တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအနီးတွင် လက်လုပ်သေနတ် ကိုင်ဆောင်သူများကို ဖမ်းဆီးရမိ

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအနီးတွင် လက်လုပ်သေနတ် ကိုင်ဆောင်သူများကို ဖမ်းဆီးရမိ
Published 15 October 2017

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအနီးတွင် လက်လုပ်သေနတ် ကိုင်ဆောင်လာသူများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင် မှုခင်းအကူအဖွဲ့မှ ရဲအုပ်ခင်မောင်အေး ဦးဆောင်သောအဖွဲ့မှာ အောက်တိုဘာ ၁၃ ရက်က မူးယစ်ဆေးဝါးရောင်းချသူများမှာ လက်နက်ကိုင်ဆောင်နေကြောင်း သတင်းအရ သိန်ခွန်းကျေးရွာအနီးတွင် သွားရောက်စောင့်ဆိုင်း ဖမ်းဆီးစဉ် ယခုကဲ့သို့  လက်လုပ်သေနတ်ကိုင်ဆောင်လာသူများကို ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲအုပ်ခင်မောင်အေး ဦးဆောင်သော အဖွဲ့မှာ သက်သေများနှင့်အတူ သိန်ခွန်းကျေးရွာမှ နှစ်မိုင်ခန့်အကွာအထက် ကွမ်းသီးတောအနီးတွင် စောင့်ဆိုင်းနေစဉ် ချောင်းလမုကျေးရွာမှ မြန်မာ-ထိုင်းနယ်စပ်မောတောင်ဘက်သို့ မောင်းနှင်နေသည့် Wave ခဲရောင် အမျိုးစား (ယာဉ်အမှတ် ၂၉ ယ/၅၈၆၆၈၅ ) အား ရပ်တန့်စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆိုင်ကယ်ကို ချောင်းမွန် ( ၅ ) ကျေးရွာ၊ ပြည်ကြီးမဏ္ဍိုင်မြို့မှ မျိုးသူ ( ၂၁ နှစ်) ( ဘ ) ဦးတင်ထွန်းမောင်းနှင်ပြီး အနောက်တွင် ရဲကို ( ခ) နောင်ဖြူ ( ၂၁ နှစ်) (ဘ) ဦးယုရှိန်၊ ချောင်းလမုကျေးရွာနေသူ လိုက်ပါလာကြောင်း သိရသည်။

ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မျိုးသူ လွယ်ထားသည့် သားရေအိတ်အတွင်းမှ အရှည် ရှစ်လက်မရှိပြီး သတ္တုဒင် သုံးလက်မ၊ သံပြောင်းအရှည် ငါးလက်မရှိသော လက်လုပ်သေနတ်နှင့် ပွိုင့် ၃၈ စပါယ်ရှယ ်ကျည် ဆုံတစ်တောင့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားမဝင် လက်လုပ်သေနတ်ကိုင်ဆောင်လာသူ မျိုးသူနှင့် ရဲကိုတို့အား မောတောင်နယ်မြေရဲစခန်းမှ (ပ) ၁၉ / ၂၀၁၇ ၊ လက်နက် ပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent