မီတာခ နှုန်းထားများအား သာမန် သုံးစွဲနေသူများ ထိခိုက်ခြင်း မရှိဘဲ အများဆုံး သုံးစွဲသူများထံမှ အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်း နည်းစနစ်ဖြင့် ဆောင်ရွက်ရန် စီမံနေဟုဆို

မီတာခ နှုန်းထားများအား သာမန် သုံးစွဲနေသူများ ထိခိုက်ခြင်း မရှိဘဲ အများဆုံး သုံးစွဲသူများထံမှ အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်း နည်းစနစ်ဖြင့် ဆောင်ရွက်ရန် စီမံနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

“စီစဉ်နေတယ် ဆိုတာ အခြေခံလူတန်းစား သာမန်အားဖြင့် သုံးစွဲတဲ့ သူတွေပေါ့။ သာမန်အားဖြင့် သုံးစွဲတဲ့ သူတွေကို မထိခိုက်တဲ့ နည်းပေါ့။ မထိခိုက်တဲ့ နည်းကို စဉ်းစားနေပါတယ်။ စီစဉ်နေပါတယ်။ သို့သော် သာမန် သုံးစွဲတဲ့သူတွေ မထိခိုက်ပေမယ့် အပေါ်မှာ အများဆုံးသုံးတဲ့ သူတွေကနေပြီးတော့ အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်းဆိုတဲ့ နည်းနစ်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ စီမံနေပါတယ်” ဟု ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ဇူလိုင် ၁၂ ရက်က ပြုလုပ်သည့် သတင်းထုတ်ပြန်ပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဒုတိယအမြဲတမ်း အတွင်းဝန်က အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်မှ ငွေကြေးစိုက်ထုတ်မှု များလာသည့်အတွက် နိုင်ငံတော်ကို ပြန်ကြည့်သည့် အနေဖြင့် အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်း နည်းစနစ်ကို သုံးစွဲရခြင်း ဖြစ်ကြောင်း ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ဆိုသည်။

၎င်းက “စီမံနေတယ် ဆိုတဲ့နေရာမှာ တင်ပြခဲ့သလို မတက်လို့ မတိုးလို့တော့ မရတော့ဘူး။ နိုင်ငံတော်က တဖြည်းဖြည်း စိုက်ထုတ်ရမယ့် ဟာတွေ များလာတဲ့အတွက် ကျွန်တော်တို့ အားလုံးက နိုင်ငံတော်ကို ပြန်ကြည့်ပေးရတော့မှာပေါ့။ နိုင်ငံတော် ပြန်ကြည့်တဲ့နေရာမှာ အခြေခံလူတန်းစားကို မထိခိုက်ဘူး။ အချင်းချင်း မျှဝေခံစားတဲ့စနစ်နဲ့ ဆောင်ရွက်သွားဖို့ စီမံနေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်း နည်းစနစ်အား သတ်မှတ်ထားသည့် ၀န်ဆောင်မှုအဆင့်သို့ ရောက်ရှိပါက စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးစိုးမြင့်က ဆိုသည်။

“၀န်ဆောင်မှုကောင်းအောင် လုပ်တဲ့နေရာမှာ သတ်မှတ်တဲ့အချိုးကို ရောက်ခါနီးနေပြီ။ ရောက်သွားပြီဆိုရင် အဲဒါကို ကျွန်တော်တို့ စီစဉ်မှာ ဖြစ်ပါတယ်။ အချိန်ကတော့ ပြောလို့ မရသေးဘူး။ ဒါက တစ်နိုင်ငံလုံးနဲ့၊ ပြည်သူ တစ်ရပ်လုံးနဲ့ သက်ဆိုင်နေတဲ့ အခန်းကဏ္ဍပဲ။ ကျွန်တော်တို့က ဘက်ပေါင်းစုံ စဉ်းစားရတယ်။ ဒီတစ်ခုလေး ကြည့်ပြီး စဉ်းစားလို့ အဆင်မပြေဘူး။ မျှဝေသုံးစွဲတဲ့ သူတွေဘက်ကရော ဘယ်လို သက်ရောက်မှုဖြစ်မလဲ။ သူတို့အတွက်လည်း ပြန်စဉ်းစားပေးရတယ်” ဟု ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံခြင်းမှ ရရှိသည့်ငွေများသည် မီတာများ ပြန်လည်ဝယ်ယူခြင်း၊ လိုအပ်သည့် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်များ ဖြည့်ဆည်းသည့် နေရာများတွင် ပြန်လည် အသုံးပြုကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

