ကလေးမြို့ တောင်ဖီလာတောင်ခြေ၌ မြန်မာနှစ်ဆန်းတစ်ရက်တွင် စတုဒီသာကျွေးသူများ၊ ဘုရားရေသပ္ပယ်သူများနှင့် စည်ကား

ကလေးမြို့ တောင်ဖီလာတောင်ခြေ၌ မြန်မာနှစ်ဆန်းတစ်ရက်တွင် စတုဒီသာကျွေးသူများ ဘုရားရေသပ္ပယ်သူများနှင့် စည်ကားခဲ့ကြောင်း သိရသည်။

“နှစ်စဉ်နှစ်တိုင်း ပျော်ကြပါတယ်၊ တောင်ပေါ်မှာလည်း ဘုရားစေတီတွေ ရှိတယ်၊ ကျွန်တော်တို့ နှစ်ဆန်းတစ်ရက်နေ့တိုင်း တောင်ပေါ်က ဘုရားတွေကို ရေသပ္ပယ်ကြပါတယ်၊ ကျွန်တော်တို့ ရွာကပဲ ဦးဆောင်ပြီးတော့ စတုဒီသာ ကျွေးကြတာ နှစ်တိုင်းပဲ ၊ ဒီလို လုပ်လာတာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကျွေးမွေးနေကြတာပါ ။ တောင်ပေါ်တက်တဲ့ သူတွေရော လမ်းတစ်ဝက်မှာ ဖျော်ရည်တိုက်ကြပါတယ် ။ တောင်ပေါ်မှာကြတော့ ဘုရားတွေကို ရေသပ္ပာယ်ကြပါတယ် ” ဟု တောင်သာရွာမှ ကိုဝင်းခိုင် မှ ပြောကြားခဲ့ပါသည်။

တောင်ဖီလာ တောင်ခြေတွင် နှစ်စဉ် နှစ်ဆန်းတစ်ရက်တိုင်းတွင် ရေကစားသူများ ၊ စတုဒီသာကျွေးသူများ ၊ ဘုရားရေသပ္ပယ်သူများ ၊ သင်္ကြန်အကများဖြင့် စည်ကားစွာ ကျင်းပခဲ့သည်ဟု သိရှိရပါသည်။

ကလေးမြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်၌ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်သူများ များပြားခဲ့ပြီး သင်္ကြန်ကာလအတွင်းကလည်း ယောဂီဝတ်သူများ ၊ ဒုလ္လဘရဟန်း ၀တ်သူများ များပြားခဲ့ကာ တောင်ဖီလာတောရ စာသင်တိုက်တွင် ဒုလ္လဘရဟန်းအပါး ၂၀၀ နီးပါးခန့် ယောဂီ ၇၀၀ ခန့် နှင့် ကျောက်ဂူတောရ ဘုန်းတော်ကြီးကျောင်းတွင် ဒုလ္လဘရဟန်း အပါး ၁၀၀၀ ကျော်ခန့် ၊ ယောဂီ ၁၀၀၀ ကျော်ရှိခဲ့သည်ဟု သိရသည်။