အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့်အနိမ့်ဆုံး နေရာတွင် မြန်မာနိုင်ငံ သုံးလဆက်တိုက် ရောက်ရှိနေပြီး ငွေကြေးဖောင်းပွမှု အပြင်းထန်ဆုံး အခြေအနေ ဆက်ကြုံနေရကာ ကျပ်ငွေအပေါ် ဖိစီးမှုတိုးလာ

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုကုန်ထုတ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၁၈ ခုနှစ် စက်တင်ဘာလ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း PMI (Manufacturing Purchasing Manager’s Index – ၀ယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) တွင် အဆင့်အနိမ့်ဆုံး နေရာတွင် မြန်မာနိုင်ငံ သုံးလဆက်တိုက် ရောက်ရှိနေပြီး ငွေကြေးဖောင်းပွမှု အပြင်းထန်ဆုံး အခြေအနေ ဆက်လက်တွေ့ကြုံနေရကာ ကျပ်ငွေအပေါ် ဖိစီးမှုများ တိုးလာကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော HIS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

၂၀၁၈ ခုနှစ် သြဂုတ်လ အာဆီယံထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် ဖိလစ်ပိုင်နိုင်ငံက ၅၂၊ မလေးရှားနိုင်ငံက ၅၁ ဒသမ ၅၊ ဗီယက်နမ်နိုင်ငံက ၅၁ ဒသမ ၅၊ အင်ဒိုနီးရှားနိုင်ငံ က ၅၀ ဒသမ ၇၊ ထိုင်းနိုင်ငံက ၅၀၊ စင်ကာပူနိုင်ငံက ၄၈၊  မြန်မာနိုင်ငံက  ၄၇ ဒသမ ၅ ရရှိခဲ့ပြီး စစ်တမ်းကောက်ယူသည့် အာဆီယံနိုင်ငံ ခုနစ်နိုင်ငံတွင် မြန်မာနိုင်ငံက အောက်ဆုံးသို့ သုံးလဆက်တိုက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်၊ ဧပြီ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေး အရှိန်ပျော့လာခြင်းကြောင့် မေတွင် အဆင့်လေး၊ ဇွန်တွင် အဆင့်ခြောက်၊ ဇူလိုင်လမှစတင်ကာ စက်တင်ဘာလအထိ အဆင့်ခုနစ်နေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ယခုစစ်တမ်းတွင် ပါဝင်သော နိုင်ငံပေါင်း ခုနစ်နိုင်ငံအနက် နှစ်နိုင်ငံမှာ စက်တင်ဘာလအတွင်း ကုန်ထုတ်လုပ်ရေး အခြေအနေများ တိုးတက်လာသော်လည်း မြန်မာအပါအ၀င် ငါးနိုင်ငံမှာ ကုန်ထုတ်လုပ်ရေးကဏ္ဍ အခြေအနေများ ကျဆင်းလာကြောင်း အချက်ပြနေသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း ငွေကြေးတန်ဖိုး သိသိသာသာ လျော့ကျနေသည့်အပြင် အပြင်းထန်ဆုံး ငွေကြေးဖောင်းပွမှုကို မြင်တွေ့နေရသည်။

စက်တင်ဘာလတွင် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေများ ဆက်လက် ကျဆင်းနေခြင်းကို အချက်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု အပြင်းထန်ဆုံး အခြေအနေကို ဆက်လက်ကြုံတွေ့ နေရစဉ် ကျပ်ငွေအပေါ် ဖိစီးမှုများ တိုးလာနေခြင်းကြောင့် စစ်တမ်းအတွင်း အမြင့်ဆုံး ဖြစ်လာဖွယ် ရှိနေသည်။

မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ရေးလုပ်ငန်း အခြေအနေများမှာ စက်တင်ဘာလအတွင်း ဆက်လက် ဆုတ်ယုတ်လာခဲ့ပြီး ထုတ်လုပ်မှု အော်ဒါသစ် မှာယူများနှင့် အလုပ်နေရာ အားလုံးတို့ထဲတွင် လစဉ်ကျဆင်း လာခဲ့သည်။ ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့် တက်လာခြင်းသည် နောက်ဆုံး ကုန်ထုတ်လုပ်ရေးကဏ္ဍ စွမ်းဆောင်မှု အရှိန်ကျလာခြင်း၏ အဓိကအချက်ဖြစ်ပြီး စက်တင်ဘာ စစ်တမ်းက သွင်းကုန်များ၏ ဈေးနှုန်းများ သိသိသာသာ စံချိန်တင် တက်လာကြောင်း တွေ့ရသည်။ ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်မှုနှုန်း နိမ့်ကျလာမှုများကြောင့် ငွေကြေးဖောင်းပွမှုကို ဖြစ်စေခဲ့ကြောင်း မှတ်တမ်းများက ညွှန်ပြခဲ့သည်။

စက်တင်ဘာလအတွက် နစ်ကေးမြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်း ကိန်း ၄၇ ဒသမ ၅ ရှိခဲ့ပြီး သြဂုတ်လ အနိမ့်ဆုံးအမှတ် ၄၆ ဒသမ ၄ ထက် တိုးတက်လာခဲ့သော်လည်း ကဏ္ဍတစ်ရပ်လုံး၏ စီးပွားရေး အခြေအနေမှာ သိသိသာသာ ဆိုးဝါးနေကြောင်း ဆက်လက် အချက်ပြနေဆဲဖြစ်သည်။