တပ်မတော်နဲ့ ကျောက်မျက်ဆန်ရှင်၊ ရင်မနေရတဲ့ မီတာခ

အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်

မြောက်ဦးအဓိကရုဏ်း၊ အဓိကရုဏ်းအပြီးမှာ သတ်ဖြတ်ခံရတဲ့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်၊ ဂူတာပြင်ကျေးရွာဝန်းကျင်မှာ ရာချီတဲ့ရုပ်အလောင်းတွေကို နေရာငါးနေရာခွဲပြီး အစုလိုက်၊ အပြုံလိုက် ခွဲမြှုပ်နှံထားတယ်လို့ AP သတင်းဌာနက သတင်းဖော်ပြမှု၊ ရခိုင်အကြံပေးအဖွဲ့မှာ သြဇာအကြီးဆုံးလို့ဆိုနိုင်တဲ့ အမေရိကန်ဝန်ကြီးဟောင်း ရစ်ချတ်ဆင်ရဲ့ စွပ်စွဲမှု၊ Reuters သတင်းဌာနက ဖော်ပြခဲ့တဲ့ အင်းဒင်ရွာလူသတ်မှုစတဲ့ ရခိုင်ပဋိပက္ခတွေကပဲ မြန်မာပြည်အနာဂတ်ကို ဆွဲချသွားတော့မှာလားလို့ မေးခွန်းထုတ်ရမတတ်အောင်ကို ဖြစ်ရပ်ဆိုးတွေ ဆင့်ကဲထွက်ပေါ်နေတဲ့ မြန်မာနိုင်ငံအကြောင်းဟာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးကို ဦးလှည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ ထင်စရာတွေနဲ့ပါ။

ဒီလိုဖြစ်စဉ်တွေနဲ့ တစ်ပြိုင်နက်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း ဘင်္ဂါလီတွေ ၀င်ရောက်လာပုံသမိုင်းကြောင်းကို ရေးသားထားတဲ့ စာအုပ်မူကြမ်း ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်တာကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြဖို့ရှိတယ်ဆိုတာနဲ့ ဗြိတိသျှသမိုင်းပညာရှင်တွေနဲ့ ပြင်သစ်ပညာရှင်တွေ ရေးသားထားတဲ့ မှတ်တမ်းအရ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားမှာမရှိဘူးလို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးက ပြောခဲ့ပါတယ်။

လာခြင်းမကောင်းတဲ့ ၂၀၁၈ ခုနှစ်ဟာ မြန်မာနိုင်ငံကို ထိုးနှက်လို့ မပြီးသေးဘူးလားလို့ တွေးဆနေရတဲ့ အခြေအနေမှာ အမေရိကန်အထက်လွှတ်တော်အမတ်တွေက မြန်မာ့တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့ဖို့အတွက် ဥပဒေကြမ်းကို အတည်ပြုခဲ့တဲ့ အခြေအနေတွေ ရှိလာပါတယ်။

