ယူရိုပါလိဂ် ပွဲစဉ်များ အကြိုသုံးသပ်ချက်

Photo : AFP
■ ရိုးမား နှင့် လိုင်ယွန်
 
ပထမအကျော့မှာ နာကျင်အချိန်ပိုရောက်မှ နောက်ထပ်တစ်ဂိုးပေးလိုက်ရလို့သာ ရိုးမားအသင်း (၂)ဂိုးပြတ် အရေးနိမ့်ခဲ့ ရတာပါ။ ခြေစွမ်းအရတော့ ကွာခြားမှုလုံးဝမရှိခဲ့ပါဘူး။ လိုင်ယွန်က အနည်းငယ်အသာရရုံလောက်ပဲ ကစားနိုင်ခဲ့ပါတယ်။ ရော မမြေမှာ ရိုးမားအသင်း ပြန်လာနိုင်မလားဆိုတာကတော့ သေချာစဉ်းစားရလိမ့်မယ်။ စီးရီးအေပြိုင်ပွဲမှာ ရိုးမားက ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရမယ့် အဆင့်(၂)နေရာအတွက် စိတ်မအေးရတော့ဘူး။ ဒါကြောင့် စီးရီးအေကိုပဲ အာရုံစိုက်မလား၊ နောက်တစ် ဆင့်တက်ဖို့ အခွင့်အလမ်းနည်းနေတဲ့ ယူရိုပါလိဂ်နဲ့ ကိုပါအီတာလီယာပြိုင်ပွဲတွေကို ဆက်လက်အလေးထားယှဉ်ပြိုင်မလား ရိုးမား ရွေးရတော့မယ်။ လိုင်ယွန်ကတော့ အဝေးကွင်း သိပ်မစွံပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၆)ပွဲမှာ (၁)ပွဲသာအနိုင်ရ ပြီး (၄)ပွဲ ရှုံးနိမ့်ခဲ့တယ်။ လိုင်ယွန် ပထမအကျော့ဂိုးပြတ်နိုင်ထားလို့ ဒီပွဲကို ဘယ်လိုကစားမလဲ ချိန်ထိုးကြည့်ရမယ်။ ဒါပေမဲ့ လက်ရှိနောက်တန်းကစားပုံမျိုးနဲ့ အဝေးကွင်းမှာ ထိန်းကစားမယ်ဆိုရင်တော့ ရိုးမားကို မိနစ်(၉၀)ပြည့် တောင့်ခံနိုင်ဖို့ခက်မယ် ထင်တယ်။ ရိုးမား ကွာတားတက်ဖို့တော့ မသေချာဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာ အနိုင်ကစားလိမ့်မယ်။
 
■ မန်ယူ နှင့် ရော့စတော့ဗ်
 
ရုရှားမြေမှာ မန်ယူအသင်း အသာစီးကကစားနိုင်ခဲ့ပေမယ့် အသင်းနောက်တန်းရဲ့တစ်ချက်အမှားကြောင့် ချေပဂိုးပြန် ပေးခဲ့ရတာပါ။ ခြေစွမ်းကတော့ အတော်လေးကွာပါတယ်။ ပထမအကျော့က ချေပဂိုးသွင်းထားသူ ဘူခါရော့ဗ် ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါနိုင်လို့ ရော့စတော့ဗ် ပိုအားနည်းသွားနိုင်ပါတယ်။ မန်ယူ အနိမ့်ဆုံး(၂)ဂိုးပြတ်မှာပါ။
 
■ အေဂျက်စ် နှင့် FC ကိုပင်ဟေဂင်
 
အေဂျက်စ်အသင်းက ယူရိုပါလိဂ် အိမ်ကွင်းပွဲစဉ်(၁၀)ပွဲ ဆက် ရှုံးပွဲမရှိဘဲ (၄)ပွဲဆက် အနိုင်ကစားထားတာတွေ့ရတယ်။ ကိုပင်ဟေဂင်ကလည်း ဒီရာသီ အဝေးကွင်းခြေစွမ်း မဆိုးပါဘူး။ ဒါပေမဲ့ ဒတ်ခ်ျမြေမှာတော့ ကိုပင်ဟေဂင် ရုန်းကန်ရမှာ သေချာပါ တယ်။ အေဂျက်စ်ပဲ အနိုင်ရဖို့များတယ်။
 