စက်တင်ဘာစစ်တမ်း၏ ထူးခြားချက်မှာ ထုတ်လုပ်ရေး သွင်းကုန်ဈေးနှုန်းများ တသီတတန်း စံချိန်သစ် မြင့်တက်လာခြင်းဖြစ်သည်။ စစ်တမ်းတွင် ပါဝင်ဖြေကြားသူ ၇၁ ရာခိုင်နှုန်းကျော်က သွင်းကုန်ဝယ်ဈေးများ  မြင့်တက်လာခြင်းကို အချက်ပြခဲ့ပြီး အစီရင်ခံစာ အများစုတွင် အထူးသဖြင့် ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်မှုနှုန်း နိမ့်ကျလာနေခြင်းမှာ သွင်းကုန်များ၏ ဈေးနှုန်းကို မြင့်တက်စေခဲ့သည်ဟု ဖော်ပြကြသည်။ တန်ပြန်အနေဖြင့် ထုတ်ကုန်ရောင်းဈေးများကို စစ်တမ်းသမိုင်းတစ်လျှောက် အမြန်ဆုံးနှုန်းဖြင့် တိုးမြှင့်ခဲ့ကြသည်။

ထုတ်လုပ်ရေးသွင်းကုန် ဈေးနှုန်းများ စံချိန်သစ်မြင့်တက်ခြင်းကြောင့် မြန်မာ့စက်မှုကုန်ထုတ် လုပ်ငန်းများ၏ ထုတ်ကုန်ရောင်းဈေးကို အမြန်ဆုံးနှုန်းဖြင့် တိုးမြှင့်ခဲ့ပြီး လုပ်ငန်းအချို့ ကုန်ကျစရိတ် လျော့ကျရန် ၀န်ထမ်းဦးရေ သုံးလဆက်တိုက်လျှော့ချ

ရန်ကုန်မြို့ရှိ စက်မှုကုန်ထုတ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ထုတ်လုပ်ရေးသွင်းကုန် ဈေးနှုန်းများ စံချိန်သစ် မြင့်တက်လာခြင်းကြောင့် မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ ထုတ်ကုန်ရောင်းဈေးကို အမြန်ဆုံးနှုန်းဖြင့် တိုးမြှင့်ခဲ့ပြီး လုပ်ငန်းအချို့ ကုန်ကျစရိတ်လျော့ကျနိုင်ရန် ၀န်ထမ်းဦးရေ သုံးလဆက်တိုက် လျှော့ချခဲ့ကြောင်း ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index – ၀ယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ရေး လုပ်ငန်းအခြေအနေများမှာ စက်တင်ဘာလအတွင်း ဆက်လက် ဆုတ်ယုတ်လာခဲ့ပြီး ထုတ်လုပ်မှုအော်ဒါသစ် မှာယူမှုများနှင့် အလုပ်နေရာ အားလုံးတို့ထဲတွင် လစဉ်ကျဆင်း လာခဲ့သည်။ ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်လာခြင်းသည် နောက်ဆုံးကုန်ထုတ်လုပ်ရေးကဏ္ဍ စွမ်းဆောင်မှု အရှိန်ကျလာခြင်း၏ အဓိကအချက်ဖြစ်ပြီး စက်တင်ဘာ စစ်တမ်းက သွင်းကုန်များ၏ ဈေးနှုန်းများ သိသိသာသာ စံချိန်တင် တက်လာကြောင်း တွေ့ရသည်။ ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်မှုနှုန်း နိမ့်ကျလာမှုများကြောင့် ငွေကြေးဖောင်းပွမှုကို ဖြစ်စေခဲ့ကြောင်း မှတ်တမ်းများက ညွှန်ပြခဲ့သည်။

စက်တင်ဘာလအတွက် နစ်ကေးမြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း ၄၇ ဒသမ ၅ ရှိခဲ့ပြီး သြဂုတ်လ အနိမ့်ဆုံးအမှတ် ၄၆ ဒသမ ၄ ထက် တိုးတက်လာခဲ့သော်လည်း ကဏ္ဍတစ်ရပ်လုံး၏ စီးပွားရေး အခြေအနေမှာ သိသိသာသာ ဆိုးရွားနေကြောင်း ဆက်လက်အချက်ပြ နေဆဲဖြစ်သည်။

စက်တင်ဘာစစ်တမ်း၏ ထူးခြားချက်မှာ ထုတ်လုပ်ရေး သွင်းကုန်ဈေးနှုန်းများ တသီတတန်း စံချိန်သစ် မြင့်တက်လာခြင်းဖြစ်သည်။ စစ်တမ်းတွင်ပါဝင်ဖြေကြားသူ ၇၁ ရာခိုင်နှုန်းကျော်က သွင်းကုန်ဝယ်ဈေးများ  မြင့်တက်လာခြင်းကို အချက်ပြခဲ့ပြီး အစီရင် ခံစာအများစုတွင် အထူးသဖြင့် ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်မှုနှုန်း နိမ့်ကျလာနေခြင်းမှာ  သွင်းကုန်များ၏ ဈေးနှုန်းကို မြင့်တက်စေခဲ့ သည်ဟု ဖော်ပြကြသည်။ တန်ပြန်အနေဖြင့် ထုတ်ကုန်ရောင်းဈေးများကို စစ်တမ်းသမိုင်း တစ်လျှောက်အမြန်ဆုံးနှုန်းဖြင့် တိုးမြှင့်ခဲ့ကြသည်။

