ပွဲဦးထွက် ရာသီကြိုခြေစမ်းပွဲမှာ LA ဂလက်ဆီကို ဂိုးပြတ်အနိုင်ယူပြီး တာထွက်လှအောင် ကြိုးစားမယ့် မန်ယူ

မန်ယူကစားသမားများ ပြင်ဆင်လေ့ကျင့်နေစဉ်(Photo: Getty Images)

ဒီတစ်ပတ်မှာ ယှဉ်ပြိုင်ကစားမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာတော့ ဥရောပထိပ်သီးအသင်းကြီးတွေ ပါဝင်လာပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းက ပွဲဦးထွက် ရာသီကြိုခြေစမ်းပွဲအဖြစ် မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားတဲ့ ပေါ့ဘာ၊ ဒီနွေရာသီရဲ့ ဈေးအကြီးဆုံး ကစားသမားဖြစ်နေတဲ့ လူကာကူအပြင် အဓိက, ကစားသမားတွေ အစုံအလင်နဲ့ အမေရိကန်ကို ရောက်ရှိလာတဲ့ မန်ယူအသင်းအနေနဲ့ LA ဂလက်ဆီအသင်းကို ဂိုးပြတ်အနိုင်ယူပြီး တာထွက်လှအောင် ကြိုးစားမှာပါ။

အူရာဝရတ်စ် နှင့် ဒေါ့မွန်

(၁၅-၇-၂၀၁၇ စနေ ညနေ ၄း၄၀)

အူရာဝရတ်စ်က ဂျေလိဂ်မှာ အလယ်အလတ်အဆင့်ရှိတယ်။ ဂျပန်လက်ရွေးစင်တချို့လည်း ပါဝင်နေတယ်။ ဒါပေမဲ့ အရံအင်အား တောင့်တင်းသလို၊ လူငယ်ကြယ်ပွင့်တွေလည်း များတဲ့ ဒေါ့မွန်အတွက် အခက်အခဲ မရှိနိုင်ပါဘူး။ ဂျပန်မြေဆိုပေမယ့် ဒေါ့မွန်ပဲ ဂိုးပြတ်နိုင်ဖို့များပါတယ်။

 

■ ဆဲလ်တစ် နှင့် လိုင်ယွန်

(၁၅-၇-၂၀၁၇ စနေ ည ၈း၃၀)

          စကော့တလန်ကလပ်အသင်းတွေက အိမ်ကွင်းမာကျောပါတယ်။ စကော့တလန် ချန်ပီယံ ဆဲလ်တစ်ရဲ့ အိမ်ကွင်းခြေစွမ်းက ဥရောပအသင်းကြီးတွေကိုတောင် ဒုက္ခပေး နိုင်လေ့ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဆဲလ်တစ်က ချန်ပီယံလိဂ်ခြေစစ်ပွဲရှိနေတာ ကြောင့် ဒီပွဲက သရေကျဖို့ပဲ များပါတယ်။

■ အင်တာမီလန် နှင့် နုရင်ဘတ်

(၁၅-၇-၂၀၁၇ စနေ ည ၁၀း၀၀)

မီလန်ဒါဘီပြိုင်ဘက် အေစီမီလန်က ပြင်ဆင်မှုကောင်းနေချိန်မှာ အင်တာမီလန်ကတော့ သွေးအေးနေဆဲပါပဲ။ နည်းပြ စပယ်လက်တီရဲ့ ပွဲဦးထွက် ခြေစမ်းပွဲမှာတော့ နိုင်ပွဲနဲ့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဂျာမန်ဒုတိယတန်းကို ရောက်နေတဲ့ နုရင်ဘတ်ကိုလည်း အင်တာမီလန် နိုင်ဖို့များပါတယ်။

 

■ နာပိုလီ နှင့် ထရန်တို

(၁၆-၇-၂၀၁၇ တနင်္ဂနွေ နံနက် ၁း၃၀)

