ပိုက်ကျော်ခြင်းအသင်း ရွှေ(၁)၊ ကြေး(၁)ခု ထပ်ရပြီး ဆီးဂိမ်းစ်တွင် ရွှေ(၂)ခု၊ ငွေ(၂)ခု၊ ကြေး(၁)ခု ဆွတ်ခူးရရှိခဲ့

 

Photo -ညီညီစိုးညွန့်

မြန်မာပိုက်ကျော်ခြင်းအသင်းသည် သြဂုတ်(၂၇)ရက်ကယှဉ်ပြိုင်ကစားခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေ(၁)ခု၊ ကြေး(၁)ခု ထပ်မံဆွတ်ခူးရရှိပြီး ပြိုင်ပွဲအားလုံးအပြီးတွင် ရွှေ(၂)ခု၊ ငွေ(၂)ခု၊ ကြေး (၁)ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ဆီးဂိမ်းစ်ပိုက်ကျော်ခြင်းပြိုင် ပွဲမှာ သြဂုတ် (၂၉)ရက်တွင် ပြီးဆုံးမည်ဖြစ်သော်လည်း မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲအမျိုးအစားများမှာ သြဂုတ်(၂၇) ရက်တွင် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းအတွက် ဒုတိယမြောက်ရွှေဆုကို အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် နာမည်ကြီးထိုင်းအသင်းပါဝင်လာခြင်းမရှိသောကြောင့် မြန်မာအသင်းသည် ပြိုင်ဘက်များကို အလွယ်တကူဖြတ်ကျော်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများတွင် ဖိလစ် ပိုင်ကို (၂-၁)ပွဲ၊ လာအိုကို (၂-၀) ပွဲ၊ အိမ်ရှင်မလေးရှားကို (၂-၀) ပွဲ၊ ကမ္ဘောဒီးယားကို (၂-၀)ပွဲတို့ဖြင့် (၄)ပွဲစလုံးအနိုင်ယူကာ ဗိုလ်စွဲခဲ့ ခြင်းဖြစ်သည်။ ရွှေတံဆိပ်ဆုရယူပေးခဲ့သည့် မြန်မာနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းအသင်းတွင် အောင်မျိုးဆွေ၊ ဇော်ဇော်အောင်နှင့် သန့် ဇင်ဦးတို့ ပါဝင်ကြသည်။ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးအသင်းသည် အုပ်စု (ခ) တွင် ပါဝင်ခဲ့ပြီး ဖိလစ်ပိုင်နှင့် မလေးရှားတို့ကို (၂)ပွဲပြတ်စီဖြင့် အနိုင်ရခဲ့သော်လည်း ဆီမီးဖိုင်နယ် တွင် ဗီယက်နမ်အသင်းကို မထင်မှတ်ဘဲ (၂)ပွဲပြတ်ဖြင့် အရေးနိမ့်ခဲ့ သောကြောင့် ဗိုလ်လုပွဲနှင့်လွဲချော်ကာ ပူးတွဲကြေးတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

နှစ်ယောက်တွဲအမျိုးသားပြိုင်ပွဲတွင် ပထမ-မြန်မာ၊ ဒုတိယ-မလေးရှား၊ ပူးတွဲတတိယ-လာအိုနှင့် ဖိလစ်ပိုင်၊ အမျိုးသမီး ပြိုင်ပွဲတွင် ပထမ-ထိုင်း၊ ဒုတိယ-ဗီယက်နမ်၊ ပူးတွဲတတိယ-မြန်မာ နှင့် မလေးရှားအသင်းတို့က ရရှိကြသည်။ မြန်မာပိုက်ကျော်ခြင်း အသင်းသည် ယခုပြိုင်ပွဲတွင် ဆုတံဆိပ်(၅) ခုရယူနိုင်ခဲ့ပြီး ရွှေတံဆိပ် ဆုများကို အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက် တွဲပြိုင်ပွဲ၊ ငွေတံဆိပ်(၂)ခုကို အမျိုးသားလေးယောက်တွဲပြိုင်ပွဲ၊ အမျိုး သား(၂)ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ၊ ကြေးတံဆိပ်(၁)ခုကို အမျိုး သမီးနှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ယှဉ်ပြိုင်ခွင့်ရသည့်ပြိုင်ပွဲအမျိုးအစား(၅)မျိုးစလုံးတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပိုက်ကျော် ခြင်းပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲဖြစ်သော သုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ ယင်းပြိုင်ပွဲကို သြ ဂုတ် (၂၉)ရက် (ယနေ့) ထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ှဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ သွင်းဂိုးအများဆုံးစာရင်းတွင် သုံးဦး ပူးတွဲဦးဆောင်

