ပရီးမီးယားလိဂ်ပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်

■ ဘုန်းမောက် နှင့် အာဆင်နယ် (ဇန်န၀ါရီ ၄ မြန်မာစံတော်ချိန် နံနက် ၂း၁၅)

ပြီးခဲ့တဲ့ ရာသီထိပ်တိုက် တွေ့ဆုံမှုမှာ အာဆင်နယ်အသင်းက ဘုန်းမောက်ကို အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ အနိုင်ရခဲ့တယ်။ ဒီရာသီ အာဆင်နယ်ကွင်းမှာ ဆုံတွေ့ခဲ့တုန်းကလည်း အာဆင်နယ်ပဲ အနိုင်ရခဲ့တယ်။ အာဆင်နယ်အတွက် ဘုန်းမောက်က အခက်အခဲ မရှိပါဘူး။ အထူးသဖြင့် ဘုန်းမောက်လို အသင်းတွေဟာ အာဆင်နယ် စိတ်ကြိုက်ကစားလို့ရတဲ့ ပြိုင်ဘက်အသင်းမျိုးလို့တောင် ပြောလို့ရတယ်။ ကစားကွက်အားပြုပြီး ကြံ့ခိုင်မှု အားနည်းတဲ့ အသင်းမျိုးလို့ ဆိုရမှာဖြစ်ပြီး အာဆင်နယ်အတွက် အခက်အခဲ မရှိပါဘူး။

■ ခရစ္စတယ်ပဲလေ့စ် နှင့် ဆွမ်ဆီး (ဇန်န၀ါရီ ၄ မြန်မာစံတော်ချိန် နံနက် ၂း၃၀)

ဆွမ်ဆီးရဲ့ ကစားပုံက တော်တော်လေး အားနည်းပါတယ်။ နည်းပြတွေ တစ်ဦးပြီးတစ်ဦး ပြောင်းနေရင်း အသင်းရဲ့ ခြေစွမ်း၊ ရလဒ်၊ စိတ်ဓာတ် ဘယ်အပိုင်းမှာမှ အားရစရာ မကောင်းဘူး။ ပဲလေ့စ် သေချာပေါက် နိုင်ပွဲယူလိမ့်မယ်။

■ စတုတ်စီးတီး နှင့် ၀က်ဖို့ဒ် (ဇန်န၀ါရီ ၄ မြန်မာစံတော်ချိန် နံနက် ၂း၃၀)

စတုတ်စီးတီးက ပွဲကျပ်တွေကြောင့် ရလဒ်တွေဆက်တိုက် ဆိုးခဲ့ပေမယ့် ဒီလိုပွဲမျိုးမှာတော့ အမှတ်သေချာပေါက်ယူမှာပါ။ စတုတ်စီးတီးရဲ့ တိုက်စစ်ကတော့ ပီတာခရော့ခ်ျနဲ့လည်း အလုပ်ဖြစ်နေတာ တွေ့ရတယ်။ ၀က်ဖို့ဒ်ကလည်း အဝေးကွင်း အားနည်းတတ်တာကြောင့် စတုတ်နိုင်ပွဲပြန်ရမယ်။