တပ်မတော်နဲ့ ကျောက်မျက်ဆန်ရှင်

စီးပွားရေးပိတ်ဆို့မယ် အသံကြားတိုင်း ကြွေးကြော်ရတာကတော့ “စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ။ သယံဇာတတွေပေါတဲ့မြေ” ဆိုတဲ့ သီချင်းပါ။ တကယ့်တကယ်တမ်းမှာကျ နိုင်ငံပေါင်းစုံနဲ့ ကုန်သွယ်ကူးလူး ဆက်ဆံရတဲ့အခြေအနေမှာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်ရေးမှာ အမေရိကန်ဆန်ရှင်ပိတ်ဆို့မှုက ဘယ်လိုအဖွဲ့အစည်းကိုပဲ ဦးတည်ပိတ်ဆို့ ပိတ်ဆို့၊ ပိတ်ဆို့ခံရတဲ့နိုင်ငံအတွက် ခက်ခဲမှုကိုပဲဖြစ်ပေါ်စေပါတယ်။

လက်ရှိမှာဆိုရင် အမေရိကန် အထက်လွှတ်တော်အမတ်တွေကနေ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့ဖို့အတွက် ဥပဒေကြမ်းကို အတည်ပြုခဲ့တဲ့ အခြေအနေအပြင် မြန်မာ့ကျောက်မျက်ရတနာဆိုင်ရာ ပိတ်ပင်မှု ဥပဒေကို ပြန်လည်ပြဋ္ဌာန်းဖို့ ခြေလှမ်းပြင်နေတာဟာ မြန်မာနိုင်ငံအတွက်တော့ အလားအလာမကောင်းရတဲ့ကြားမှာ မြန်မာနိုင်ငံကို ၀င်ရောက် မြှုပ်နှံမှုပြုတဲ့ အမေရိကန်ကုမ္ပဏီအချို့ ပြန်လည်ထွက်ခွာဖို့ စိုင်းပြင်းနေတာကလည်း မြန်မာနိုင်ငံအတွက်တော့ သက်မချစရာပါ။

ကိုယ့်ရေ၊ ကိုယ့်မြေကို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်လို့ လူဦးရေ ရာနဲ့ချီပြီး တိုင်းရင်းသားမြို၊ ခမီ၊ ရခိုင်နဲ့ ဟိန္ဒူဘာသာဝင်တွေ လည်လှီးသတ်ဖြတ်ခံနေရတဲ့ အခြေအနေမျိုးတွေမှာ တိတ်ဆိတ်ခဲ့တဲ့ လူ့အခွင့်အရေးဆိုတာဟာ အကြမ်းဖက်ဘင်္ဂါလီတွေကျမှ အသံကျယ်ကျယ် တစ်ဖက်စောင်းနင်း ထွက်လာနေတာဟာ ရိုးသားမှုရှိရဲ့လားလို့ မေးခွန်းထုတ်ချင်စရာပါ။

တရုတ်နိုင်ငံနဲ့ OBOR စီမံကိန်း စတင်ချိန်၊ မန္တလေးကို ဗဟိုပြုမယ့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စတင်မယ့်အချိန်ကျကာမှ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ အနောက်မီဒီယာအုပ်စုတွေရဲ့ Agenda Setting နဲ့ မြန်မာနိုင်ငံကို စနစ်တကျ သတ်ကွင်းထဲတွန်းပို့ဖို့ ပြင်ဆင်လာတာတွေကို သတိမူကြဖို့ မီဒီယာမျက်နှာစာကနေ တွန်းအားပေးခဲ့ကြပေမယ့် ဖြစ်လာရင်ငုံ့ခံရတော့မှာလားဆိုတဲ့ အခြေအနေကလွဲရင် တုံ့ပြန်နိုင်တဲ့ အင်အားက အစိုးရမှာရော၊ ပြည်တွင်းမီဒီယာမှာပါ သြဇာနည်းနေခဲ့ပါတယ်။