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအပြီးတွင် သွင်းဂိုးအများဆုံး စာရင်း၌ ကစားသမားသုံးဦးက ပူးတွဲဦးဆောင်နေကြောင်း သိရသည်။

မြန်မာအသင်းတိုက် စစ်မှူး အောင်သူအပါအ၀င် ဗီယက်နမ်တိုက်စစ်မှူး ငုယင်ကောင်ဖောင်၊ မလေးရှားတိုက်စစ် မှူး  သာနာဘာလန်တို့မှာ သွင်းဂိုးလေးဂိုးစီဖြင့် ဦးဆောင်နေခြင်းဖြစ်သည်။

ယင်းကစားသမား များအနက် ငုယင်ကောင်ဖောင်မှာ ဗီယက်နမ်အသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရသောကြောင့် မျှော်လင့်ချက်မရှိတော့ဘဲ တစ်ပွဲစီကစားရန်ကျန်သေးသည့် အောင်သူနှင့် သာနာဘာလန် တို့မှာ အခွင့်အရေးရှိနေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖွဲ့တွင် ဦးကြည်လွင် ဆက်ရှိရန် မသေချာ

 

Photo – ညီညီစိုးညွန့်

မြန်မာ့လက်ရွေးစင်အသင်းနှင့် ယူ-၂၂ အသင်း လက် ထောက်နည်းပြ ဦးကြည်လွင်သည် မြန်မာ့လက်ရွေးစင် အသင်းနည်းပြအဖွဲ့တွင် ဆက်ရှိနေရန် မသေချာတော့ ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ယူ-၂၂ အသင်း လက် ထောက်နည်းပြ ဦးကြည်လွင်သည် မြန်မာ့လက်ရွေးစင် အသင်းနည်းပြအဖွဲ့တွင် ဆက်ရှိနေရန် မသေချာတော့ ကြောင်း သိရသည်။ မြန်မာ ယူ-၂၂ အသင်းသည် သြဂုတ် ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်ပွဲတွင် ထိုင်း ကို အရေးနိမ့်ခဲ့သောကြောင့် ယင်းပွဲအပြီးတွင် လက်ရွေးစင် အသင်း နည်းပြအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်တော့မည်ဖြစ် ကြောင်း ၎င်းင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ သော်လည်း သြဂုတ် ၂၇ ရက်တွင် ပြန်ဖျက်သွားခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ MFF တာဝန်ရှိသူ တစ်ဦးက”လောလောဆယ် တတိယနေရာလုပွဲ ကစားရှိ သေးတာကြောင့် ဒီကိစ္စကို ညှိနှိုင်းဦးမှာ မဟုတ်ပါဘူး။ ဆီး ဂိမ်းစ်ပြိုင်ပွဲပြီးမှသာ ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ပြောကြားခဲ့သည်။ ဦးကြည်လွင်သည် ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲ တွင် မြန်မာ ယူ-၂၃ အသင်းအား မထင်မှတ်သည့်စွမ်းဆောင် မှုများနှင့်အတူ ငွေတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ ပြီး ယင်းပြိုင်ပွဲအပြီးတွင် ဂတ်ဖရိုင်းဒရစ်၏ မြန်မာ့လက်ရွေး စင်အသင်းနည်းပြအဖွဲ့တွင် လက်ထောက်နည်းပြအဖြစ် ပါဝင်ခဲ့သလို မြန်မာ ယူ-၂၂ အသင်း လက်ထောက်နည်းပြ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် MFF သည် မြန်မာ့လက်ရွေးစင်အသင်းအပါ အ၀င် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ ကို ကိုင်တွယ်နေသည့် နည်းပြများ၏ အနာဂတ်အား ပြန် လည်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။