ပါဝင်ဖြေကြားသူ အများအပြားက ယေဘုယျငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများမှာ ယခုလထဲတွင် ၀ယ်လိုအားကို နိမ့်ကျလာစေခဲ့သည်ဟု သုံးသပ်ကြသည်။ ဈေးကွက်၏ ၀ယ်လိုအား ကျဆင်းလာသည်နှင့်အမျှ ထုတ်လုပ်မှု ပမာဏများကိုပါ ဖြတ်တောက်ခဲ့ကြပြီး ဈေးနှုန်းများ တစ်ဟုန်ထိုး တက်လာခြင်းကြောင့် ထုတ်လုပ်ရေးဆိုင်ရာ သွင်းကုန်များ ရှားပါးလာစေကာ ထုတ်လုပ်မှုကို အနုတ်လက္ခဏာ ဆောင်လာစေသည့် အထောက်အထားများ ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာလသည် ထုတ်လုပ်မှုပမာဏများ သုံးလဆက်တိုက် ကျဆင်းလာခဲ့သည့် လဖြစ်ကာ ကျဆင်းမှုနှုန်းထားများမှာ အထင်အရှားဖြစ်ခဲ့သည်။

ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန် ပိုမိုလာမှုနှင့်အတူ ကုန်ကြမ်း ပစ္စည်းများ၊ ဈေးကြီးလာမှုအပြင် ထုတ်လုပ်မှုနှင့် အလုပ်သစ်ကျဆင်းလာခြင်းက ထုတ်လုပ်သူတို့အား သွင်းကုန်များ အပိုဝယ်ယူမှုကို လျှော့ချလာစေခဲ့သည်။ လများစွာအတွင်းမှာ ထည့်သွင်းကုန်ဝယ်ယူများကို လေးကြိမ်မြောက် လျှော့ချလာခဲ့ပြီး စစ်တမ်းမှတ်တမ်းအတွက် စံချိန်သစ်ဖြစ်လာသည်။ ထုတ်လုပ်သူတို့သည် စက်တင်ဘာလ၏ လက်ကျန် သိုလှောင်ကုန်များကို မလွှဲသာမရှောင်သာ အားကိုးခဲ့ကြရရာ နှစ်နှစ်အတွင်း စံချိန်တင်နှုန်း နီးပါးအထိ ပြန်လည်ကျဆင်း သွားခဲ့သည်။ ယင်းအတောအတွင်းမှာ ၀န်ထမ်းဦးရေပမာဏများမှာ သုံးလဆက်တိုက် လျှော့ချခံခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်တမ်းကို ပြုစုပေးသည့် HIS Markit မှ စီးပွားရေးပညာရှင် Sian Jones က “စက်တင်ဘာ စစ်တမ်းဒေတာက မြန်မာနိုင်ငံရှိ ထုတ်လုပ်သူတွေအတွက် စိန်ခေါ်မှုများတဲ့ လုပ်ငန်းလည်ပတ်မှု အခြေအနေတွေ ရှိတာကို အချက်ပြခဲ့ပါတယ်။ ဒေါ်လာဈေးပိုမို ထိုးတက်လာနေတာက ထည့်သွင်းကုန်စရိတ်တွေကို အလျင်အမြန် တိုးလာစေတာကြောင့် ဈေးနှုန်းတွေ ရုတ်တရက် မြင့်မားလာတာရဲ့ အကျိုးဆက်မှာ အဓိကအကျဆုံး အခက်အခဲကြီး ဖြစ်လာပါတယ်။ ဒါ့အပြင် အထွေထွေ ငွေကြေးဖောင်းပွမှု ဖိအားတွေက ၀ယ်လိုအားကို အရှိုက်ထိုးလိုက်ပြီး ကုန်ထုတ်လုပ်မှုနဲ့ အော်ဒါသစ်တွေ ကျဆင်းလာချိန်မှာ လုပ်ငန်းတွေရဲ့ ပစ္စည်းအသစ် ၀ယ်ယူလိုစိတ်ကို နှိမ့်ချပစ်လိုက်ပါတယ်။ ရလဒ်အဖြစ် အလုပ်သစ် ခန့်ထားမှုအပေါ် ဖိစီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်” ဟု ပြောကြားသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို HIS Markit က စက်မှုကုန်ထုတ် လုပ်ငန်းများထံမှ ကောက်ယူစုစည်း ရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်ကြောင်း သိရသည်။

 

အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့်အနိမ့်ဆုံးနေရာတွင် မြန်မာနိုင်ငံ နှစ်လဆက်တိုက်ရောက်ရှိနေပြီး နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှုဒဏ်ကြောင့် ကုန်ထုတ်လုပ်ငန်းများ စရိတ်စက၀န်ထုပ်ဝန်ပိုးဖိစီးနေ