ရင်မရမယ့် မီတာခနဲ့ လာမယ့်ဘေး ပြေးတွေ့ရတော့မယ့် မီတာလေးမျိုး

မီတာခတက်မယ်ဆိုတိုင်း မီးသုံးစွဲခွင့်ရထားတဲ့ မြန်မာ့လူဦးရေ ရာခိုင်နှုန်း ၃၀ ကပဲ အသံထွက်တယ်လို့ ဆိုကြပြီး မီးမရတဲ့ ရာခိုင်နှုန်း ၇၀ က အသံမထွက်ဘူးလို့ ဆိုကြပါတယ်။ လျှပ်စစ်မီးဆိုတာက လက်ရှိ အခြေအနေမှာ နေ့စဉ်သုံးစွဲနေရတဲ့ ပြည်သူတွေအတွက် အခြေခံလိုအပ်ချက် အဆင့်ကို ရောက်လာပြီဖြစ်တာကြောင့် မဖြစ်မနေ သုံးစွဲနေရသလို သုံးစွဲမှုများလာရင် များလာတဲ့အတိုင်း ငွေကုန်တာမို့ ကုန်သည်စက်မှုအသင်းချုပ်က တင်ပြထားသလိုများ မီတာခသုံးဆတက်မယ်ဆိုရင် အခြေခံပြည်သူတွေ ခံနိုင်ရည်ရှိပါ့မလား တွေးရတော့မှာပါ။

မီတာခတက်မယ်ဆိုရင် တက်လာရင် ဘယ်လိုလုပ်ငန်းရှင်ကမှ အရင်းထဲက စိုက်ထုတ်ကျခံမှာ မဟုတ်တာနဲ့ မကြာခင်ရက်ပိုင်းမှာ စတင်တော့မယ့် အနည်းဆုံးအခကြေးငွေ ရာခိုင်နှုန်း ၃၀ လောက် တိုးမြှင့်မှုဂယက်တွေရဲ့ ဆိုးကျိုးတွေကလည်း ရှိလာဦးမှာဖြစ်လို့ အလုပ်လက်မဲ့ ပြဿနာ၊ အလုပ်ထုတ်ခံရတဲ့ ပြဿနာတွေနဲ့ ကုန်ဈေးနှုန်းမြင့်တက်လာဦးမယ့် အခြေအနေမျိုးတွေမှာ သာမန်ပြည်သူတွေ တောင့်ခံနိုင်ဖို့ မရေရာပါဘူး။

“မီတာလေးမျိုးရှိတယ်။ အဲဒီမီတာလေးမျိုးမှာ သာမန်ပြည်သူတွေသုံးတဲ့ မီတာမျိုး၊ နောက်ထပ် ဒီထက်ပိုပြီး ယူနစ်များများသုံးချင်တဲ့ လူမျိုးအတွက် ပုံစံတစ်မျိုး သူ့ဂရိတ်တွေတော့ ရှိတာပေါ့။ အသေးစိတ်ကိုတော့ ကျွန်တော်အကုန်လုံး အလွတ်မရဘူး။ ဒီလိုလေးမျိုး ပြန်လည်တပ်ဆင်ဖို့ရှိတယ်။ အဲဒီလိုမျိုး ပြန်လည်တပ်ဆင်တဲ့ အခါမှာလည်း ဘာလို့ မီတာခအနည်းဆုံးနဲ့ တပ်ဆင်ဖို့ရှိတယ်ဆိုတာ ပြည်သူတွေအနည်းဆုံး သုံးနိုင်တဲ့ပြည်သူတွေရှိတယ်။ အဲဒီလိုမျိုး တပ်ဆင်တဲ့အခါမှာ အရင်တုန်းက မီတာတစ်မျိုးတည်း နှစ်မျိုးတည်းပဲဖြစ်တဲ့ အတွက်ကြောင့်မို့ မီတာတပ်ဆင်တဲ့အခါမှာ နည်းနည်းလေးသုံးတဲ့သူလည်း အများကြီးပေးရတယ်။ အခုကနည်းနည်းသုံးတဲ့သူလည်း တပ်ဆင်ခနည်းနည်းပဲ ပေးရတဲ့စနစ်မျိုးကိုပြောင်းမယ်။ အဓိက, ကတော့ အနည်းလေးသုံးတဲ့ ပြည်သူတွေကို သက်သာစေချင်လို့” လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ဆိုပါတယ်။

