<

ဆူဇူကီးအကြို ခြေစမ်းပွဲတွင် အဝေးကွင်း၌ အင်ဒိုနီးရှားကို မြန်မာဂိုးပြတ်ရှုံးနိမ့်

၂၀၁၈ အာဆီယံ ဆူဇူကီးပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ (၃-၀)ရလဒ်ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ မြန်မာလက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် အောက်တိုဘာ(၁၀)ရက်နေ့က ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီးခံစစ်ပိုင်း ယိုယွင်းမှုကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

Photo – MFF

မြန်မာ့လက်ရွေးစင်အသင်းသည် ပထမပိုင်းပွဲကစားချိန်မှာပင် အနိုင်ဂိုး(၃)ဂိုး စလုံးကို ခွင့်ပြုပေးခဲ့ရခြင်းဖြစ်ပြီး အင်ဒိုနီးရှားအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။မြန်မာအသင်းသည် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ခြေစမ်းပွဲနှစ်ပွဲယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး လာမည့် အောက်တိုဘာ(၁၃)ရက်နေ့တွင်ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ တောင်အမေရိက အသင်းဖြစ်သော ဘိုလီဗီးယားနှင့် ခြေစမ်း ကစားသွားမည်ဖြစ်သည်။

October 10, 2018














Copy Protected by Chetan's WP-Copyprotect.