ယနေ့ည ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

■ မစ်ဒယ်ဘရော့ နှင့် လက်စတာ (ည ၇း၀၀)

ခြေပျက်နေတဲ့ အသင်းနှစ်သင်း ဆုံတွေ့တဲ့ပွဲလို့ ပြောလို့ရတယ်။ မစ်ဒယ်ဘရော့က စုစည်းမှုကို အဓိကထား ကစားတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ စုစည်းမှုအပိုင်းမှာပဲ အားနည်းချက်တွေ ရှိနေတယ်။ လက်စတာကလည်း ခံစစ်ညံ့၊ တိုက်စစ်က အလုပ်မဖြစ်နဲ့ အဆင်မပြေဘူး။ မစ်ဒယ်ဘရော့ကွင်းမှာ နိုင်လောက်တဲ့ အနေအထား မရှိဘူး။ သရေကျဖို့များတယ်။

■ အဲဗာတန် နှင့် ဆောက်သမ်တန် (ည ၉း၃၀)

ရော်နယ်လ်ကိုးမင်းက အသင်းဟောင်းကို ပြန်ဧည့်ခံရမှာပါ။ လက်ရှိ အနေအထားအရတော့ ခြေမငြိမ်တဲ့ အဲဗာတန်ထက် ဆောက်သမ်တန်က ပိုစိတ်ချရတဲ့ အနေအထား ရှိတယ်။ ခက်တာက ဆောက်သမ်တန်တိုက်စစ်မှာ လူမစုံလို့ အဲဗာတန်ခံစစ်ကို ထိုးဖောက်ဖို့ ခက်ခဲနေဦးမှာပါ။ ပုံမှန် ကစားရင်တောင် အဲဗာတန်နိုင်မှာပါ။

■ မန်စီးတီး နှင့် ဘန်လေ (ည ၉း၃၀)

ဘန်လေက အိမ်ကွင်းဆိုရင် ကစားပုံမဆိုးပါဘူး။ ဒါပေမဲ့ အဝေးကွင်းပွဲစဉ်တွေမှာတော့ တော်တော်လေး အားနည်းတယ်။ မန်စီးတီးက အကောင်းဆုံး အနေအထား မဟုတ်သေးပေမယ့် အသင်းငယ်တွေကို အနိုင်ကစားဖို့အတွက် စိတ်ချရတဲ့ခြေစွမ်းမျိုး ရှိပါတယ်။ လူလည်း ပြန်စုံလာပြီဖြစ်သလို၊ အားကောင်းတဲ့ တိုက်စစ်ပိုင်းကြောင့် ဒီပွဲမှာ ဂိုးမြူးဖို့ မခက်ပါဘူး။ မန်စီးတီး အလွယ်တကူနိုင်လိမ့်မယ်။

■ ဆန်းဒါးလန်း နှင့် လီဗာပူးလ် (ည ၉း၃၀)

ဆန်းဒါးလန်းက ရလဒ်ကောင်းဖို့အတွက် ရုန်းကန်နေတဲ့ အသင်းဆိုပေမယ့် အရမ်းအားနည်းပါတယ်။ လီဗာပူးလ်ရဲ့ တိုက်စစ်ကစားပုံကို ဆန်းဒါးလန်း ထိန်းချုပ်ဖို့ခက်တယ်။ ၀ိုင်နယ်လ်ဒမ်း-ဟန်ဒါဆန်-လယ်လာနာ တို့အတွဲက ဆန်းဒါးလန်း ကွင်းလယ်ကို ခပ်လွယ်လွယ်ပဲ လွှမ်းမိုးပြီး တိုက်စစ်ဆင်သွားလိမ့်မယ်။ လီဗာပူးလ်နိုင်ဦးမှာပဲ။

■ ၀က်စ်ဘရွန်း နှင့် ဟားလ်စီးတီး (ည ၉း၃၀)

အသင်းကြီးတွေနဲ့ ဆက်တိုက်တွေ့နေတဲ့ ၀က်စ်ဘရွန်းအတွက်တော့ မဖြစ်မနေနိုင်ပွဲ ရှာသင့်တဲ့ပွဲလို့ ပြောရမယ်။ ရွန်ဒွန်၊ ချတ်ဒ်လီတို့ ဦးဆောင်လာတဲ့ တိုက်စစ်ပိုင်းကို ဟားလ်စီးတီး ခံစစ်က ထိန်းချုပ်ဖို့ခက်တယ်။ ဒါပေမဲ့ ဟားလ်စီးတီး တိုက်စစ်ကတော့ ၀က်စ်ဘရွန်းကို ကျော်ဖြတ်နိုင်ဖို့ မလွယ်ဘူး။ ၀က်စ်ဘရွန်းပဲ နိုင်ပါလိမ့်မယ်။

■ ၀က်စ်ဟမ်း နှင့် မန်ယူ (ည ၁၁း၄၅)

ခြေစွမ်းပိုင်း ဆက်တိုက်ကောင်းလာတဲ့ ၀က်စ်ဟမ်းကို မန်ယူ ခက်ခက်ခဲခဲကစားရလိမ့်မယ်။ ၀က်စ်ဟမ်းရဲ့ ခံစစ်ပိုင်း ကသိသိသာသာတိုးတက်လာသလို၊ တိုက်စစ်မှာလည်း ပါယက် က ပုံစံကောင်းပြန်ပြပြီး ဦးဆောင်ကစားနေတယ်။ မန်ယူက တော့ ခံစစ်ပိုင်း စိတ်ချရပြီး ကွင်းလယ်ကလည်း အားကောင်း တယ်။ တိုက်စစ်မှာတော့ အီဘရာဟီမိုဗစ်တစ်ယောက်တည်း ကို အားပြုနေရတယ်။ သရေကျသွားနိုင်တယ်။