ယူရိုပါလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

Photo : AFP

■ ဗီလာရီးယဲလ် နှင့် ရိုးမား

ဗီလာရီးယဲလ်အသင်း တဖြည်းဖြည်းနဲ့ ထိပ်ဆုံး(၆)သင်းပြင်ပကိုရောက်တော့မယ်။ ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲမှာလည်း ဂရန်နာဒါအသင်းကို အနိုင်ကစားခဲ့တဲ့ (၁)ပွဲသာနိုင်ပွဲရှိခဲ့ပါတယ်။ အသင်းတိုက်စစ်ကလည်း (၁)ပွဲ၊ (၁)ဂိုးနှုန်းလောက် သွင်းနိုင် ဖို့တောင် အတော်လေးရုန်းကန်နေရတယ်။ ဆန်ဆိုနေ၊ အက်ဒရီယန်၊ ဘာကမ်ဘူစတဲ့ တိုက်စစ်ကစားသမားတွေ ဂိုးပေါက် ပျောက်နေတာက အသင်းရဲ့အဓိကပြဿနာဖြစ်နေတယ်။ ဥရောပအိမ်ကွင်းပွဲတွေမှာလည်း နဂိုကလောက် ခြေမစွာနိုင်တော့ ဘူး။ တစ်တန်းနိမ့်တဲ့ပြိုင်ဘက်အသင်းတွေကိုတောင် အနိုင်ရဖို့ ခက်ခက်ခဲခဲကစားနေရတာ တွေ့ရပါတယ်။ ရိုးမားရဲ့အနေအ ထားက ဗီလာရီးယဲလ်နဲ့ယှဉ်ရင် ပြောင်းပြန်ပါ။ ပြိုင်ပွဲစုံနောက်ဆုံး (၉)ပွဲမှာ (၈)ပွဲအထိ အနိုင်ကစားထားပြီး (၁)ပွဲသာ အရေး နိမ့်ခဲ့ပါတယ်။ ဂျက်ကိုက အသင်းမှာ အားကိုးရတဲ့အဆင့်ရောက်လာပြီး ခံစစ် Three Backs အထိုင်ကလည်း တဖြည်းဖြည်းနဲ့ တည်ငြိမ်မှုရှိလာပါတယ်။ second striker role ဆန်ဆန် ကစားနေရတဲ့ နိုင်ဂိုလန်ကလည်း မထင်မှတ်ဘဲအလုပ်ဖြစ်နေတယ်။ စပိန်မြေမှာ ရိုးမား မရှုံးလောက်ပါဘူး။

■ မန်ယူ နှင့် စိန့်အက်တီယန်

မန်ယူကွင်းလယ်လူ ပေါလ်ပေါ့ဘာအနေနဲ့ အစ်ကိုဖြစ်သူ ဖလော်ရန်တင်ပေါ့ဘာနဲ့ ပြန်ရင်ဆိုင်ရမှာပါ။ အိုးလ်ထရက်ဖို့ဒ် ကွင်းမှာတော့ ပြင်သစ်ကလပ်တွေ အစဉ်အလာမရှိပါဘူး။ စိန့် အက်တီယန်အနေနဲ့ အရှုံးနည်းအောင် ခံကစားဖို့ပဲ ပစ်မှတ်ထား မှာပါ။ ဒုတိယအကျော့က လိဂ်ဖလားဗိုလ်လုပွဲနဲ့နီးနေလို့ မန်ယူ အခုပွဲမှာပဲ အပြတ်ဖြတ်ဖို့များတယ်။

■ ဆယ်လ်တာဗီဂို နှင့် ရှက်တာဒိုးနက်

ဆယ်လ်တာဗီဂိုအသင်း ရလဒ်တွေ ပြန်ကျလာတယ်။ ဒါ ပေမဲ့ လာလီဂါမှာ ဖိအားမရှိတဲ့အခြေအနေက ယူရိုပါလိဂ်ပြိုင် ပွဲကို အာရုံစိုက်ကစားဖို့ တွန်းအားပေးပါလိမ့်မယ်။ အုပ်စုမှာ ပွဲ တိုင်းနိုင်ခဲ့တဲ့ ရှက်တာဒိုးနက်အသင်းမှာ ဖရက်ဒ်၊ ဘားနတ်၊ မာလို့စ်၊ ဖာရေးရားတို့ ရှိနေသေးတယ်။ အဝေးကွင်းဖြစ်ပေမယ့် ရှက်တာဒိုးနက်ကိုပဲ ရွေးချယ်ချင်တယ်။

