မြန်မာကစားသမားများကို ဗီယက်နမ်ကစားသမားများ အားပေး

ဗီယက်နမ်ကစားသမားများသည် ဆီမီး ဖိုင်နယ်တွင် ထိုင်းအသင်းနှင့် ကစားရမည့် မြန်မာအသင်းအား လူမှုကွန်ရက်မှတစ်ဆင့် အားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။  ဗီယက်နမ်ကစားသမားများသည် ဆီမီး ဖိုင်နယ်တွင် ထိုင်းအသင်းနှင့် ကစားရမည့် မြန်မာအသင်းအား လူမှုကွန်ရက်မှတစ်ဆင့် အားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်ကစားသမားအချို့သည် အုပ်စုနောက်ဆုံးပွဲတွင် ထိုင်းအသင်းကို ဂိုး ပြတ်ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရသော ကြောင့် ထိုင်းနှင့်တွေ့ဆုံမည့် မြန်မာအသင်း ကို အားပေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  ဗီယက်နမ်ကစားသမားများသည် မြန်မာ ကစားသမားအချို့ကို Tagတွဲကာ အားပေး ထားခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ဗီယက် နမ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၅ ဆီးဂိမ်းစ် ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲတွင် တွေ့ဆုံခဲ့ပြီး မြန်မာ အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဗီယက်နမ်အသင်းသည် ယခုပြိုင်ပွဲတွင် အုပ်စုအဖွင့်ပွဲများတွင် ရလဒ်ကောင်းများ ရယူနိုင်ခဲ့သော်လည်း နောက်ဆုံးပွဲတွင် ထိုင်း အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ ဗီယက်နမ်အသင်း သည် ယခုပြိုင်ပွဲတွင် ထိုင်းအသင်းထက်ပင် ဗိုလ်စွဲရန် ရေပန်းစားခဲ့သော်လည်း မထင် မှတ်သည့်ရလဒ်ကြောင့် အုပ်စုအဆင့်မှ ထွက် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းကို အနိုင်ရရန်ယုံကြည်မှုရှိဟု ဂတ်ဖရိုင်းဒရစ် ပြောကြား

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ် ဖရိုင်းဒရစ်က ဆီမီးဖိုင်နယ်တွင် တွေ့ဆုံနေ သည့် ထိုင်းအသင်းကို အနိုင်ရရန် ယုံကြည်မှု ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ် ဖရိုင်းဒရစ်က ဆီမီးဖိုင်နယ်တွင် တွေ့ဆုံနေ သည့် ထိုင်းအသင်းကို အနိုင်ရရန် ယုံကြည်မှု ရှိကြောင်း ပြောကြားခဲ့သည်။ ဂတ်ဖရိုင်းဒရစ်က “ကျွန်တော်တို့အသင်း က နားရက်အပြည့်အ၀ရထားပြီး အကောင်း ဆုံးပုံစံမှာ ရှိနေပါတယ်။ ထိုင်းအသင်းကတော့ အသင်းကောင်တစ်သင်းဆိုတာ ပြောစရာ တောင်မလိုပါဘူး။ ကျွန်တော်တို့အသင်းက ဆီမီးဖိုင်နယ်ရော ဗိုလ်လုပွဲအတွက်ပါ လုံ လောက်တဲ့ ကြံ့ခိုင်မှုတွေရှိတာကြောင့် အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ နှစ်သင်း စလုံးအတွက် ခက်ခဲမယ့်ပွဲပါ။ ဗိုလ်လုပွဲတက် မယ်ဆိုရင်တော့ အိမ်ရှင်မလေးရှားအသင်း ကို ရှောင်ချင်ပါတယ်။ သူတို့က ခြေစွမ်းကောင်း သလို ပရိသတ်အားလည်း ရှိနေပါတယ်” ဟု ပြောကြားသည်။

မြန်မာ ယူ-၂၂ အသင်းသည် အုပ်စုပွဲစဉ်များတွင် လေးပွဲကစားရာ၌ သုံးပွဲ နိုင်၊ တစ်ပွဲရှုံး ရမှတ် ကိုးမှတ်ဖြင့် အုပ်စုဒုတိယ ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခြင်း ဖြစ်သည်။

