ပွဲကြိုသုံးသပ်ချက်

■ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် (ပ-ကျော့) ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် ဟားလ်စီးတီး (ဇန်န၀ါရီ ၁၁ မြန်မာစံတော်ချိန် နံနက် ၂း၃၀)

မန်ယူအသင်းက ပြိုင်ပွဲစုံ နောက်ဆုံး (၈) ပွဲဆက်တိုက် အနိုင်ကစားခဲ့တယ်။ (၁၄) ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ အသင်းရဲ့ Team Form အကောင်းဆုံး ပုံစံရောက်နေပြီဆိုတာ ဒီအချက်က သက်သေပြနေပါတယ်။ ဟားလ်စီးတီးက ပေါ်တူဂီ လူမျိုးနည်းပြဖြစ်တဲ့ မာကိုဆေးလ်ဗားရဲ့ ပွဲဦးထွက်မှာ အဖွင့်လှသွားခဲ့တယ်။ ဒါပေမဲ့ နည်းပြသစ်၊ ကစားကွက်သစ်တွေနဲ့ စိတ်ဓာတ်ပိုင်း Motivate လုပ်ထားမှုက မန်ယူလို အသင်းကြီးတွေနဲ့ တွေ့ချိန်မှာ သက်ရောက်မှု မရှိနိုင်ဘူး။ အဓိက နောက်ခံလူတွေဖြစ်တဲ့ ကာတစ်ဒေးဗီးစ်၊ မိုက်ကယ်ဒေါ်ဆင်၊ မစ်ဂွိုင်းရေးတို့ ဒဏ်ရာ ပြဿနာရှိနေတာက အဆုံးအဖြတ် ဖြစ်လာနိုင်တယ်။ မန်ယူ ဂိုးပြတ်လိမ့်မယ်။

■ စပိန်ဘုရင့်ဖလား ရှုံးထွက် (၁၆) သင်းအဆင့် (ဒု-ကျော့) ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

အက်သလက်တီကို နှင့် လက်စ်ပါမားစ် (ဇန်န၀ါရီ ၁၁ မြန်မာစံတော်ချိန် နံနက် ၂း၄၅)

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ၂၀၁၇ မှာ ခံစစ်ပိုင်းကို ပြန်ပြင်ဆင်လာပုံရပါတယ်။ နောက်ဆုံးနှစ်ပွဲဆက် ပေးဂိုးမဲ့ရလဒ်တွေနဲ့ အနိုင်ရခဲ့တာကိုလည်း တွေ့ရပါတယ်။ လက်စ်ပါမားစ်က တိုက်စစ်ကစားပုံ ကောင်းပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းပါတယ်။ ဒါကြောင့် အက်သလက်တီကိုကွင်းမှာ ဂိုးရဖို့ မလွယ်ပါဘူး။ အိမ်ရှင်နဲ့ ဂိုးအနည်းပါပဲ။