နည်းပြ ဂတ်ဖရိုင်းဒရစ်ကို လတ်တလောထုတ်ပယ်ရန် အစီအစဉ်မရှိသေးကြောင်း MFF အတည်ပြု

 

Photo – ညီညီစိုးညွန့်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် လက်ရှိဝင်ရောက်ယှဉ်ပြိုင်နေသည့်  ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိ ခဲ့သည့် ဂျာမန်လူမျိုးနည်းပြ ဂတ်ဖရိုင်းဒရစ် ကို လတ်တလောထုတ်ပယ်ရန် အစီအစဉ် မရှိသေးကြောင်း အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် လက်ရှိဝင်ရောက်ယှဉ်ပြိုင်နေသည့်  ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ် လုပွဲရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိ ခဲ့သည့် ဂျာမန်လူမျိုးနည်းပြ ဂတ်ဖရိုင်းဒရစ် ကို လတ်တလောထုတ်ပယ်ရန် အစီအစဉ် မရှိသေးကြောင်း အတည်ပြုခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် သြဂုတ် ၂၆ ရက်က ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် ထိုင်း ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့် ဂိုးဖြင့် အရေးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ လတ်တလော သူ့ကို (ဂတ်ဖရိုင်းဒရစ်) ကို ထုတ်ပယ်ဖို့ အစီ အစဉ်မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ပွဲကမပြီးဆုံးသေးဘဲ တတိယနေရာလုပွဲ ကစားဖို့ရှိပါသေးတယ်။ ပြီးတော့ စက်တင် ဘာ ၅ ရက်မှာ ကာဂျစ္စတန်အသင်းနဲ့ အာရှ ဖလား တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရဦး မှာပါ။ ဒါကြောင့် သူ့ကို လတ်တလောထုတ် ပယ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ကာဂျစ္စတန် အသင်းနဲ့ပွဲပြီးရင်တော့ စဉ်းစားဆောင်ရွက် သွားမှာပါ။ သူကို လတ်တလောထုတ်ပယ်ဖို့ အစီအစဉ်မရှိသေးပါဘူး”ဟု MFF တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ဂတ်ဖရိုင်း ဒရစ်သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြ အဖြစ် ၂၀၁၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ စွမ်းဆောင်မှု နှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။ MFF သည် မူလက ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနည်းပြ ချုပ်အဖြစ် ဦးကြည်လွင်အား တာဝန်ပေးရန် စီစဉ်ခဲ့သော်လည်း ပြိုင်ပွဲနီးမှ ပြောင်းလဲကာ လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်း ဒရစ်အား ပြောင်းလဲတာဝန်ပေးခဲ့ခြင်းဖြစ် သည်။

ဂတ်ဖရိုင်းဒရစ်သည် မြန်မာ ယူ-၁၉ အသင်းအား ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ သော်လည်း ၎င်းကိုင်တွယ်ခဲ့သည့် အသင်း များအား အဓိကပြိုင်ပွဲများတွင် ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။ မြန်မာ ယူ-၂၂ အသင်းသည် ဗိုလ်လုပွဲ နှင့် လွဲချော်ခဲ့သောကြောင့် သြဂုတ် ၂၉ ရက် တွင် အင်ဒိုနီးရှားအသင်းနှင့် တတိယနေရာ လုပွဲ ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၅ ဆီးဂိမ်းစ်တွင် ငွေဆုရရှိထားသည်။

