■ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်များ

ဘင်ဖီကာ နှင့် ဒေါ့မွန် (မြန်မာစံတော်ချိန် ၁၅-၂-၂၀၁၇ နံနက် ၂း၁၅)

ဒေါ့မွန်က အုပ်စုပွဲတွေမှာ ခြေစွမ်းပြခဲ့တယ်။ ရီးယဲလ်လို အသင်းမျိုးကို နှစ်ကျော့ပေါင်းရလဒ်သာခဲ့သလို၊ အုပ်စုဗိုလ်နေရာမှာ ထိုက်ထိုက်တန်တန် ရပ်တည်နိုင်ခဲ့တယ်။ အုပ်စုပွဲစဉ်တွေအပြီးမှာ တိုက်စစ်အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ဘွန်ဒစ်လီဂါမှာတော့ ခြေစွမ်းမပြနိုင်ဘူး။ ဂိုးပြတ်တဲ့ပွဲတွေ ရှားလာတယ်။ မပြတ်သားတဲ့ ရလဒ်တွေ များလာတယ်။ နောက်ဆုံးပွဲမှာ ဒမ်းစတက်ဒ်လို အသင်းမျိုးကို ရှုံးခဲ့တယ်။ ဘင်ဖီကာက ပေါ်တူဂီလိဂ်မှာ ထိပ်ဆုံးက ဦးဆောင်နေပြီး ခြေစွမ်းပြနေတယ်။ မီထရိုဂလူ၊ ဟီမင်နက်ဇ်၊ ယိုးနက်စ်တို့ ခြေစွမ်းပြနေတယ်။ အိမ်ကွင်းမှာ ဒေါ့မွန်ကို ဒုက္ခပေးနိုင်ပါလိမ့်မယ်။

PSG နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် ၁၅-၂-၂၀၁၇ နံနက် ၂း၁၅)

PSG က ဒီရာသီမှာ ကျရိပ်ပြလာတယ်။ ပြင်သစ်လီဂူးမှာ မိုနာကိုအောက်ရောက်နေပြီး ရလဒ်တွေကလည်း အရင်လို မပြတ်သားတော့ဘဲ ခက်ခက်ခဲခဲ ကစားရတာမျိုး တွေ့နေရတယ်။ ဘာစီလိုနာလည်း ပြီးခဲ့တဲ့နှစ်တွေထက်စာရင် အားနည်းချက်တွေ ရှိပါတယ်။ ဒါပေမဲ့ ခြေမှန်ရရင် ကြောက်စရာကောင်းနေတုန်းပဲ။ မက်ဆီ-ဆွာရက်ဇ်-နေမာ တိုက်စစ်အတွဲကလည်း နောက်ပိုင်းပွဲတွေမှာ အရင်ခြေစွမ်းမျိုး ပြန်ရနေတယ်။ PSG အတွက် အကောင်းဆုံး အခွင့်အရေးက အိမ်ကွင်းမှာနိုင်မှ မျှော်လင့်နိုင်မှာ ဖြစ်ပေမယ့် မလွယ်ပါဘူး။ သရေဆိုရင်ပဲ ကျေနပ်ရမယ့် အနေအထား ဖြစ်ပါတယ်။