ချယ်လ်ဆီးနည်းပြ ကွန်တီ အလှည့်ကျစနစ် သုံးစွဲမည်

ချယ်လ်ဆီးနည်းပြ ကွန်တီ အလှည့်ကျစနစ် သုံးစွဲမည်
Published 12 September 2017

Photo: Action Images

ချယ်လ်ဆီးနည်းပြ ကွန်တီက ပွဲများဆက်တိုက်ယှဉ်ပြိုင်ကစားရမည့်အခြေအနေရှိနေသည့်အတွက် အလှည့်ကျလူထုတ်သည့်စနစ်ကို အသုံးပြုသွားမည်ဖြစ်ပြီး
ကာရာဘတ်နှင့် ချန် ပီယံလိဂ်ပွဲတွင် အပြောင်းအလဲများပြုလုပ်သွားဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ကွန်တီက ''ကျွန်တော်တို့ အလှည့်ကျစနစ် အသုံးပြုဖို့ လိုနေပါပြီ။ ချန်ပီယံလိဂ်ပွဲပြီးရင် အာဆင်နယ်နဲ့ ကစားရဖို့လည်းရှိနေပါတယ်။ စွန့်စားရမယ့်အခြေအနေဆိုပေမယ့် ကျွန်တော့်ကစားသမားတွေ ကို ယုံကြည်ပါတယ်''
ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းအပါအဝင် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းများသည် ယခုလအတွင်း ပရီးမီးယားလိဂ်အပါအဝင် ဥရောပပွဲများ၊ ပြည်တွင်းဖလားပွဲများကို ဆက်တိုက်ယှဉ်ပြိုင်ကစားရရန်ရှိနေသည်။

 

 

 

Most Read

Most Recent