ရန်ကုန်မြို့ရှိ စက်မှုကုန်ထုတ်စက်ရုံလုပ်ငန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၁၈ ခုနှစ် သြဂုတ်လ အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်း PMI (Manufacturing Purchasing Manager’s Index – ၀ယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း)တွင် အဆင့်အနိမ့်ဆုံးနေရာတွင် မြန်မာနိုင်ငံ နှစ်လဆက်တိုက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုဒဏ်ကြောင့် စရိတ်စက ၀န်ထုပ်ဝန်ပိုးဖိစီးလာကာ အပြင်းထန်ဆုံးငွေကြေးဖောင်းပွမှုကို ခံစားနေရကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သော  IHS Markit စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် သြဂုတ်လအာဆီယံထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် ဗီယက်နမ်နိုင်ငံက ၅၃ ဒသမ ၇၊ ဖိလစ်ပိုင်နိုင်ငံက ၅၁ ဒသ မ ၉၊ အင်ဒိုနီးရှားနိုင်ငံက ၅၁ ဒသမ ၉၊ မလေးရှားနိုင်ငံက ၅၁ ဒသမ ၂၊ ထိုင်းနိုင်ငံက ၄၉ ဒသမ ၉၊ စင်ကာပူနိုင်ငံက ၄၈ ဒသမ ၅၊ မြန်မာနိုင်ငံက  ၄၆ ဒသမ ၄ ရရှိခဲ့ပြီး စစ်တမ်း ကောက်ယူသည့်အာဆီယံနိုင်ငံ ခုနစ်နိုင်ငံတွင် မြန်မာနိုင်ငံက အောက်ဆုံးသို့ နှစ်လ ဆက်တိုက်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်၊ ဧပြီ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေး အရှိန်ပျော့လာခြင်းကြောင့် မေတွင် အဆင့်လေး၊ ဇွန်တွင် အဆင့်ခြောက်၊ ဇူလိုင်တွင် အဆင့်ခုနစ်၊ သြဂုတ်တွင် အဆင့်ခုနစ်နေရာအထိ ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယခုစစ်တမ်းတွင်ပါဝင်သော နိုင်ငံပေါင်းခုနစ်နိုင်ငံအနက် လေးနိုင်ငံမှာ သြဂုတ်လအတွင်း ကုန်ထုတ်လုပ်ရေးအခြေအနေများ တိုးတက်လာသော်လည်း မြန်မာအပါအ၀င် သုံးနိုင်ငံမှာ ကုန်ထုတ်လုပ်ရေးကဏ္ဍ အခြေအနေများကျဆင်းလာကြောင်း အချက်ပြနေသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငွေကြေးတန်ဖိုးသိသိသာသာ လျော့ကျနေသည့်အပြင် အပြင်းထန်ဆုံးငွေကြေးဖောင်းပွမှုကို မြင်တွေ့နေရသည်။

သြဂုတ်လ စစ်တမ်းဒေတာက မြန်မာနိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံး အခြေအနေများ အရှိန်ပြင်းစွာဖြင့် ဆုတ်ယုတ်လာကြောင်း အချက်ပြနေပြီး အဓိကအကျဆုံး အညွှန်းကိန်းကို ထုတ်လုပ်မှုနှင့် လုပ်ငန်းသစ်များ လျင်မြန်စွာကျဆင်းလာမှုက တွန်းချပစ်ခဲ့သည်။ အကျိုးဆက်အဖြစ် အလုပ်အကိုင်ခန့်ထားမှုများနှင့် လက်ကျန်အလုပ်များ ရှေ့ဆက်ကျဆင်းသွားပြီး ၀ယ်ယူမှုများလည်း သိသာစွာလျော့ကျခဲ့သည်။ ထည့်သွင်းကုန် ဈေးနှုန်းများနှင့် ရောင်းဈေးများ နှစ်ရပ်စလုံးသည် စစ်တမ်းအတွင်း အမြင့်ဆုံးသို့ မြင့် တက်သွားကြပြီး အဓိကတွန်းအားမှာ ကုန်ကြမ်းပစ္စည်းများရှားပါးမှုနှင့် သွင်းကုန်ဈေးနှုန်းမြင့်မားမှုတို့ဖြစ်သည်။

သြဂုတ်လအတွက် နစ်ကေးမြန်မာ့ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်းမှာ ၄၆ ဒသမ ၄ သို့ကျဆင်းသွားပြီး ဇူလိုင်လရှိ ၄၇ ဒသမ ၉ ထက်ကျဆင်းခဲ့သည်။ သြဂုတ်လအညွှန်းကိန်းသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင်စတင်ခဲ့သည့် စစ်တမ်းသက်တမ်းတစ်လျှောက် ကုန်စည်ထုတ်လုပ်ရေးကဏ္ဍတွင် အကြီးမားဆုံးကျဆင်းမှုကို အချက်ပြလိုက်ပြီး ပြင်းထန်သည့် ဆုတ်ယုတ်မှုက   ကုန်ထုတ်လုပ်မှုစွမ်းဆောင်နိုင်စွမ်း နှစ်လဆက်တိုက်ကျဆင်းလာခြင်းကိုပါ ထောက်ပြနေသည်။ ထုတ်လုပ်မှုကျဆင်းမှုနှုန်းမှာ စစ်တမ်းသမိုင်းအတွင်း အပြင်းထန်ဆုံးဖြစ်လာခဲ့ပြီး ထိုသို့ပြင်းထန်စွာ ကျဆင်းလာခဲ့ခြင်း မှာ ၀ယ်သူများဖက်မှ ၀ယ်လိုအားလျော့နည်းလာပြီး ကုန်ကြမ်းပစ္စည်းများရှာဖွေမှု ခက်ခဲလာခြင်းကြောင့်ဟု စစ်တမ်းတွင် ပါဝင်ဖြေဆိုသူအများစုက ဆိုသည်။

