■ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် (ဒုတိယအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်နှင့် ထူးခြားအချက်အလက်များ

■ လက်စတာ နှင့် ဆီဗီလာ (မြန်မာစံတော်ချိန် ၁၅-၃-၂၀၁၇ နံနက် ၂း၁၅ နာရီ)

ပွဲကြိုသုံးသပ်ချက်

လက်စတာက ရာနီရေးရီကို ထုတ်ပယ်ပြီးနောက်မှာ (၂)ပွဲဆက် နိုင်ပွဲရထားတယ်။ ဒါကအသင်းရဲ့ Turning Point တစ်ခု ဖြစ်လာနိုင်တယ်။ ယုံကြည်မှု မြင့်တက်နေတဲ့အသင်းက ဘာမဆိုလုပ်ပြနိုင်စွမ်းလည်း ရှိတယ်။ ဒါပေမဲ့ လက်စတာရဲ့လက်ရှိ လူအင်အားနဲ့တော့ ဥရောပပွဲကောင်းတွေနဲ့ ယဉ်ပါးနေတဲ့ ဆီဗီလာလို အသင်းမျိုးကို ပြန်အနိုင်ယူဖို့ဆိုတာ ဖြစ်နိုင်ချေနည်းပါတယ်။ လက်စတာခံစစ်ကလည်း ဂိုးတွေဆက်တိုက် ပေးနေရဆဲဖြစ်လို့ ဆီဗီလာကို သေချာပေါက် ဂိုးပေးရမှာပါ။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့များတယ်။ လက်စတာ မနိုင်လောက်ဘူး။ သရေတော့ မျှော်လင့်ခွင့် ရှိပါတယ်။

ထူးခြားအချက်အလက်များ

- ဆီဗီလာအသင်းသည် ချန်ပီယံလိဂ် အဝေးကွင်းနောက်ဆုံး (၉) ပွဲတွင် နိုင်ပွဲ (၁) ပွဲသာ ရရှိခဲ့ပြီး သွင်းဂိုးမရရှိသည့်ပွဲမှာလည်း (၅) ပွဲအထိ ရှိခဲ့သည်။

- ဆီဗီလာအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အင်္ဂလန်ကလပ်များဖြစ်သည့် အာဆင်နယ်၊ မန်စီးတီးတို့နှင့် အင်္ဂလန်မြေ၌ (၂) ကြိမ် တွေ့ဆုံခဲ့ရာတွင် (၂) ကြိမ်စလုံး ရှုံးနိမ့်ခဲ့သည်။

- လက်စတာအသင်းသည် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဆီဗီလာအသင်းကို အိမ်ကွင်းတွင် ပထမဆုံး လက်ခံယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။

 

■ ဂျူဗင်တပ်စ် နှင့် ပေါ်တို (မြန်မာစံတော်ချိန် ၁၅-၃-၂၀၁၇ နံနက် ၂း၁၅ နာရီ)

ပွဲကြိုသုံးသပ်ချက်

ပထမအကျော့မှာ အသင်းနောက်ခံလူ တယ်လိစ်ရဲ့ မိုက်မဲမှုကြောင့် ပေါ်တိုအသင်း အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ တူရင်မြေမှာတော့ ပေါ်တိုအသင်း ပြန်မလာနိုင်တော့ဘူး။ ဒါပေမဲ့ ပေါ်တိုက စိတ်ဓာတ်ကောင်းတယ်။ စုစည်းမှုလည်း ရှိတယ်။ (၁၀) ယောက်တည်းနဲ့တောင် ဂျူဗင်တပ်စ်ကို မိနစ် (၇၀) အထိ ဂိုးမပေးခဲ့ရတာ သတိပြုသင့်တယ်။ ဒီပွဲလည်း ပေါ်တို မျှော်လင့်ချက် နည်းနေပေမယ့် အိမ်ရှင်ကို အခက်အခဲတွေ့စေဦးမှာပါ။ ဂျူဗင်တပ်စ်ကတော့ ပေါ်တိုကစားကွက်ကို ထိန်းချုပ်နိုင်ဖို့ပဲ အဓိက ဦးစားပေးလိမ့်မယ်။ ဂျူဗင်တပ်စ်နိုင်ရင်လည်း (၁) ဂိုးထက် ပိုမပြတ်နိုင်ဘူး။ ပေါ်တိုကိုပဲ ပိုကြိုက်တယ်။

ထူးခြားအချက်အလက်များ

- ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ် အိမ်ကွင်းနောက်ဆုံး (၁၆) ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၉) ပွဲအထိ အနိုင်ရရှိခဲ့သည်။

- ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ် အိမ်ကွင်းနောက်ဆုံး (၉) ပွဲတွင် (၇) ပွဲမှာ (၂) သင်းပေါင်းသွင်းဂိုး (၂) ဂိုးနှင့်အောက်သာ ရှိခဲ့သည်။

- ပေါ်တိုအသင်းသည် ချန်ပီယံလိဂ် အဝေးကွင်း နောက်ဆုံး (၉) ပွဲတွင် (၃) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၃) ပွဲ ရှုံးနိမ့်ခဲ့သည်။