (၂၆-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
တိုရီနိုရဲ့ ပြဿနာက ခံစစ်က ဂိုးတွေပေးနေရတာပါပဲ။ တိုက်စစ်က ဂိုးရဖို့ ဘယ်လော့တီတစ်ဦးတည်းကို အားကိုးနေရ တာကနေ လယာယစ်၊ ဖယ်လ်ကေတို့က ဒီရာသီမှာ ဂိုးတွေပို သွင်းနေနိုင်တာတွေ့ရတယ်။ ဒီပွဲမှာလည်း ခံစစ်ကိုမပြင်ဆင်နိုင် သေးဘူးဆိုရင် တိုရီနို သရေထက်ပိုမရနိုင်ဘူး။

■ ရိုးမား နှင့် ခရိုတိုနီ (၂၆-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ဒီဖရဲလ်၊ ပက်ထရစ်ရှစ်ခ်တို့ ပြန်ကစားလာနိုင်လု့ိ ရိုးမား တိုက်စစ်စုဖွဲ့မှု ပိုမိုကောင်းမွန်လာပါလိမ့်မယ်။ ဒီပွဲမှာ ရိုးမား နည်းပြ ဒီဖရန်ဆက်စကို က ကစားသမားအပြောင်းအလဲတချို့ လုပ်သွားနိုင်ပေမယ့် ခရိုတိုနီဘက်ကို ဂိုးရဖို့မခက်နိုင်ပါဘူး။ ခရို တိုနီ အရှုံးပေးရဖို့ သေချာသလောက်ရှိနေပြီး ရိုးမား (၂)ဂိုးထက် ပိုပြတ်၊ မပြတ်ဘဲ စဉ်းစားရမယ်။

■ ကာဂလီယာရီ နှင့် ဘင်နီဗန်တို (၂၆-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
အိမ်ကွင်း(၄)ပွဲဆက် ရှုံးနိမ့်ထားမှုကို ဒီပွဲမှာ ကာဂလီယာ ရီ ရပ်တန့်နိုင်ဖို့ ကြိုးစားရပါမယ်။ တစ်ပွဲကို ပျမ်းမျှ (၂)ဂိုးလောက် ပေးနေရတဲ့ ဘင်နီဗန်တိုအနေနဲ့ ဒီပွဲမှာ တစ်မှတ်ရရှိဖို့ မျှော် လင့် နေနိုင်ပေမယ့် မာကိုဆူး၊ ယာအိုပတ်ဒရို၊ ပယ်ဗော့လက်တီတို့ လို ကစားသမားတွေနဲ့ ကာဂလီယာရီရဲ့ စုဖွဲ့မှုကို ထိန်းချုပ်နိုင် မယ်မထင်ဘူး။ ဘင်နီဗန်တိုက စီးရီအေမှာ စံချိန်တင် ပွဲတိုင်းရှုံး နေတဲ့အသင်းပါ။ အပြောင်းအလဲတစ်ခုအတွက် ရလဒ်ဆိုး တွေက ရုန်းထွက်ဖို့ ကြိုးစားမယ့် ကာဂလီယာရီပဲ အနိုင်ရသွားပါ လိမ့်မယ်။

■ ဆာဆူအိုလို နှင့် အူဒီးနီးစ် (၂၆-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
အူဒီးနီးစ်အသင်း အဝေးကွင်း (၈)ပွဲဆက် ရှုံးနိမ့်ထားပါ တယ်။ အဝေးကွင်းနောက်ဆုံး (၉)ပွဲမှာ အနည်းဆုံး(၂)ဂိုးပေးခဲ့ ရတာ (၈)ပွဲအထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လတ်တလောခြေစွမ်းနဲ့ ကစားသမားစုဖွဲ့မှုကို ကြည့်မယ်ဆိုရင် ဆာဆူအိုလိုထက် အူဒီး နီးစ် မညံ့ပါဘူး။ ဆာဆူအိုလို အိမ်ကွင်းမှာ နိုင်ပွဲရသင့်နေပေမယ့် အူဒီးနီးစ် တစ်မှတ် ရသွားနိုင်ပါတယ်။

■ ချီယေဗို နှင့် အေစီမီလန် (၂၆-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
အေစီမီလန်နည်းပြ မွန်တဲလားအတွက် သေရေးရှင်ရေး ပွဲပါပဲ။ ဒီပွဲမှာ ရလဒ်မကောင်းရင် ရာထူးကနေ ထုတ်ပယ်ခံရနိုင် တယ်လို့ သတင်းတွေထွက်နေပြီး ဒီအခြေအနေဆိုးက လွတ် မြောက်အောင် ရုန်းကန်သွားမယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အဝေးကွင်း(၃)ပွဲဆက်ရှုံးထားတဲ့ အေစီမီလန် ဒီပွဲမှာလည်း မလွယ်ပါဘူး။ သရေကျဖို့များပါတယ်။

■ ဂျီနိုအာ နှင့် နာပိုလီ (၂၆-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ပွဲကျပ်၊ ပွဲဆက်တွေကြားမှာ နာပိုလီရဲ့ ခြေစွမ်းယိမ်းယိုင် သွားမလားဆိုတာ စောင့်ကြည့်ရမယ်။ ခက်တာက အခုရင်ဆိုင် ရမယ့် ဂျီနိုအာက အိမ်ကွင်းမှာ နိုင်ပွဲမရသေးဘဲ (၃)ပွဲရှုံး၊ (၁)ပွဲ သရေကျထားပါတယ်။ တိုက်စစ်မှာ ကစားသမားကောင်းတချို့ ရှိပေမယ့် ဂျီနိုအာခံစစ်က နာပိုလီတိုက်စစ်ကို ထိန်းနိုင်မယ် မထင်ပါဘူး။ နာပိုလီ (၂)ဂိုးပြတ်၊ မပြတ်တော့ စဉ်းစားရမယ်။

■ ဂျူဗင်တပ်စ် နှင့် SPAL (၂၆-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
အိမ်ကွင်းနောက်ဆုံးပွဲမှာ လာဇီယိုကို ရှုံးနိမ့်ခဲ့လို့ ဒီပွဲမှာ ဂျူဗင်တပ်စ် ပြန်လည်ပေါက်ကွဲပြလိမ့်မယ်။ တစ်ခုစဉ်းစားရမှာ က ဒီရာသီမှာ ခံစစ်အသေကစားတတ်တဲ့အသင်းတွေနဲ့ဆို ဂျူ ဗင်တပ်စ်အသင်း ဂိုးရဖို့ ရုန်းကန်ရတာပါပဲ။ SPAL ကလည်း ဒီပွဲမှာ တစ်မှတ်တန်မျှော်လင့်ချက်အတွက် ခံစစ်အသေကစားပါ ဦးမယ်။ ဂျူဗင်တပ်စ် (၂)ဂိုးပြတ်လောက်ပဲနိုင်မယ်။

Most Read

Most Recent