■ ဘက်ဆစ်တက် နှင့် အိုလံပီယာကော့စ်
 
ဂရိမြေမှာတောင် ဘက်ဆစ်တက်အသင်းက အပြတ်အ သတ်အသာစီးရခဲ့တယ်။ အသားကျလာပြီး ပုံစံကောင်းရနေတဲ့ အသင်းရဲ့ကစားဟန်ကြောင့် အိမ်ကွင်းမှာ အခက်အခဲတွေ့ဖို့မ ရှိပါဘူး။ ဘက်ဆစ်တက် အနိုင်ကစားမှာပါ။
 
■ အန်ဒါလက်ခ်ျ နှင့် အပိုးလ်နီကိုးရှား
 
အပိုးလ်နီကိုးရှားက စိတ်ဓာတ်ခိုင်မာတဲ့ အသင်းပါ။ အန် ဒါလက်ခ်ျ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ဖို့မရှိလို့ အပိုးလ်နီကိုးရှားနဲ့ပဲ စွန့်စားသင့်တယ်။
 
■ မိုချန်ဂလာဘတ် နှင့် ရှော်လ်ကေး
 
လတ်တလောခြေစွမ်းအရတော့ ရှော်လ်ကေးအသင်း မို ချန်ဂလာဘတ်ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ရှော်လ်ကေးက ဥ ရောပပြိုင်ပွဲအစဉ်အလာပိုရှိတာ သတိပြုသင့်တယ်။ လက်ရှိ Four Backs ပြန်ကစားနေတဲ့ ရှော်လ်ကေး ခံစစ်ကြောင်းက တည်ငြိမ်မှုရှိလာတာ တွေ့ရတယ်။ မိုချန်ဂလာဘတ်အသင်းရဲ့ အိမ်ကွင်းရလဒ်ပိုင်းကလည်း သိပ်အထင်ကြီးစရာမရှိပါဘူး။ ရှော်လ်ကေးဘက်ကပဲ ရပ်တည်ချင်တယ်။
 
■ ခရက်စ်နိုဒါ နှင့် ဆယ်လ်တာဗီဂို
 
အဝေးဂိုးတစ်ဂိုးပေးထားရလို့ ဆယ်လ်တာဗီဂို သတိထား ကစားရလိမ့်မယ်။ ဒါပေမဲ့ ခရက်စ်နိုဒါ နောက်ပိုင်းပွဲတွေမှာ ရ လဒ်ပိုင်းကျလာတယ်။ ခရက်စ်နိုဒါ အသင်းလိုက်တည်ငြိမ်မှု ရှိပေမယ့် ဥရောပပွဲတွေမှာ ဂိုးသွင်းနှုန်းထင်သလောက်မကောင်း တာ ထည့်တွက်ရမယ်။ ဒီပုံစံမျိုးနဲ့ ရုရှားမြေမှာကစားရမှာဖြစ် ပေမယ့် ခရက်စ်နိုဒါ ကျော်ဖြတ်နိုင်ဖို့မလွယ်ဘူး။ ဆယ်လ်တာ ဗီဂို သရေတော့ ကစားနိုင်ပါတယ်။
 
■ KRC ဂျန့် နှင့် KAA ဂျန့်
 
ပထမအကျော့ရလဒ်နဲ့တင်ပဲ ပွဲကအဖြေထွက်သလောက် ဖြစ်နေပါပြီ။ KRC ဂျန့် အိမ်ကွင်းမှာတော့ မျက်နှာပျက်မခံဘဲ အနိမ့်ဆုံးသရေလောက် ကစားလိမ့်မယ်။