အိုလံပစ်ချန်ပီယံ စကူးလင်း ဆီးဂိမ်းစ်၌ယှဉ်ပြိုင်သည့်ပြိုင်ပွဲအားလုံး ရွှေတံဆိပ်ရရှိ

photo – Globe

ရီယိုအိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် နာမည်ကြီး စင်ကာပူရေကူးသမား ဂျိုးဆက် စကူးလင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ် ပြိုင်သည့်ခြောက်ပွဲစလုံး ရွှေတံဆိပ်ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ရီယိုအိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် နာမည်ကြီး စင်ကာပူရေကူးသမား ဂျိုးဆက် စကူးလင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ် ပြိုင်သည့်ခြောက်ပွဲစလုံး ရွှေတံဆိပ်ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။ အသက် ၂၂ နှစ်အရွယ်ရှိ စကူးလင်း သည် မီတာ ၁၀၀ စိတ်ကြိုက်ကူး၊ မီတာ ၅၀ လိပ်ပြာကူး၊ မီတာ ၁၀၀ လိပ်ပြာကူး၊ (၄_၁၀၀) မီတာ စိတ်ကြိုက်ကူး၊ (၄_၂၀၀) မီတာ စိတ် ကြိုက်ကူးနှင့် (၄_၁၀၀) မီတာ အလွတ်ကူး ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ အားလုံး၌ ရွှေတံဆိပ်ရယူနိုင်ခဲ့သလို မီတာ ၅၀ နှင့် မီတာ ၁၀၀ လိပ်ပြာကူး၊ (၄_၁၀၀) မီတာ စိတ်ကြိုက်ကူးနှင့် အလွတ်ကူးပြိုင်ပွဲ များ၌ ဆီးဂိမ်းစ်ပြိုင်ပွဲ စံချိန်သစ်များရေးထိုး နိုင်ခဲ့ကြောင်း သိရသည်။

စကူးလင်းသည် ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်ပြိုင်ပွဲ မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲတွင် အမေရိကန်ဂန္ထ၀င် ကစားသမား မိုက်ကယ်ဖဲလ်ကိုကျော်ဖြတ်၍ ရွှေတံဆိပ်ရယူနိုင်ခဲ့သူဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ  လေးကြိမ်တွင် ရွှေတံဆိပ် ၂၃ ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုရရှိထားသည်။

ရိုးရာအားကစားနည်းများအား ဖယ်ရှားရန် အစီအစဉ်မရှိဟု ဆီးဂိမ်းစ်ဥက္ကဋ္ဌ ဆို

 

Photo – Malay Mail Online

ဆီးဂိမ်းစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ တန်ကူ အင်ရန်က ဒေသတွင်း၌ လူကြိုက်များထင်ရှား သည့် ရိုးရာအားကစားနည်းများအား ဆီးဂိမ်းစ် ပြိုင်ပွဲမှ ဖယ်ရှားပစ်ရန် အစီအစဉ်မရှိကြောင်း ပြောကြားသည်။

ဆီးဂိမ်းစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ တန်ကူ အင်ရန်က ဒေသတွင်း၌ လူကြိုက်များထင်ရှား သည့် ရိုးရာအားကစားနည်းများအား ဆီးဂိမ်းစ် ပြိုင်ပွဲမှ ဖယ်ရှားပစ်ရန် အစီအစဉ်မရှိကြောင်း ပြောကြားသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် အိုလံပစ်အား ကစားနည်းပါဝင်မှုနှင့် အိုလံပစ်ပြိုင်ပွဲ၌ ဆု တံဆိပ်ရရှိဖူးသူများ ပါဝင်ယှဉ်ပြိုင်မှုနည်းပါး ပြီး အိမ်ရှင်နိုင်ငံများက မိမိတို့အားသာချက် ရှိသည့် အားကစားနည်းများအား ထည့်သွင်း ကျင်းပလေ့ရှိသည်။