ဘယ်လိုပဲ သက်သာမယ်ပြောနေပါစေ တစ်နှစ်ကို ဘီလျံ ၄၀၀ လောက်ရှုံးနေတဲ့အပြင် အစိုးရစာချုပ်တွေက အားနည်းချက်တွေ မပြင်နိုင်သေးတဲ့ အခြေအနေ၊ ၂၀၁၇ နွေရာသီ မီးလင်းရေးဆိုပြီး ဘီလျံ ၃၀ အကုန်ခံခဲ့ပေမယ့် မီးလည်းမရ၊ တိုင်းပြည်ကလည်း အပိုငွေကုန်စေခဲ့တဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှု လွဲမှားစေခဲ့မှုတွေက ပြည်သူတွေဆီကနေ ငွေပြန်ရှာတော့မှာဖြစ်လို့ လျှပ်စစ်သုံးစွဲသူတိုင်းက အရင်ထက်ငွေပိုကုန်ကျမယ့် အခြေအနေ ဖြစ်နေပါပြီ။

သုံးစွဲမှု အနည်းအများပေါ် မူတည်ပြီး မီတာခကောက်ခံနိုင်ရန် မီတာတပ်ဆင်မှုကို အမျိုးအစားလေးခု ဆောင်ရွက်မည်ဖြစ်ပြီး မီတာခနှုန်းထားကိုလည်း ပြင်ဆင်မည်ဟုဆို

ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပြုပြင်နေသူ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇင်ဖြိုး)

လျှပ်စစ်သုံးစွဲမှုနည်းသော ပြည်သူများ ပိုမိုအဆင်ပြေစေရန်နှင့် လျှပ်စစ်သုံးစွဲမှု အနည်းအများအပေါ် မူတည်ပြီး မီတာခ ကောက်ခံနိုင်ရန်အတွက် မီတာလေးမျိုး (Four Meter System) ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မီတာခကိုလည်း ပြင်ဆင်သတ်မှတ်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel တွင် ပြုလုပ်သည့် Myanmar-Korea Investment Promotion Seminar အခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောကြားသည်။