ယခုလပိုင်းများအတွင်း ကုန်ကြမ်း ပစ္စည်းရှားပါးလာမှုနှင့် ထည့်သွင်းကုန်များ စရိတ်စကမြင့်မားလာခြင်းတို့ကို တုံ့ပြန်သည့်အနေနှင့် ငွေကြေးဖောင်းပွမှုဖိအားပေးမှုများ ပိုပြင်းထန်လာခဲ့ပြီး ထည့်သွင်းကုန်ဈေးနှုန်းနှင့် ရောင်းဈေးနှစ်ခုစလုံးတို့၏ ငွေကြေးဖောင်းပွမှုမှာ စစ်တမ်း၏အမြင့်ဆုံးနေရာများကို တက်လှမ်းရယူထားကာ စစ်တမ်းတွင် ပါဝင်ဖြေကြးသူအများစုက မြင့် တက်လာသည့်စရိတ်များကို ၀ယ်သူများထံသို့ လွှဲချပေးခဲ့မှုကြောင့် ဈေးနှုန်းများမြင့်တက်လာခဲ့သည်ဟု ညွှန်ပြကြသည်။

အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် မြန်မာနိုင်ငံ အဆင့်အနိမ့်ဆုံးသို့ ကျဆင်းပြီး နိုင်ငံခြားငွေလဲနှုန်း ဆိုးရွားစွာ မြင့်တက်မှုဒဏ်ကြောင့် ဖြစ်ပေါ်သော ကုန်ကျစရိတ်များ ကာမိရန် ကုန်ပစ္စည်း ရောင်းဈေးများ ဆက်လက်မြှင့်တင်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုကုန်ထုတ်စက်ရုံ တစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၁၈ ခုနှစ် ဇူလိုင်လ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း PMI (Manufacturing Purchasing Manager’s Index) ၀ယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) တွင် မြန်မာက သုံးလဆက်တိုက် ကျဆင်း၍ နိုင်ငံပေါင်း ခုနစ်နိုင်ငံအနက် အဆင့်အနိမ့်ဆုံး နေရာအထိရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း ဆိုးရွားစွာ မြင့်တက်မှုကြောင့် ဖြစ်ပေါ်သော ကုန်ကျစရိတ်များ ကာမိရန် ကုန်ပစ္စည်းရောင်းဈေးများ ဆက်လက်မြှင့်တင် လျက်ရှိကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော HIS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ အာဆီယံထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် ဗီယက်နမ်နိုင်ငံ က ၅၄ ဒသမ ၉၊ ဖိလစ်ပိုင်နိုင်ငံက ၅၀ ဒသ မ ၉၊ အင်ဒိုနီးရှားနိုင်ငံက ၅၀ ဒသမ ၅၊ စင်ကာ ပူနိုင်ငံက ၅၀ ဒသမ ၂၊ ထိုင်းနိုင်ငံက ၅၀ ဒသမ ၁၊ မလေးရှားနိုင်ငံက ၄၉ ဒသမ ၇၊ မြန်မာနိုင်ငံက  ၄၇ ဒသမ ၉ ရရှိခဲ့ပြီး စစ်တမ်းကောက်ယူသည့် အာဆီယံနိုင်ငံ ခုနစ်နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်၊ ဧပြီ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေး အရှိန်ပျော့လာခြင်းကြောင့် မေတွင် အဆင့် ၄၊ ဇွန်တွင် အဆင့် ၆၊ ဇူလိုင်တွင် အဆင့် ၇ နေရာအထိ ဆက်တိုက်ကျဆင်း ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း မြန်မာအပါအ၀င် အချို့နိုင်ငံများတွင် နိုင်ငံခြားငွေလဲနှုန်းများ ဆိုးရွားလာ၍ သွင်းကုန်များဆိုင်ရာ ငွေကြေးဖောင်းပွမှုမှာ ပိုမိုမြင့်လာခဲ့သည်။ ကုန်ကျစရိတ်များ၏ အားကောင်းသည့် ဖိအားပေးမှုကို ဒေသတစ်ဝန်းတွင် တွေ့မြင်နိုင်ခဲ့ပြီး သွင်းကုန်ဈေးနှုန်းများ၏ ဖောင်းပွမှုမှာ တစ်ဟုန်ထိုး ထိုးတက်သွားသည်။ စစ်တမ်းတွင် အကျုံးဝင်ကြသည့် ခုနစ်နိုင်ငံ စလုံးတို့သည် ၂၀၁၈ ခုနှစ် တတိယ သုံးလပတ် အစပိုင်းတွင် ကုန်ကျစရိတ်များ၏ ၀န်ထုပ်ဝန်ပိုးများ ပိုမိုကြီးမားလာကြောင်း အစီရင်ခံကြသည်။ မြန်မာနိုင်ငံထဲတွင်မူ ပစ္စည်းဖြန့်ဖြူးကြ သူတို့ထံတွင် ပစ္စည်းများ နည်းပါးနေလျက် ငွေလဲနှုန်း အခြေအနေ မကောင်းသည့် အကြားမှာပင် အထင်ရှားဆုံး မြင့်တက်ခဲ့ကြောင်း အစီရင်ခံထားရာ ကုမ္ပဏီများသည် ၎င်းတို့၏ ရောင်းဈေးများကို ရှေ့ဆက်မြှင့်တင်ခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းရှိ အခြေအနေများ အသင့်အတင့် ဆုတ်ယုတ်လာကြောင်း ဇူလိုင်စစ်တမ်း ဒေတာတွင် ညွှန်ပြခဲ့ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစ၍ ပထမဦးဆုံးလအဖြစ် ယခင်ကျဆင်းမှုနှင့်အတူ ထုတ်ကုန်နှင့် အော်ဒါသစ်များ ကျဆင်းမှုများကြောင့် အဓိက PMI ကိန်းကျဆင်းလာစေခဲ့သည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် လွန်ခဲ့သည့် အောက်တိုဘာ ကတည်းကစပြီး ၀န်ထမ်းအင်အား ပထမအကြိမ် ကျဆင်းလာမှုကို မြင်တွေ့ခဲ့ကာ လက်ကျန် အလုပ်စာရင်းများလည်း သိသိသာသာ ဆက်လက်ကျဆင်းခဲ့သည်။