ထို့ကြောင့် နိုင်ငံအချို့၏ ဝေဖန်မှုများရှိနေသော်လည်း အနာဂတ်ပြိုင်ပွဲ များတွင် ရိုးရာအားကစားနည်းများဖယ်ရှား ရန် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်၍ တန်ကူ အင်ရန်က ”အိုလံပစ်အားကစားနည်းဆိုတာ တော်တော်အရေးကြီးပါတယ်။ ဒါပေမဲ့ တချို့ နိုင်ငံတွေမှာ များစွာသော အိုလံပစ်အားကစား နည်းတွေအတွက် အခြေခံအဆောက်အအုံ တွေမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အရှေ့ တောင်အာရှဒေသတွင်းမှာ အိုလံပစ်အား ကစားနည်းတွေကျင်းပနိုင်ဖို့ ဆောင်ရွက်သွား မှာပါ။ ဒါပေမဲ့ ပိုက်ကျော်ခြင်းလို ဒေသတွင်း မှာ လူကြိုက်အရမ်းများတဲ့ အားကစားနည်း တွေလည်း ဆက်ကျင်းပမှာပါ” ဟု ဆိုသည်။

ဘိလိယက်/စနူကာပြိုင်ပွဲအပြီးတွင် မြန်မာအားကစားအဖွဲ့ ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်သုံးခုရရှိ

Photo – ညီညီစိုးညွန့်

ဘိလိယက်/စနူကာအားကစားနည်း ၏ နောက်ဆုံးနေ့ပွဲစဉ်များကို သြဂုတ် ၂၇ ရက်တွင် ကျင်းပရာ စနူကာတစ်ဦးချင်းပြိုင်ပွဲ တွင် မြန်မာကစားသမား ကိုထက် ပူးတွဲကြေး တံဆိပ်ရရှိခဲ့ကြောင်း သိရသည်။

ဘိလိယက်/စနူကာအားကစားနည်း ၏ နောက်ဆုံးနေ့ပွဲစဉ်များကို သြဂုတ် ၂၇ ရက်တွင် ကျင်းပရာ စနူကာတစ်ဦးချင်းပြိုင်ပွဲ တွင် မြန်မာကစားသမား ကိုထက် ပူးတွဲကြေး တံဆိပ်ရရှိခဲ့ကြောင်း သိရသည်။ နောက်ဆုံးနေ့ကျင်းပသည့် ပွဲစဉ်သုံးပွဲ အနက် ကိုထက်တစ်ဦးတည်းသာ အမျိုးသား စနူကာတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တက် ရောက်နိုင်သဖြင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ကိုထက်သည် ဆီမီးဖိုင်နယ်တွင် လာအိုကစား သမားနှင့်ဆုံတွေ့ခဲ့ပြီး လေးပွဲပြတ် ရှုံးနိမ့်ကာ ပူးတွဲကြေးတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဘိလိယက်/စနူကာပွဲစဉ်အားလုံး ကျင်းပပြီးစီး သွားပြီဖြစ်ပြီး မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ်ရယူနိုင်ခြင်းမရှိဘဲ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ်သုံးခုသာရရှိခဲ့သည်။

ငွေတံဆိပ်ဆုများကို ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲတွင် ချစ်ကိုကို၊ ဘိလိယက်နှစ်ယောက် တွဲပြိုင်ပွဲတွင် အောင်ဌေးနှင့် မင်းစည်သူထွန်း၊ 9-Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် မောင် မောင်နှင့် အောင်မိုးသူ၊ ကြေးတံဆိပ်ဆုများကို ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် နေသွေးဦး၊ စနူကာတစ်ဦးချင်းပြိုင်ပွဲတွင် ကိုထက်၊ စနူ ကာနှစ်ယောက်တွဲပြိုင်ပွဲတွင် အောင်ဖြိုးနှင့် ကိုထက်အတွဲက ရယူပေးခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်ကို Golden Score ဖြင့်ရှုံးနိမ့်ခဲ့သော အေးအေးအောင်ဂျူဒိုပြိုင်ပွဲတွင် ရွှေဆုနှင့်လွဲချော်

photo – ညီညီစိုးညွန့်

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော ဆီးဂိမ်းပြိုင်ပွဲ၏ ဂျူဒိုပြိုင်ပွဲတွင် မြန်မာ ဂျူဒိုအားကစားမယ် အေးအေးအောင်သည်ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့သော်လည်း ဗီယက်နမ်ကို Golden Score ဖြင့်ရှုံးနိမ့်ခဲ့သောကြောင့် ရွှေတံဆိပ်ဆုနှင့်လွဲချော်ကာ ငွေတံဆိပ်ဆုသာရရှိခဲ့ကြောင်းသိရသည်။