ထိုင်းအသင်းမှာမူ အုပ်စုပွဲစဉ်များ တွင် ရှုံးပွဲမရှိခဲ့ဘဲ လေးပွဲနိုင်၊ တစ်ပွဲသရေ ၁၃ မှတ်ဖြင့် အုပ်စုပထမဖြင့် တက်ရောက်လာ ခြင်းဖြစ်သည်။ တတိယနေရာလုပွဲနှင့် ဗိုလ်လု ပွဲကို သြဂုတ် ၂၉ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်သည်။

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo- Four Four Two

■မြန်မာ – ထိုင်းမြန်မာ – ထိုင်းအချိန် – မွန်းလွဲ ၂း၃၀ နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း – ဆီလာယန်

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နောက်ဆုံး သုံးကြိမ်တွေ့ဆုံမှု

မြန်မာ ၀-၃ ထိုင်း ၂၀၁၅ ပြိုင်ပွဲ ဗိုလ်လုပွဲ

မြန်မာ ၁-၁ ထိုင်း ၂၀၁၃ ပြိုင်ပွဲ အုပ်စု

မြန်မာ ၀-၂ ထိုင်း ၂၀၀၇ ပြိုင်ပွဲ ဗိုလ်လုပွဲ

ထိုင်းအသင်းရဲ့ ခြေစွမ်းက ပြိုင်ပွဲအစမှာ ထင်သလောက်မကောင်းခဲ့ပေမယ့် အရေး ကြီးတဲ့အချိန်မှာတော့ ဗီယက်နမ်ကို ဂိုးပြတ်သွင်းပြီး အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းဟာ အရေးပါတဲ့ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲမှာ မလေးရှားကို အရေးနိမ့်ခဲ့လို့ အုပ်စုဒုတိယသာရပြီး ဆီမီးဖိုင်နယ် တက်လာတာပါ။ လက်ရှိခြေစွမ်းအရတော့ ကွာခြားမှု မရှိပေမယ့် မြန်မာကစားသမားတွေအနေနဲ့ ထိုင်းဆိုပြီး ဖိအားမ၀င်ဖို့ပဲလိုပါတယ်။ မြန်မာ အသင်းကတော့ မလေးရှားနဲ့ပွဲက အမှားတွေကို ပြင်ဆင်နိုင်ဖို့လိုပြီး ခြေစွမ်းပိုင်း အကောင်း ဆုံးပုံစံမှာရှိနေမှ အခြေအနေကောင်းမှာဖြစ်ပါတယ်။ ထိုင်းအသင်းကတော့ လိုရင် လိုသလို ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ကစားသမားတွေရှိတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီး မြန်မာ အသင်းအနေနဲ့ ပွဲချိန်အတွင်း အနိုင်ရဖို့တော့မလွယ်ပါဘူး။ မြန်မာအသင်း ခံစစ်ကတော့ ပုံစံကောင်းရဖို့ ကြိုးစားရမှာဖြစ်ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားနိုင်ဖို့လိုပါတယ်။ ပွဲချိန် အတွင်းဆိုရင်တော့ ထိုင်းအသင်း အနိုင်ရနိုင်ပြီး မြန်မာအသင်းအနေနဲ့ ထိုင်းရဲ့ အမှားကို စောင့်ပြီး ကစားနိုင်မှ အနိုင်ရဖို့ မျှော်လင့်နိုင်မှာပါ။

■မလေးရှား – အင်ဒိုနီးရှားအချိန် – ည ၇း၁၅  နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း – ရှာအလမ်

ဒီနှစ်သင်းတွေ့ရင် ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပါတယ်။ အိမ်ရှင်မလေးရှားအသင်း ကတော့ ဒီပြိုင်ပွဲမှာ ရွှေဆုရဖို့ ရည်မှန်းထားတာကြောင့် အမှားခံမှာ မဟုတ်ပါဘူး။ အင်ဒို နီးရှားအသင်းကလည်း

ဥရောပအခြေစိုက်ကစားသမားတွေနဲ့ ပုံစံကောင်းရနေပြီး ထိုင်းနဲ့ ဗီယက်နမ်တို့ကို သရေကစားနိုင်ခဲ့ပါတယ်။ အိမ်ရှင်ပရိသတ်ရဲ့အားနဲ့  မလေးရှားအသင်း နိုင်ပွဲရယူပါလိမ့်မယ်။