ယင်းအတောအတွင်း ကုန်ကြမ်းပစ္စည်းများ ရှားပါးလာခြင်းကြောင့် သွင်းကုန် ကုန်ကျစရိတ်များကို ရှေ့ဆက်ပြီး မြင့်မားစေခဲ့ပြီး ၀ယ်လိုအား အခြေအနေများ အားနည်းနေခဲ့သော်လည်း ထုတ်ကုန်များ အတွက် တောင်းခံသည့် ဈေးနှုန်းများ ပိုမိုဖောင်းပွလာခဲ့ခြင်းဖြင့် ကုမ္ပဏီများသည် မြင့်တက်လာသည့် ကုန်ကျစရိတ်အချို့ကို ဈေးဝယ်များအပေါ် လွှဲချပေးခဲ့ကြသည်။

ကုန်စည်ထုတ်လုပ်ရေး လုပ်ငန်းများ ရရှိခဲ့ကြသည့် လုပ်ငန်းအော်ဒါသစ်များမှာ ဇူလိုင်လတွင် ကျဆင်းခဲ့ပြီး အော်ဒါသစ်များမှာ ဒုတိယလအထိ ဆက်တိုက်ကျဆင်း လာခဲ့ပြီး ကျဆင်းမှုနှုန်းမှာမူ နှစ်နှစ်အတွင်း အမြန်ဆုံးသို့ အရှိန်မြင့်တက် သွားခဲ့သည်။ ထောက်ပြခဲ့သူ အများစုက စားသုံးသူတို့၏ ၀ယ်နိုင်စွမ်းအား ပျော့လာခြင်းမှာ ဖောက်သည်များဘက်မှ ၀ယ်လိုအားကို လျှော့ချပစ်ခဲ့သည်ဟု ယူဆသည်။ အခြားကုမ္ပဏီများကမူ ကုန်ကြမ်းပစ္စည်း ရှားပါးမှုကြောင့် အချို့ကိစ္စများတွင် အော်ဒါသစ်များကို ငြင်းပယ်ခဲ့ရကြောင်း သိရသည်။

 

အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့သော မြန်မာနိုင်ငံ စီးပွားရေးအရှိန် ပျော့လာခြင်းကြောင့် မေလညွှန်းကိန်းတွင် အဆင့်လေးနေရာအထိ ကျဆင်း

ရန်ကုန်မြို့ရှိ စားသောက်ကုန် ထုတ်လုပ်သော စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၁၈ ခုနှစ် မတ်၊ ဧပြီ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI (Manufacturing Purchasing Manager’s Index – ၀ယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေးအရှိန် ပျော့လာခြင်းကြောင့် မေလညွှန်းကိန်းတွင် အဆင့်လေးနေရာအထိ ကျဆင်းခဲ့ကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