နာပိုလီက ရာသီကြိုအစပိုင်းပွဲစဉ်တွေ မှာ ခြေသွေးဖို့အတွက် အပျော်တမ်းသာသာ အသင်းတွေနဲ့ပဲ ခြေစမ်းနေပါတယ်။ ထရန်တိုအသင်းက ပြီးခဲ့တဲ့ရာသီက စီးရီးဒီမှာ ရုန်းကန်ခဲ့ရတဲ့အသင်းပါ။ ရှေ့ခြေစမ်းပွဲမှာ ၁၇ ဂိုးပြတ် အနိုင်ရခဲ့တဲ့ နာပိုလီ ဒီပွဲမှာလည်း ဂိုးမိုးရွာဦးမှာပါ။

 

■ မာဆေးလ် နှင့် ဖီနာဘာချီ

(၁၆-၇-၂၀၁၇ တနင်္ဂနွေ နံနက် ၁း၃၀)

မာဆေးလ်က ဥရောပအဆင့်ကို ပြန်လည်တက်လှမ်းနိုင်ဖို့ အားယူနေပါတယ်။ အသင်းမှာ ပါယက်၊ အီဗရာ၊ ဂူစတာဗို၊ ရာမီ တို့လို ဥရောပအဆင့် ကစားသမားတွေလည်း ရှိနေပါတယ်။ ဖီနာဘာချီကတော့ အရင်ကလောက် မာရည်ကျောရည် မရှိတော့ပါဘူး။ မာဆေးလ်ကိုပဲ ကြိုက်ပါတယ်။

 

■ ဖီလာဒဲဖီးယား နှင့် ဆွမ်ဆီး

(၁၆-၇-၂၀၁၇ တနင်္ဂနွေ နံနက် ၅း၃၀)

ဆွမ်ဆီးရဲ့ နွေရာသီလှုပ်ရှားမှုက အားရစရာ မရှိဘူး။ အဓိက,ကွင်းလယ်လူ ဆီဂတ်ဒ်ဆန်လည်း အမေရိကကို လိုက်ပါလာခြင်း မရှိပါဘူး။ ဖီလာဒဲဖီးယားလည်း မေဂျာလိဂ်မှာ ခြေစွာတဲ့အသင်း မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ် ရှင်အားသာချက်ရှိတာကြောင့် ဖီလာဒဲဖီးယား မရှုံးလောက်ဘူးလို့ ထင်ပါတယ်။

 

■ LA ဂလက်ဆီ နှင့် မန်ယူ

(၁၆-၇-၂၀၁၇ တနင်္ဂနွေ နံနက် ၈း၃၀)

ဘက်ခမ်၊ ဂျရတ်၊ ရော်ဘီကင်းတို့ရဲ့ အသင်းဟောင်း LA ဂလက်ဆီက အရင်လို အရှိန်အ၀ါမျိုး မရှိတော့ပါဘူး။ အသင်းမှာ အက်ရှ်လေကိုးလ်၊ ဒေါ့ဆန်းတို့စ်တို့တော့ ရှိနေသေးတယ်။ ဒါပေမဲ့ ကစားသမား အစုံအလင်နဲ့ ချီတက်လာတဲ့ မန်ယူအသင်းပဲ ဂိုး ပြတ်နိုင်ဖို့ များပါတယ်။

 

■ မိုနာကို နှင့် PSV

(၁၆-၇-၂၀၁၇ တနင်္ဂနွေ ည ၉း၃၀)

မိုနာကိုအသင်းက အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေကို ထိန်းသိမ်းရခက်နေပေမယ့် လူငယ်ရွက်ပုန်းသီးတွေကိုခေါ်ယူပြီး အရန်သင့်အစားထိုးထားတာကြောင့် စိုးရိမ်စရာ မရှိပါဘူး။ နယ်သာလန်ကလပ် PSV ကိုလည်း လျှော့တွက်လို့မရပေမယ့် မိုနာကို,ကိုပဲ ပိုကြိုက်ပါတယ်။