မိမိနေရာကို ဂျရတ် ဆက်ခံစေရန် ဆန္ဒရှိသည်ဟု ကလော့ပ် ပြောကြား

photo - ESPN

လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းမှမိမိထွက်ခွာမည့်အချိန်တွင် မိမိနေရာကို ဂျရတ် ဆက်ခံရန် ဆန္ဒရှိသည်ဟု ပြောကြားသွားခဲ့သည်။

ဂျရတ်သည် ပြီးခဲ့သည့် နှစ်အတွင်းက ဘောလုံးသမားဘ၀မှ အနားယူခဲ့ပြီးနောက် ပထမဆုံး နည်းပြဘ၀အတွေ့အကြုံအဖြစ် လီဗာပူးလ် ယူ-၁၈ အသင်းကို တာဝန်ယူတော့မည်ဖြစ်သည်။ ဂျရတ်နှင့် ပတ်သတ်ပြီး The Times က ကလော့ပ်၏ အမြင်ကို မေးမြန်းခဲ့ရာတွင် ကလော့ပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်သို့ကို ပြောထားပါတယ်။ ငါ ဒီအသင်းက ထွက်ရင်ဖြစ်စေ၊ အသင်းက ထုတ်ပယ်ခဲ့ရင်ဖြစ်စေ ငါ့နေရာကို ဘယ်သူအစားဝင်လာမလဲဆိုတာကို ဂရုစိုက်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းဖြစ်နေရင်တော့ ငါ ကျေနပ်မှာပဲ လို့ပါ"ဟု ကလော့ပ်က ပြောကြားခဲ့သည်။

ကလော့ပ်သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၂ အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး စာချုပ်သက်တမ်းကုန်သည်အထိ လီဗာပူးလ်အသင်းကို နည်းပြသွားလိုသည်ဟုလည်း ပြောကြားခဲ့သည်။

ကလော့ပ်က ဂျရတ်နှင့် ပတ်သတ်ပြီး "ကျွန်တော်တို့အသင်းရဲ့ နည်းပြအဖွဲ့ထဲမှာ စတီဗင် ပါလာတာကို ကျွန်တော်အရမ်းဝမ်းသာပါတယ်။ သူက တကယ်ထူးခြားတဲ့အရည်အသွေးတွေပိုင်ဆိုင်ထားသူပါ။ နည်းပြတစ်ယောက်အတွက် လိုအပ်တဲ့ အရာအားလုံးကို ကျွန်တော်သူ့ကို မျှဝေပေးသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းကို ကျွန်တော် ရောက်လာပြီဆိုကတည်းက ဒီအသင်းရဲ့ အနာဂတ်အတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ပြီးတော့ ဂျရတ်လို ဂန္ထ၀င်ကစားသမားမျိုးက ကလပ်အသင်းရဲ့ အနာဂတ်ဖြစ်လို့ ကျွန်တော်သူ့ကို အကူအညီပေးသွားမှာပါ" ဟု ပြောကြားခဲ့သည်။