“မီတာလေးမျိုးရှိတယ်။ အဲဒီမီတာလေးမျိုးမှာ သာမာန်ပြည်သူတွေသုံးတဲ့ မီတာမျိုး နောက်ထက် ဒီထက်ပိုပြီး ယူနစ်များများသုံးချင်တဲ့ လူမျိုးအတွက် ပုံစံတစ်မျိုး သူ့ဂရိတ်တွေတော့ ရှိတာပေါ့။ အသေးစိတ်ကိုတော့ ကျွန်တော်အကုန်လုံး အလွတ်မရဘူး။ ဒီလိုလေးမျိုး ပြန်လည်တက်ဆင်ဖို့ရှိတယ်။ အဲဒီလိုမျိုး ပြန်လည်တပ်ဆင်တဲ့ အခါမှာလည်း ဘာလို့ မီတာခ အနည်းဆုံးနဲ့ တပ်ဆင်ဖို့ရှိတယ်ဆိုတာ ပြည်သူတွေ အနည်းဆုံး သုံးနိုင်တဲ့ ပြည်သူတွေရှိတယ်။ အဲဒီလိုမျိုး တပ်ဆင်တဲ့အခါမှာ အရင်တုန်းက မီတာတစ်မျိုးထဲ နှစ်မျိုးထဲပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ မီတာတပ်ဆင်တဲ့အခါမှာ နည်းနည်းလေးသုံးတဲ့သူလည်း အများကြီး ပေးရတယ်။ အခုက နည်းနည်းသုံးတဲ့သူလည်း တပ်ဆင်ခနည်းနည်းပဲ ပေးရတဲ့စနစ်မျိုးကို ပြောင်းမယ်။ အဓိကတော့ အနည်းလေးသုံးတဲ့ ပြည်သူတွေကို သက်သာစေချင်လို့” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မီတာခ ပြန်လည်ပြင်ဆင်ရန်အတွက် လက်ရှိအတွင် မီတာခနှုန်းထားများကို ပြန်လည်သုံးသပ် တွက်ချက်မှုများ ဆောင်ရွက်နေပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ လွှတ်တော်တို့မှ အားလုံးသဘောတူညီမှု ရရှိမှုဖြင့်သာ ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“မီတာလေးမျိုးပုံစံနဲ့ ထုတ်ပြန်မယ်ဆိုတာဟုတ်တယ်။ မီတာခက ဘယ်လိုပြင်ဆင် သတ်မှတ်မလဲ ဆိုတာကတော့ ဒါက အခုမှ ဈေးနှုန်းကို ပြန်လည်သုံးသပ် နေတုန်းပဲ ရှိပါတယ်။ ဈေးနှုန်းပြန်လည် သုံးသပ်ရတဲ့ နေရာမှာလည်း ပြန်လည်တွက်ချက်ရတာ ရှိပါတယ်။ ပြီးရင်လည်း သက်ဆိုက်ရာ ၀န်ကြီးဌာနတွေ ပြည်နယ်နဲ့ တိုင်းအစိုးရတွေ လွှတ်တော်တို့ အဲ့ဒါတွေအကုန်လုံး သဘောတူပြီး အခြေနေရောက်တော့မှာမှ ပြုပြင်ပြောင်းလဲမှာ ဘယ်တော့ပြုပြင် ပြောင်းလဲမှာလည်း ဆိုတာက လောလောဆယ်မှာ ပြောလို့မရသေးဘူး” ဟု ဦးမင်းမင်းဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မီတာတပ်ဆင်မှုမှာ အိမ်သုံးမီတာနှင့် လုပ်ငန်းသုံး (ပါဝါ) မီတာ နှစ်မျိုးသာရှိသည်။ ထို့ကြောင့် မီတာသုံးစွဲသည့်ပြည်သူများ မီတာခ သက်သာစေရန် မီတာအသုံးပြုသည့် နှုန်းထားအပေါ် လိုက်ကာ အဆင့်လေးဆင့် သတ်မှတ်ပြီး မီတာတပ်ဆင်မှု ပုံစံလေးမျိုး ခွဲခြားသွားရန် ရည်ရွယ် ဆောင်ရွက်ခြင်ြး ဖစ်ကြောင်း သိရသည်။

“Four meter system လုပ်မယ်။ လူထုရွေးချယ်စရာရှိတယ်။ ရွေးချယ်ခွင့်ရှိတယ်။ ဈေးလည်းတော်တော် သက်သာသွားမယ်။ ဆိုလိုတာကတော့ နှစ်သောင်းခွဲ သုံးသောင်း ၀န်ကျင်လောက်ပေါ့။ လူထုအတွက် မီတာနဲ့ ပတ်သက်လို့ အတော်လေး အဆင်ပြေသွားမယ်” ဟု လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးသုံးစွဲသူ ၁၀ ဒသမ ၈၇၇ သန်းအနက် ၄ ဒသမ၂၈၉ သန်း (၃၉ ဒသမ ၄ ရာခိုင်နှုန်း) လျှပ်စစ်မီးရရှိပြီး ဖြစ်ကာ ၆ ဒသမ ၅၈၈ သန်း လျှပ်စစ်မီးရရှိရန် ကျန်ရှိနေသေးကြောင်း၊ မြို့နယ်အားဖြင့် ၄၈၂  မြို့အနက် ဓာတ်အားစနစ်ကို မြို့ပေါင်း ၃၅၀ မှ ရရှိပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှုန်းထားသည် ၁၅ ရာခိုင်နှုန်းရှိပြီး ယင်းတိုးတက်မှု နှုန်းများအရ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်$ ၄၅၃၁ မဂ္ဂါဝပ်အထိ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။