■ ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 5 October 2018

ဘရိုက်တန် နှင့် ဝက်စ်ဟမ်း (စနေနံနက် ၁း၃၀ နာရီ)

ဘရိုက်တန်က Five Game Winless Run ကို ဖြတ်သန်းနေရပြီး၊ ဝက်စ်ဟမ်းက အဲဗာတန်ကို အနိုင်ရပြီးချိန်ကတည်းက အကောင်းဆုံးပုံစံကို ပြန်ရလာတယ်။ ဝက်စ်ဟမ်းရဲ့ ပုံစံက တစ်ပွဲတိုးကောင်းတာမျိုးမဟုတ်တော့ဘူး။ တည်ငြိမ်တဲ့အခင်းအကျင်းနဲ့ ထက်မြက်တဲ့ တိုက်စစ်စွမ်းဆောင်ရည်ကို ပြန်ပြနေပြီလို့လည်း ပြောလို့ရတယ်။ ဒီလိုပွဲမျိုးမှာ ပြန်ခြေမချော်သွားသင့်ဘူး။ ဝက်စ်ဟမ်းကိုပဲကြိုက်တယ်။

 

ဘီလ်ဘာအို နှင့် ဆိုစီဒက် (စနေနံနက် ၁း၃၀ နာရီ)

အိမ်ကွင်းနောက်ဆုံးပွဲမှာ ဗီလာရီးယဲလ်ကိုဂိုးပြတ်ရှုံးထား လို့ ဘီလ်ဘာအို ဒီတစ်ပွဲတော့ ပိုသတိထားကစားလာဖို့များနေ တယ်။ ခြေစွမ်းချင်းမကွာလှပေမယ့် ဘီလ်ဘာအိုသာအိမ်ကွင်း မှာ တကယ်ဖွင့်ကစားလာခဲ့ရင် ဆိုစီဒက်ရဲ့ အဝေးကွင်းခြေစွမ်းမငြိမ်မှုကို ဖိအားပေးနိုင်မှာသေချာတယ်။ ဒီပွဲတော့ ဘီလ်ဘာအို နဲ့ ဂိုးအများပဲ ရွေးထားကြည့်ချင်တယ်။

 

တိုရီနို နှင့် ဖရိုဆီနိုနီ (စနေနံနက် ၁း၀၀ နာရီ)

တိုရီနိုက ဘယ်လော့တီရဲ့ သွင်းဂိုးတွေပျောက်ဆုံးနေပေ မယ့် ဖရိုဆီနိုနီရဲ့ အမှားအယွင်းများတဲ့ ခံစစ်ကို (၂)ဂိုးပြတ်သွင်းနိုင်ပါ့မလားဆိုတာကလွဲပြီး စဉ်းစားစရာသိပ်မလိုတဲ့ပွဲပါပဲ။ တိုရီ နို အနိုင်သေချာပါတယ်။

 

ဝါဒါဘရီမင် နှင့် ဝုလ်ဖ်ဘတ် (စနေနံနက် ၁း၀၀ နာရီ)

ဝါဒါဘရီမင်က အခုရာသီ ပထမဆုံးရှုံးပွဲ တွေ့ထားသလို၊ ဝုလ်ဖ်ဘတ်ကလည်း နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ထား တယ်။ ဝါဒါဘရီမင်ပဲ နိုင်ဖို့များတယ်။

Most Read

Most Recent