၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်အဖြစ် မက်ဆီကို ရွေးချယ်

Photo: Skysports

နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းအင်းပြုစုရေးအဖွဲ့ (IFFHS)က ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်အဖြစ် ရွေးချယ်လိုက်ကြောင်း သိရှိရသည်။

မက်ဆီသည် တိုက်စစ်မှူးအဖြစ် ကစားနေသူဖြစ်သော်လည်း အသင်းဖော်များကို ဖန်တီးမှုများစွာ ပြုလုပ်ပေးနိုင်ခြင်းကြောင့် ယခုကဲ့သို့ ရွေးချယ်ခံရခြင်းဖြစ်ပြီး (၂)နှစ်ဆက် ရွေးချယ်ခံရခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

မက်ဆီသည် ပြီးခဲ့သည့်နှစ်ကထက်ပင် အမှတ်ပိုမိုရရှိခဲ့သည့်အပြင် ဒုတိယနေရာမှ အင်နီယေစတာကိုလည်း အမှတ်(၁၀၀)ကျော် ဖြတ်ထားနိုင်ခဲ့သည်။

အမှတ်အများဆုံးရရှိသူ(၁၀)ဦး
----------
မက်ဆီ - ၁၇၂ မှတ်
အင်နီယေစတာ - ၆၆ မှတ်
တိုနီကရူးစ် - ၄၅ မှတ်
အိုဇေးလ် - ၃၉ မှတ်
မာရက်ဇ် - ၃၆ မှတ်
မိုဒရစ် - ၃၆ မှတ်
ဒီဘရိုင်း - ၃၁ မှတ်
ပေါ့ဘာ - ၂၆ မှတ်
ဟာဇက် - ၁၄ မှတ်
ပါယက် - ၈ မှတ်