မြန်မာအမျိုးသားဟော်ကီအသင်း နိုင်ပွဲပြန်ရပြီး သုံးပွဲကစား ခုနစ်မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်

အမျိုးသားဟော်ကီပြိုင်ပွဲ စတုတ္ထနေ့ပွဲ စဉ်အဖြစ် သြဂုတ် ၂၅ ရက်တွင် မြန်မာအသင်း နှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရပြီး နိုင်ပွဲပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

Phot0 – ညီညီစိုးညွန့်

အမျိုးသားဟော်ကီပြိုင်ပွဲ စတုတ္ထနေ့ပွဲ စဉ်အဖြစ် သြဂုတ် ၂၅ ရက်တွင် မြန်မာအသင်း နှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရပြီး နိုင်ပွဲပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ် တွင် ထိုင်းအသင်းအား (၄-၂) ဂိုးဖြင့် အနိုင်ရ ခဲ့သော်လည်း ဒုတိယပွဲတွင် စင်ကာပူအသင်း နှင့် နှစ်ဂိုးစီသရေကျထားကာ တတိယပွဲတွင် နိုင်ပွဲပြန်လည်ရရှိခြင်းဖြစ်သည်။

မြန်မာ အသင်းအနေဖြင့် နိုင်ပွဲရရှိရန် ရုန်းကန်ခဲ့ရ ပြီး အနိုင်ဂိုးနှစ်ဂိုးကို ၄၉ မိနစ်တွင် ငြိမ်းချမ်း အောင်နှင့် ၅၄ မိနစ်တွင် သက်ထွေးတို့က သွင်းယူပေးခဲ့သည်။ မြန်မာအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် အုပ်စုပွဲစဉ်သုံးပွဲ ကစားအပြီးတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျ ကာ ခုနစ်မှတ်ရရှိထားပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

မြန်မာ အသင်း၏နောက်တွင် အိမ်ရှင်မလေးရှား အသင်းက တစ်ပွဲလျော့ ခြောက်မှတ်၊ စင်ကာ ပူအသင်းက တစ်ပွဲလျော့ လေးမှတ်ဖြင့် ရပ် တည်လျက်ရှိပြီး ထိုင်းနှင့် အင်ဒိုနီးရှားအသင်း တို့ အမှတ်မရသေးပေ။ ယခုပြိုင်ပွဲတွင် အဆင့် (၁-၂) နေရာရပ်တည်နိုင်သည့်နှစ်သင်း ဗိုလ် လုပွဲနှင့် (၃-၄) နေရာရပ်တည်နိုင်သည့်နှစ် သင်း တတိယလုပွဲကစားရမည်ဖြစ်သည်။

ဆီမီးပွဲအတွက် လက်မှတ် ၂၀၀၀ အခမဲ့ဝေငှမည်ဖြစ်ပြီး လက်မှတ်အရေအတွက် ၆၀၀၀ ရရှိ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် ယနေ့ ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမှ လက်မှတ် ၂၀၀၀ အား ပရိသတ်များအတွက် အခမဲ့ပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။

Photo – ညီညီစိုးညွန့်

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် ယနေ့ ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမှ လက်မှတ် ၂၀၀၀ အား ပရိသတ်များအတွက် အခမဲ့ပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် ယနေ့ ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမှ လက် မှတ် ၂၀၀၀ အား ပရိသတ်များအတွက် အခမဲ့ပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။  ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ကော်မတီသည် ဆီမီးဖိုင်နယ် ပွဲအတွက် ရရှိသည့်လက်မှတ်ခွဲတမ်း ၆၀၀၀ အား မြန်မာ ပရိသတ်များအတွက် ရောင်းချပေးမည်ဖြစ်ပြီး MFF သည် ယင်းအနက် ၂၀၀၀ အား ၀ယ်ယူကာ ပရိသတ်များအား အခမဲ့ပေးဝေသွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာအသင်းဂျာစီ များကိုလည်း လက်ဆောင်ပေးသွားမည်ဖြစ်သည်။ ကျန်ရှိ သည့် လက်မှတ် ၄၀၀၀ ကို ပွဲကျင်းပမည့် ဆီလာယန်ကွင်း၌ သြဂုတ် ၂၆ ရက် (ယနေ့) နံနက်ပိုင်းတွင် စတင်ရောင်းချပေး သွားမည်ဖြစ်သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်း ဆီမီး ဖိုင်နယ်ကျင်းပမည့် ဆီလာယန်ကွင်းသည် ပရိသတ် ၁၆၀၀၀ ဆံ့ကွင်းဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲဖြစ်သည့် စင်ကာပူအသင်းနှင့်ပွဲကို ယင်းကွင်း၌ ကစားခဲ့ရသည်။ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာပရိသတ်များ သည် ယခုပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်း၏ ပွဲစဉ်တိုင်း အား လိုက်လံအားပေးလျက်ရှိပြီး အိမ်ရှင်မလေးရှားအသင်း နှင့် အုပ်စုနောက်ဆုံးပွဲတွင် ပရိသတ် ၈၀၀၀ ကျော် လာရောက် အားပေးခဲ့ကြောင်း သိရသည်။

အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးပွဲများ သြဂုတ်(၂၆)ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ-ထိုင်း၊ မလေးရှား-အင်ဒို တွေ့ဆုံ

Photo – ညီညီစိုးညွန့်

ဆီးဂိမ်းစ်အမျိုးသားဘောလုံး ပြိုင် ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် (၂၆) ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် လက်ရှိချန်ပီယံ ထိုင်း အသင်းနှင့် တွေ့ဆုံနေကြောင်း သိရ သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ထိုင်းနှင့် မြန်မာ၊ အိမ်ရှင်မလေးရှားနှင့် အင်ဒိုနီးရှားအသင်းတို့ တွေ့ဆုံနေသည်။  ဆီးဂိမ်းစ်အမျိုးသားဘောလုံး ပြိုင် ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် (၂၆) ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် လက်ရှိချန်ပီယံ ထိုင်း အသင်းနှင့် တွေ့ဆုံနေကြောင်း သိရ သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ထိုင်းနှင့် မြန်မာ၊ အိမ်ရှင်မလေးရှားနှင့် အင်ဒိုနီးရှားအသင်းတို့ တွေ့ဆုံနေသည်။  အုပ်စုနောက်ဆုံးပွဲစဉ်များကို သြ ဂုတ်(၂၄၊ ၂၅) ရက်က ဆက်လက်ကျင်း ပခဲ့ပြီး အုပ်စု(က) တွင် အိမ်ရှင်မလေးရှား က လာအိုကို (၃-၁) ဂိုး၊ စင်ကာပူက ဘရူနိုင်းကို (၁-၀) ဂိုး၊ အုပ်စု (ခ) တွင် ထိုင်းက ဗီယက်နမ်ကို (၃-၀) ဂိုး၊ အင်ဒို နီးရှားက ကမ္ဘောဒီးယားကို (၂-၀) ဂိုး၊  ဖိလစ်ပိုင်က တီမောကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ (၄)ပွဲဆက်တိုက် ရလဒ် ကောင်းများရယူနိုင်ခဲ့သည့် နာမည်ကြီး ဗီယက်နမ်အသင်းသည် နောက်ဆုံးပွဲ တွင် သရေတစ်မှတ်ရရုံဖြင့် ဆီမီးဖိုင် နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သော် လည်း ထိုင်းကို ဂိုးပြတ်ရှုံးခဲ့သောကြောင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။

အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု(က) ၌ အိမ်ရှင်မလေးရှားအသင်းက ၁၂ မှတ် ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက ၉ မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (ခ) တွင် ထိုင်းအသင်းက ၁၃ မှတ်ဖြင့် အုပ်စု ပထမ၊ အင်ဒိုနီးရှားအသင်းက ၁၁ မှတ် ဖြင့် အုပ်စုဒုတိယနေရာရရှိခဲ့သည်။ အိမ်ရှင်မလေးရှားအသင်းသည် ၎င်းင်းတို့ ကြိုတင်စီမံထားသည့် ဆီမီးဖိုင်နယ်ပွဲကို ဒုတိယပွဲအဖြစ်သာ ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး မြန်မာစံတော်ချိန် ည (၇း၁၅)နာရီတွင် ရှာအလမ်ကွင်း၌ ကျင်းပမည် ဖြစ်သည်။ မြန်မာအသင်းနှင့် ထိုင်းအသင်း တို့၏ ဆီမီးဖိုင်နယ်ပွဲကိုမူ မြန်မာစံတော် ချိန် မွန်းလွဲ(၂း၃၀)နာရီတွင် ဆီလာယန် ကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်း သည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် (၃) ကြိမ်ဆက် တိုက် တွေ့ဆုံခြင်းဖြစ်ပြီး မြန်မာအသင်း သည် နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂၀၁၅ ပြိုင်ပွဲတွင် ထိုင်းကို (၀-၃) ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။ မြန်မာ၊ ထိုင်းနှင့် အင်ဒိုနီးရှား တို့မှာ ပြီးခဲ့သည့်ပြိုင်ပွဲတွင်လည်း ဆီမီး ဖိုင်နယ် တက်ရောက်ခဲ့သည်။à à à