၂၀၁၈ ခုနှစ် မေလ အာဆီယံထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် ဗီယက်နမ်နိုင်ငံက ၅၃ ဒသမ ၉၊ ဖိလစ်ပိုင်နိုင်ငံက ၅၃ ဒသမ ၇၊ စင်ကာပူနိုင်ငံက ၅၂ ဒသမ ၈၊ မြန်မာနိုင်ငံက  ၅၂ ဒသမ ၆၊ အင်ဒိုနီးရှားနိုင်ငံက ၅၁ ဒသမ ၇၊ ထိုင်းနိုင်ငံက ၅၁ ဒသမ ၁၊ မလေးရှားနိုင်ငံ က ၄၇ ဒသမ ၆ ရရှိခဲ့ပြီး စစ်တမ်းကောက်ယူသည့် အာဆီယံနိုင်ငံ ခုနစ်နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်လေးသာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထုတ်လုပ်ရေး PMI အလိုက် နိုင်ငံများ၏ ထိပ်သီးအဆင့်ကို ဗီယက်နမ်က ထုတ်လုပ်ရေးကဏ္ဍ မေလတွင် အရှိန်ပိုရလာခဲ့ခြင်းဖြင့် မြန်မာနိုင်ငံထံမှ ရယူလိုက်သည်။ ဖိလစ်ပိုင်သည် လုပ်ကိုင်မှု အခြေအနေများ လျင်မြန်စွာ တိုးတက်လာနေကြောင်း မှတ်တမ်းတင်နိုင်ခဲ့လျက် ကပ်ပြီးလိုက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အားကောင်းနေဆဲ ဖြစ်သော်လည်း ဧပြီနှင့် နှိုင်းယှဉ်လျှင်  စီးပွားရေးအရှိန် ပျော့လာခဲ့သောကြောင့် အဆင့်သတ်မှတ်မှုတွင် စတုတ္ထနေရာသို့ ဆင်းပေးလိုက်ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ၀ယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်းသည် ၂၀၁၇ ခုနှစ် မတ်လတွင် ၅၃ ဒသမ ၁ အထိရှိခဲ့ရာမှ ဧပြီ လတွင် ၅၂ ဒသမ ၉၊ မေလတွင် ၅၂ ဒသမ ၀၀ ရှိခဲ့ကာ ဇွန်လတွင် ၄၉ ဒသမ ၄၊ ဇူလိုင် လတွင် ၄၉ ဒသမ ၁ အထိ ဆက်တိုက်ပြန်လည် ကျဆင်းခဲ့သည်။ ထို့နောက် သြဂုတ်လတွင် ၄၉ ဒသမ ၃၊ စက်တင်ဘာလတွင် ၄၉ ဒသမ ၄၊ အောက်တိုဘာလတွင် ၅၁ ဒသမ ၁ အထိ၊ နိုဝင်ဘာလတွင် ၅၁ ဒသမ ၆ အထိ ပြန်လည် မြင့်တက်ခဲ့သော်လည်း ဒီဇင်ဘာလတွင် ၅၁ ဒသမ ၁ အထိ ကျဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလတွင် ၅၁ ဒသမ ၇၊ ဖေဖော်ဝါရီ လတွင် ၅၂ ဒသမ ၆ အထိ၊ မတ်လတွင် ၅၃ ဒသမ ၇၊ ဧပြီလတွင် ၅၅ ဒသမ ၅ (၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့သည့် စစ်တမ်းကာလအတွင်း အမြင့်ဆုံး) အထိ မြင့်တက်ခဲ့ကာ မေလတွင် ၅၂ ဒသမ ၆ အထိ လျှောဆင်းခဲ့ခြင်းဖြစ်သည်။

မေလစစ်တမ်းဒေတာသည် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်း၌ တိုးတက်မှုအရှိန် ကျဆင်းလာမှုကို အချက်ပြနေပြီး သုံးလတာအတွက် အားအပျော့ဆုံး ဖြစ်ခဲ့သည်။ ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ ဦးမော့လာမှုမှာ ခြုံပြောရလျှင် တိုးတက်မှုနှုန်း အမြင့်ပိုင်းတွင် ရှိသော်လည်း အားပျော့လာခဲ့သည်။ လက်ကျန် အလုပ်များမှာ သိသာသည့်အရှိန်ဖြင့် ကျဆင်းလာခဲ့ပြီး အလုပ်နေရာ တိုးတက်ခန့်ထားမှုမှာ လွန်ခဲ့သည့် နိုဝင်ဘာမှစပြီး အနှေးဆုံးသို့ အားပျော့သွားခဲ့သည်။ ယင်းအတောအတွင်း ထည့်သွင်းကုန်ဈေးနှုန်း ဖောင်းပွမှုသည် အရှိန်ရလာပြီး ကုန်ကျစရိတ်များမှာ လေးလအတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့သည်။

ထို့အတူ ထုတ်လုပ်ရေး တိုးတက်မှု မသိမသာ နှေးလာခဲ့သည်နှင့်အမျှ အလုပ်နေရာ တိုးခန့်မှုလည်း အနည်းငယ် အားပျော့ခဲ့ရာ အလုပ်နေရာသစ် ဖန်တီးနှုန်းသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာမှစပြီး အနှေးဆုံး ဖြစ်ခဲ့သည်။ ထုတ်လုပ်ရေး စွမ်းအားများအပေါ် ဖိအားပေးမှု နည်းလာခြင်း၏ ရောင်ပြန်ဟပ်မှုကို လက်ကျန်အလုပ်များ သိသာစွာ ကျဆင်းလာမှုတွင်ပါ တွေ့မြင်နိုင်ခဲ့သည်။ လုပ်ငန်းများတွင် အကောင်းမြင်စိတ် မသိမသာ မြင့်တက်ခဲ့သော်လည်း လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ အားနည်းလျက်ရှိသည်။

