<

မက်ဆီ၏အနာဂတ်အတွက် စိုးရိမ်စရာမလိုဟု ဥက္ကဋ္ဌ ဘာတိုမူ အတည်ပြု

 

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက အဓိကကစားသမား မက်ဆီ၏အနာဂတ်အတွက် မည်သူမျှစိုးရိမ်ပူပန်နေစရာမလိုဟု ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းက မက်ဆီ၏ဖခင်ဖြစ်သူနှင့် စာချုပ်ပါအချက်အလက်အားလုံး သဘောတူညီမှုရရှိထားပြီး မက်ဆီကိုယ်တိုင် တရားဝင်လက်မှတ်ထိုးရန်သာ ကျန်ရှိတော့သည်ဟု ဖွင့်ဟခဲ့သည်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက နေမာကို လက်လွှတ်ခဲ့ရပြီးနောက် ဘာတိုမူနှင့် ဘာစီလိုနာဘုတ်အဖွဲ့မှာလည်း ဖိအားများနှင့် ရင်ဆိုင်ရလျက်ရှိသည်။

ဘာစီလိုနာပရိသတ်များမှာ မက်ဆီကို ထပ်မံဆုံးရှုံး ရမည့်အရေးအား စိုးရိမ်မှုများ မြင့်တက်လာသောကြောင့် ဘာတိုမူ၏တရားဝင်ပြောကြားချက် ထွက်ရှိခဲ့ရခြင်းဖြစ်သည်။

ဘာတိုမူက မက်ဆီ၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း မက်ဆီ၏ဖခင်ဖြစ်သူမှာ စာချုပ်သစ်တွင်ရရှိမည့် ပုံရိပ်မူပိုင်ခွင့်အတွက် လက်မှတ်ရေး ထိုးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Photo: Goal

ထို့ပြင် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်နှင့် ကောလာဟလများထွက်နေကာ ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အင်နီယေစတာမှာလည်း ဘာစီလိုနာတွင်ပင် အနားယူမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးသွားမည်ဟု ဘာတိုမူက အတည်ပြုခဲ့သည်။

September 5, 2017














Copy Protected by Chetan's WP-Copyprotect.