ဘာမင်ဂမ်နည်းပြသစ်အဖြစ် ဇိုလာ ခန့်အပ်ခံရ

Photo:Birmingham FC

လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းသည် အသင်းနည်းပြသစ်အဖြစ် အီတလီနိုင်ငံသား ဂန္ထ၀င်ကစားသမား ဇိုအာကို ဒီဇင်ဘာ (၁၄)ရက်နေ့က တရားဝင်ခန့်အပ်ခဲ့ကြောင်း သိရသည်။

ယခင်နည်းပြ ဂယ်ရီရိုဝက်အား ရာထူးမှထုတ်ပယ်ပြီး (၂၄)နာရီအတွင်း ဇိုလာအား နည်းပြသစ်အဖြစ် အစားထိုးခဲ့ခြင်းဖြစ်ပြီး (၂)နှစ်ခွဲသက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဇိုလာသည် ချယ်လ်ဆီးအသင်းဖော်ဟောင်း ကာဆီရာဂီကို သူ၏ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး အသင်းဖော်ဟေင်း ဟစ်ကော့ခ်ျကို ဂိုးနည်းပြအဖြစ် အသီးသီး ခန့်အပ်ခဲ့သည်။