အေးအေးအောင် သည် ဗီယက်နမ် ကစားသမားနှင့် ပွဲကစားချိန်(၄)မိနစ်ပြီးဆုံးချိန်အထိ (၀-၀)မှတ်ဖြင့်ကစားနိုင်ခဲ့ပြီး Golden Score ရမှတ်(၁-၀)ဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ အသင်းအားသာသောဂျူဒိုအားကစားပြိုင်ပွဲမှ ၀ိတ်တန်းအကြီးများမပါတော့ဘဲ အိမ်ရှင်ကစားသမားများအားသာချက်ရှိသော ၀ိတ်တန်းအငယ်များသာ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

အမျိုးသားနှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်ဆွတ်ခူး

photo – ညီညီစိုးညွန့်

မလေးရှားဆီးဂိမ်းပြိုင်ပွဲ အမျိုးသားနှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်းက ရွှေတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ်ကမ္ဘောဒီယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ပွဲပြတ်ဖြင့်အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်းကို ရမှတ်(၂၁-၁၀)(၂၁-၉)မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရွှေဆုမျှော်မှန်းနိုင်သည့် အေးအေးအောင်ပွဲစဉ် သြဂုတ် ၂၇ ရက် ညနေပိုင်းတွင် ကျင်းပမည်

 

လက်ရှိဝင်ရောက်ယှဉ်ပြိုင်နေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဂျူဒိုအဖွဲ့ ရွှေဆု မျှော်မှန်းနိုင်သည့် ဂျူဒိုလက်ရွေးစင်အားကစားမယ် အေးအေးအောင်၏ပွဲစဉ်ကို သြဂုတ် ၂၇ ရက် ညနေပိုင်းတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အေးအေးအောင်သည် ပထမအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ဖိလစ်ပိုင်ကစားသမားနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အေးအေးအောင်သည် ယင်းအဆင့်တွင် အနိုင်ရခဲ့ပါက အင်ဒိုနီးရှားကစားသမားနှင့် ဆီမီးဖိုင်နယ်တွင် ကစားရမည်ဖြစ်ပြီး ရွှေဆုအတွက် အဓိကယှဉ်ပြိုင်ရမည့် ဗီယက်နမ် ကစားသမားနှင့် ဗိုလ်လုပွဲမှ တွေ့ဆုံဖွယ်ရှိသည်။

အေးအေးအောင်သည် ရွှေဆုအတွက် ဗီယက်နမ်ကစားသမားနှင့် နှစ်စဉ် ယှဉ်ပြိုင်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဗီယက်နမ်ကစားသမားကို ရှုံးနိမ့်ကာ ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဂျူဒိုလက်ရွေးစင် အေးအေးအောင် ပြိုင်ပွဲမတိုင်မီ လေ့ကျင့်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

အေးအေးအောင်သည် ယင်းပြိုင်ပွဲတွင် ဒဏ်ရာအခြေအနေကြောင့် ရွှေတံဆိပ်ဆုနှင့်လွဲချော်ခဲ့ပြီး ယခုနှစ်တွင် ရွှေဆုပြန်လည်ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အေးအေးအောင်သည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ၂၀၀၇၊ ၂၀၁၁ နှင့် ၂၀၁၃ ခုနှစ်တို့၌ ရွှေတံဆိပ်များ ရယူနိုင်ခဲ့ကြောင်း သိရသည်။