■ အန်ဒါလက်ခ်ျ နှင့် ဇင်းနစ်

ဇင်းနစ်အသင်းက အထိုင်တော့မပျက်သေးပါဘူး။ တိုက် စစ်မှာ ကက်ကိုရင်၊ ဇီယူဘာ၊ ဒန်နီတို့ ရှိနေသေးတဲ့အပြင် အီဗန် နိုဗစ်ရောက်လာတဲ့ နောက်တန်းကလည်း ပိုကောင်းလာဖို့ပဲရှိ ပါတယ်။ အန်ဒါလက်ခ်ျ ခြေမမှန်ပုံမျိုးနဲ့ ဇင်းနစ် အနိမ့်ဆုံးသရေ ကစားလိမ့်မယ်။

■ လီဂီယာဝါဆော နှင့် အေဂျက်စ်

လီဂီယာဝါဆောအနေနဲ့ အိမ်ကွင်းဖြစ်တာကလွဲရင် အ ခြားအားသာချက်မရှိပါဘူး။ လူငယ်တွေနဲ့သွေးသစ်လောင်းထား တဲ့ အေဂျက်စ်က အုပ်စုအဆင့်မှာတုန်းက ပြိုင်ဘက်ကောင်း တွေနဲ့တွေ့ခဲ့ပေမယ့် ရှုံးပွဲမရှိမှတ်တမ်းနဲ့ နောက်တစ်ဆင့်တက် ရောက်ခဲ့တာပါ။ အေဂျက်စ် သရေနဲ့အနိုင်ပါပဲ။

■ ခရက်စ်နိုဒါ နှင့် ဖီနာဘာချီ

ခရက်စ်နိုဒါအသင်းမှာ နာမည်ကြီးကစားသမားမရှိပေ မယ့် အသင်းလိုက်စုစည်းမှုအားကောင်းပါတယ်။ ဖီနာဘာချီအ သင်း အဝေးကွင်းညံ့ပုံမျိုးနဲ့ ရုရှားမြေမှာ မလွယ်လောက်ဘူး။ ဖီ နာဘာချီ အမြင့်ဆုံးသရေပဲ မျှော်လင့်သင့်တယ်။

■ အက်ထရာ နှင့် KRC ဂျန့်

ဒီ(၂)သင်းကြား ကစားသမားပိုင်းကွာဟချက် သိပ်မရှိပါ ဘူး။ အိမ်ကွင်းအားသာချက်ရှိနေတဲ့ အက်ထရာအသင်း အနိုင် နဲ့သရေပါပဲ။

■ အိုလံပီယာကော့စ် နှင့် အူစမန်လစ္စပေါ်

ဗီလာရီးယဲလ်ကိုကျော်ပြီး အုပ်စုပထမရခဲ့တဲ့ အူစမန်လစ္စ ပေါ်အသင်းကို လျှော့တွက်လို့မရဘူး။ အိုလံပီယာကော့စ် ဂိုး ပြတ်နိုင်ဖို့မလွယ်လို့ အူစမန်ကို ယုံကြည်သင့်တယ်။

■ ဟာပိုးလ်ဘီအာရှီဗာ နှင့် ဘက်ဆစ်တက်

ဟာပိုးလ်ဘီအာရှီဗာက အုပ်စုအဆင့်မှာ ဆောက်သမ် တန်၊ အင်တာမီလန်တို့ကို ဖြုတ်ချခဲ့တာပါ။ ဘက်ဆစ်တက်မှာ လည်း ကွာရက်စ်မာ၊ ဒမ်ဘာဘား၊ အင်လာ၊ အက်ဒရီယာနိုတို့လို ၀ါရင့်တွေရှိနေတယ်။ ဘက်ဆစ်တက်ကို ရွေးချင်တယ်။