ယနေ့ယှဉ်ပြိုင်ကစားသည့် အုပ်စု(က)ပထမပွဲတွင် လာအိုအသင်းဘရူနိုင်းကို ဂိုးပြတ်အနိုင်ရ

ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ပထမပွဲတွင် လာအို ယူ-၂၂အသင်းက ဘရူနိုင်းယူ-၂၂အသင်းကို (၃-၀)ဂိုးဖြင့်အနိုင်ရခဲ့ကြောင်းသိရသည်။

ယင်းပွဲကို ဒေသစံတော်ချိန် ညနေ(၄)နာရီတွင် UMကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

လာအိုအသင်းသည် သြဂုတ်(၂၃)ရက်တွင် အုပ်စု နောက်ဆုံးပွဲအဖြစ် မလေးရှားအသင်း၊ဘရူနိုင်းအသင်းသည်စင်ကာပူအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဝူရှူး ချန်းစုလှံရှည်ပြိုင်ပွဲတွင် စန္ဒီဦး ကြေးတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရ

(၂၉)ကြိမ်မြောက် ဆီးဂီမ်းအားကစားပြိုင်ပွဲ၏ ၀ူးရှူးအားကစားပြိုင်ပွဲများဆက်လက်ကျင်းပခဲ့ပြီး ချန်းစု လှံရှည်ပြိုင်ပွဲတွင် စန္ဒီဦးမှာ ကြေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို သြဂုတ်(၂၁)ရက်နေ့တွင် စတင်ကျင်းပခြင်းဖြစ်ပြီး ကစားသမား(၁၁)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ဝူရှူး ချန်းစုလှံရှည်ပြိုင်ပွဲတွင် စန္ဒီဦးသည်ရမှတ်စုစုပေါင်း(၉.၆၅)မှတ်ရရှိခဲ့ပြီး ငွေတံဆိပ်ဆုရှင်နှင့် ရမှတ်(၀.၁)မှတ် ရွှေတံဆိပ်ဆုရရှိခဲ့သူနှင့် ရမှတ်(၀.၂)သာ ကွာဟမှုရှိခဲ့ကြောင်း သိရသည်။

ဝူရှူး ချန်းစုလှံရှည်ပြိုင်ပွဲ၏ ရွှေတံဆိပ်ဆုကို အိမ်ရှင်မလေးရှားက ရမှတ်(၉.၆၇)၊ငွေတံဆိပ်ဆုကို ဗီယက်နမ်က၉.၆၆ဖြင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးဟော်ကီပြိုင်ပွဲ ယနေ့စတင်မည်ဖြစ်ပြီး မြန်မာအသင်း စင်ကာပူနှင့် တွေ့ဆုံ

Photo – MHF

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက် ခံကျင်းပလျက်ရှိသည့် ဆီးဂိမ်းစ် အမျိုးသမီး ဟော်ကီပြိုင်ပွဲ အုပ်စုပွဲစဉ်များကို သြဂုတ် ၂၁ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် စင်ကာပူအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိ ရသည်။

