ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်များ ရေးဆွဲရာတွင် ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကို၊ မိုနာကိုနှင့် ဂျူဗင်တပ်စ်တို့ ဆုံတွေ့

Photo : UEFA Champions League
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များကို ရေးဆွဲခဲ့ရာတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အက်သလက်တီကိုမက်ဒရစ်၊ မိုနာကိုအသင်းနှင့် ဂျူဗင်တပ်စ်တို့ ဆုံတွေ့နေကြကြောင်း သိရှိရသည်။ 
 
ရီးယဲလ်မက်ဒရစ် အသင်းနှင့် အက်သလက်တီကိုမက်ဒရစ် အသင်းတို့သည် နောက်ဆုံး (၃)ရာသီအတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် နှစ်ကြိမ်တိုင် ဆုံတွေ့ခဲ့သည့် ပြိုင်ဘက်ဟောင်းများဖြစ်ပြီး ယခုအခါ ဆီမီးဖိုင်နယ်အဆင့်တွင် ဆုံတွေ့နေခြင်းဖြစ်သည်။ 
 
မိုနာကိုအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့မှာမူ ၂၀၁၅ ခုနှစ်က နောက်ဆုံးအကြိမ် ဆုံတွေ့ခဲ့ဖူးပြီး ထိုအချိန်က ဂျူဗင်တပ်စ်အသင်းက နှစ်ကျော့ပေါင်း ရလဒ် (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ဖူးသည်။ 
 
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေလ (၂၊ ၃) ရက်များတွင် ပထမအကျော့နှင့် မေလ (၉၊ ၁၀)နေ့များတွင် ဒုတိယအကျော့ ပွဲစဉ်များကို ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပြီး၊ ဗိုလ်လုပွဲကို ဝေးလ်ပြည်နယ် ကာဒစ်ဖ်ကွင်းတွင် (၃-၆-၂၀၁၇) နေ့တွင် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရှိရသည်။