၂၀၁၈ ခုနှစ် ဧပြီလ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း၌ ထုတ်လုပ်ရေးကဏ္ဍတွင် သိသာစွာ အရှိန်ရလာသည့် မြန်မာနိုင်ငံက နှစ်လဆက်တိုက် ထိပ်ဆုံး၌ရပ်တည်

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

၂၀၁၈ ခုနှစ် ဧပြီလ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI (Manufacturing Purchasing Manager’s Index- ၀ယ်ယူရေးမန် နေဂျာများ၏ အညွှန်းကိန်း) ညွှန်းကိန်းတွင် ထုတ်လုပ်ရေးကဏ္ဍတွင် သိသာစွာအရှိန်ရလာသည့် မြန်မာနိုင်ငံက နှစ်လဆက်တိုက် ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ကြောင်း Nikkei ၏ပံ့ပိုးမှုဖြင့်ပြုလုပ်သော IHS Markit ၏ စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလ အာဆီယံထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ၅၅ ဒသမ ၅၊ ဗီယက်နမ်နိုင်ငံက ၅၂ ဒသမ ၇၊ ဖိလစ်ပိုင်နိုင်ငံက ၅၂ ဒသမ ၇၊ အင်ဒိုနီးရှားနိုင်ငံက ၅၁ ဒသမ ၆၊ စင်ကာပူနိုင်ငံက ၅၁ ဒသမ ၁၊ ထိုင်းနိုင်ငံက ၄၉ ဒသမ ၅၊ မလေးရှားနိုင်ငံက ၄၈ ဒသမ ၆ ရရှိခဲ့ပြီး စစ်တမ်းကောက်ယူသည့် အာဆီယံနိုင်ငံ ခုနစ်နိုင်ငံတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၎င်း၏ ထုတ်လုပ်ရေးကဏ္ဍ အခိုင်အမာအရှိန်ရလာခဲ့၍ ထုတ်လုပ်မှုအဆင့်အရ ဗီယက်နမ်ကို ပြီးခဲ့သည့် မတ်မှစ၍ ဖယ်ရှားလျက် အာဆီယံထိပ်ဆုံး နိုင်ငံဖြစ်လာခဲ့ကြောင်း IHS Markit က သုံးသပ်ထားသည်။ ဧပြီလ စစ်တမ်းဒေတာတွင် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းရှိ အခြေအနေ အခိုင်အမာတိုးတက်လာခြင်းကို အချက်ပြနေပြီး ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ တစ်ဟုန်ထိုးတိုးလာလျက် တိုးတက်မှုနှုန်း နှစ်ရပ်စလုံး၏စစ်တမ်းများ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့မှုက ဦးမော့နိုင်မှုတစ်ရပ်လုံးကို ပံ့ပိုးပေးခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ၀ယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်းသည် ၂၀၁၇ ခုနှစ် မတ်တွင် ၅၃ ဒသမ ၁ အထိရှိခဲ့ရာမှ ဧပြီတွင် ၅၂ ဒသမ ၉၊ မေတွင် ၅၂ ဒသမ ၀ ရှိခဲ့ကာ ဇွန်တွင် ၄၉ ဒသမ ၄၊ ဇူလိုင်တွင် ၄၉ ဒသမ ၁ အထိ ဆက်တိုက်ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် သြဂုတ်တွင် ၄၉ ဒသမ ၃၊ စက်တင်ဘာတွင် ၄၉ ဒသမ ၄၊ အောက်တိုဘာတွင် ၅၁ ဒသ မ ၁ အထိ၊ နိုဝင်ဘာတွင် ၅၁ ဒသမ ၆ အထိ ပြန်လည်မြင့်တက်ခဲ့သော်လည်း ဒီဇင်ဘာတွင် ၅၁ ဒသမ ၁ အထိကျဆင်းခဲ့ကာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီတွင် ၅၁ ဒသမ ၇၊ ဖေဖော်ဝါရီတွင် ၅၂ ဒသမ ၆ အထိ၊ မတ်တွင် ၅၃ ဒသမ ၇၊ ဧပြီတွင် ၅ ဒသမ ၅ (၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင်စတင်ခဲ့သည့် စစ်တမ်းကာလအတွင်း အမြင့်ဆုံး) အထိပြန်တက်ခဲ့ခြင်း ဖြစ်သည်။

Nikkei ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သော IHS Markit က မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ်အတွင်း ဂျီဒီပီတိုးတက်မှုနှုန်းကို ၇ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟု မျှော်မှန်းထားသည်။

ဧပြီတွင် ၅၅ ဒသမ ၅ ရှိလာသည့် Nikkei မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်မှု ၀ယ်ယူရေး မန်နေဂျာအညွှန်းကိန်းသည် မတ်လ၏ ၅၃ ဒသမ ၇ ထက်မြင့်လာခဲ့ပြီး စစ်တမ်း စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း အမြန်ဆုံးတိုးတက်မှုကို ပြသနိုင်ခဲ့ကာ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်ကို ခိုင်မာစွာ စတင်လိုက်ကြောင်း အချက်ပြနိုင်ခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် အလုပ်ခန့်အပ်နိုင်မှုများ တိုးတက်မှုမှာ သုံးလအတွင်းအနိမ့်ဆုံးသို့ အားပျော့သွားခဲ့ကြောင်း သိရသည်။