အမျိုးသမီးဟော်ကီပြိုင်ပွဲတွင် အသင်း ငါးသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားကာ အမှတ်အများ ဆုံးနှစ်သင်း ဗိုလ်လုပွဲနှင့် အဆင့် ၃/၄ နေရာ ရအသင်းတို့မှာ တတိယနေရာလုပွဲ ကစား ရမည်ဖြစ်သည်။ အမျိုးသမီးဟော်ကီပြိုင်ပွဲ တွင် အိမ်ရှင်မလေးရှားအသင်းအပါအ၀င် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် စင်ကာပူအသင်း တို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပွဲစဉ် ရေးဆွဲထားမှုအရ မြန်မာအသင်းသည် သြ ဂုတ် ၂၁ ရက်တွင် စင်ကာပူအသင်း၊ သြဂုတ် ၂၂ ရက်တွင် ထိုင်းအသင်း၊ သြဂုတ် ၂၄ ရက် တွင် အင်ဒိုနီးရှားအသင်း၊ သြဂုတ် ၂၆ ရက် တွင် အိမ်ရှင်မလေးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ မြန်မာအမျိုးသမီး ဟော်ကီအသင်းသည် ပါကစ္စတန်လူမျိုး နည်းပြဖြင့် လေ့ကျင့်မှုများပြုလုပ်ထားပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၌ သွားရောက်လေ့ကျင့်ထားကြောင်း သိ ရသည်။

“ပရိသတ်တွေရဲ့အားကို အများကြီးလိုပါတယ်”

Photo – ကောင်းထက်အောင်

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ရဲ့ယုံကြည်မှုနဲ့ ပွဲထွက်ကစားခွင့်ရနေတဲ့ တိုက်စစ်မှူးအောင်ကောင်းမာန်ဟာ ဘရူနိုင်းအသင်းနဲ့ကစားခဲ့တဲ့ အုပ်စုတတိယပွဲမှာ လူစားဝင်ရောက်လာပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲအပြီး မီဒီယာတွေနဲ့တွေ့ဆုံမေးမြန်းမှု မှာ သူဘာတွေပြောခဲ့သလဲဆိုတာ ပြန်လည်ဖော်ပြလိုက်ပါတယ်။

■မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှူး အောင်ကောင်းမာန်နှင့် တွေ့ဆုံခြင်း

မေး – ဆီမီးဖိုင်နယ်တက်သွားပြီဆိုတော့ ဘယ်လိုခံစားရလဲ ပြောပြပေးပါ။
ဖြေ – ပျော်တယ်ပေါ့။ ဂိုးမရတာလည်းကြာပြီဆိုတော့ အခုလို ဂိုးတွေသွင်းနိုင်လို့ ပျော်ပါတယ်။ ဘရူနိုင်းအသင်းလည်း သူတို့ လူစာရင်းနဲ့ ပြင်ဆင်မှုတွေလုပ်ထားတာ ကောင်းပါတယ်။

မေး – အိမ်ရှင်မလေးရှားနဲ့ကစားရမယ့် အုပ်စုနောက်ဆုံးပွဲက အုပ်စုပထမ နေရာအတွက် အဆုံးအဖြတ်ဖြစ်လို့ ဘယ်လိုပြင်ဆင်မှုတွေလုပ်ထားလဲ။
ဖြေ – ဒါကတော့ နည်းပြကြီးပဲ စီစဉ်မှာပါ။

မေး – ပရိသတ်တွေက မိုးတွေရွာနေချိန်မှာတောင် တစ်ခဲနက်အားပေးခဲ့ကြ တယ်နော်။ အဲဒီပရိသတ်တွေကိုရော ဘာများပြောချင်လဲ။
ဖြေ -အခုလို ပရိသတ်တွေလာအားပေးတာ အရမ်းဝမ်းသာ ပါတယ်။ ပရိသတ်တွေရဲ့အားကိုလည်း အများကြီးလိုပါတယ်။ နောက်ပွဲတွေလည်း လာအားပေးကြပါလို့ ပြောချင်ပါတယ်။

မေး – အသင်းရဲ့ အားသားချက်၊ အားနည်းချက်တွေအပေါ် ဘယ်လိုမြင်လဲ။
ဖြေ – ဒါကတော့ နည်းပြကြီးပဲ အားနည်းချက်၊ အားသာချက် တွေကိုမြင်မှာပေါ့။

မေး – ဒီအသင်းက ရွှေတံဆိပ်ရဖို့လုံလောက်တဲ့ခြေစွမ်း၊ လူအင်အားရှိနေပြီ လို့ ထင်လား။
ဖြေ – အဲဒါတော့ ကျွန်တော်လည်းမပြောတတ်ဘူး။ ကျွန် တော်တို့ကတော့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ပရိသတ် တွေလည်း လာအားပေးကြပါလို့။