စွမ်းဆောင်ရည်အပေါ် မူတည်၍ ရွေးချယ်သော Sky Sports ၏ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းတွင် ချယ်လ်ဆီးကစားသမား အများဆုံးပါဝင်

Photos: Skysports

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လက်ရှိအချိန်အထိ အကောင်းဆုံး စွမ်းဆောင်ရည်ပြသနိုင်ခဲ့သည့် ကစားသမားများထဲမှ အကောင်းဆုံးအသင်းကို Sky Sports မှ ရွေးချယ်ခဲ့ရာ ချယ်လ်ဆီး ကစားသမား (၄) ဦးအထိ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

Sky Sports သည် ကစားသမားများ၏ စွမ်းဆောင်ရည်ကို အပတ်စဉ် ထုတ်ပြန်ပေးနေပြီး နေရာအလိုက် အမှတ်အများဆုံးရရှိသည့် ကစားသမားများဖြင့် ယခု အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယခုရွေးချယ်မှုအရ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးတွင်ရှိနေသည့် အသင်း (၅) သင်းမှ ကစားသမားများသာ ပါဝင်ခဲ့ပြီး မန်ယူကစားသမားများမှာ အရံစာရင်းတွင်သာ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

Sky Sports ၏ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းတွင် ပါဝင်သူများမှာ -

■ ဂိုး - ကော်တိုအာ(ချယ်လ်ဆီး)

■ နောက် - ဝေါ်လ်ကာ(စပါး)၊ ကိုစီယဲလ်နီ(အာဆင်နယ်)၊ အက်ဇ်ပီလီကွယ်တာ(ချယ်လ်ဆီး)

■ လယ် - မာနေ(လီဗာပူးလ်)၊ ဒီဘရိုင်း(မန်စီးတီး)၊ အဲရစ်ဆင်(စပါး)၊ ကော်တင်ဟို (လီဗာပူးလ်)၊ ဟာဇက် (ချယ်လ်ဆီး)

■ ရှေ့ - ဒီယေဂိုကော်စတာ (ချယ်လ်ဆီး)၊ ဆန်းချက်ဇ် (အာဆင်နယ်) တို့ ဖြစ်သည်။

အရံစာရင်းတွင် ရွေးချယ်ခံရသည့် (၇) ဦးမှာ - အီဘရာဟီမိုဗစ် နှင့် ပေါ့ဘာ (မန်ယူ)၊ ဟန်ဒါဆန် နှင့် မီလ်နာ(လီဗာပူးလ်)၊ ကွန်တေ(ချယ်လ်ဆီး)၊ ဗာတွန်ဂန် နှင့် ဟူဂိုလိုရစ် (စပါး) တို့ ဖြစ်ကြောင်း သိရှိရသည်။