■ လူဒိုဂိုရတ်စ် နှင့် ကိုပင်ဟေဂင်

ချန်ပီယံလိဂ်မှာ ဘေဆယ်ကိုကျော်ပြီး လူဒိုဂိုရတ်စ်က အုပ်စုတတိယရခဲ့တာပါ။ အိမ်ကွင်းမာကျောမှုလည်း ရှိတယ်။ လူဒိုဂိုရတ်စ် မရှုံးတာသေချာပါတယ်။

■ ရော့စတော့ဗ် နှင့် စပါတာပရပ်ဂ်

ရော့စတော့ဗ်အသင်းက အိမ်ကွင်းကစားပုံ အတော်လေး ကောင်းတယ်။ စပါတာပရပ်ဂ် အဝေးကွင်းညံ့လို့ ရော့စတော့ဗ် ပဲ အနိုင်ရဖို့များတယ်။

■ မိုချန်ဂလာဘတ် နှင့် ဖီအိုရင်တီးနား

မိုချန်ဂလာဘတ်အသင်း ၂၀၁၇ နှစ်သစ်မှာ အခြေအနေ ပြန်ကောင်းလာပြီး နိုင်ပွဲတွေဆက်တိုက် ရယူထားတယ်။ ဖီအို ရင်တီးနားကလည်း အမှားအယွင်းသိပ်မရှိပါဘူး။ အထူးသဖြင့် ဥရောပအဝေးကွင်းပွဲတွေဆို ဖိဖိစီးစီးကစားလာတာ သတိပြုရ မှာပါ။ ဖီအိုရင်တီးနားကိုပဲ ကြိုက်တယ်။

■ KAA ဂျန့် နှင့် စပါး

ပွဲဆက်တွေများလာတဲ့အချိန်မှာ အရံအင်အားမတောင့် တင်းတဲ့ စပါးအသင်းရဲ့အခြေအနေကို ထည့်သွင်းစဉ်းစားသင့် ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ပြန်စိုး ရိမ်လာရတဲ့ အခြေအနေမှာရှိလို့ စပါး အာရုံများနေနိုင်ပါတယ်။ KAA ဂျန့်နဲ့ စွန့်စားတာ ပိုကောင်းမယ်။

■ PAOK နှင့် ရှော်လ်ကေး

PAOK အသင်း ပြည်တွင်းပွဲတွေမှာ နိုင်ပွဲတွေဆက်တိုက် ရနေတယ်။ ရှော်လ်ကေး နိုင်ပွဲပြန်ဆက်လာပေမယ့် သိပ်တော့ မျှော်လင့်ထားလို့မရပါဘူး။ ဘွန်ဒစ်လီဂါပွဲကျပ်တွေကြား ကစား ရချိန်ဖြစ်လို့ ရှော်လ်ကေး ပွဲပန်းနေနိုင်တယ်။ အိမ်ရှင် PAOK အခြေအနေကောင်းနိုင်ပါတယ်။

■ အယ်လ်ခမာ နှင့် လိုင်ယွန်

လိုင်ယွန်က ဒုတိယရာသီဝက်မှာ အသင်းရလဒ်ပိုင်း ယိုင် ဆင်းလာတယ်။ တိုက်စစ်မှူး လာကာဇက်အပေါ် မှီခိုလွန်းနေ တာက အဓိကအားနည်းချက်ဖြစ်နေတယ်။ အယ်လ်ခမာက လည်း နယ်သာလန်လိဂ်မှာတောင် သိပ်မစွံတော့ဘူး။ ဒါပေမဲ့ အယ်လ်ခမာ အိမ်ကွင်းဖြစ်လို့ မရှုံးအောင်တော့ကစားမှာပါ။

■ ဘီလ်ဘာအို နှင့် အပိုးလ်နီကိုးရှား

အိမ်ကွင်းမှာ အမှားအယွင်းနည်းပြီး ရလဒ်ကောင်းတတ် တဲ့ ဘီလ်ဘာအိုရဲ့ဥရောပအစဉ်အလာက မပျက်မယွင်းရှိနေ ဆဲပါပဲ။ အဒူရစ်ဇ်၊ မူနီယာအင်တို့ဂိုးမြူးနေတဲ့ ဘီလ်ဘာအို တိုက်စစ်ကို အပိုးလ်နီကိုးရှား တောင့်ခံနိုင်ဖို့မလွယ်ပါဘူး။ ဘီလ်ဘာအို ဂိုးပြတ်ဖို့များတယ်။