ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 29 September 2018

ရှော်လ်ကေး နှင့် မိန့်ဇ် (စနေည ၈း၀၀ နာရီ)

ရှော်လ်ကေးရဲ့ ရလဒ်ပိုင်းက ဆိုးသထက်ပိုဆိုးလာတဲ့ အခြေအနေကို ဆိုက်ရောက်လာပြီ။ ဒါကြောင့် ဒီတစ်ပွဲတော့ ရှော်လ်ကေးနဲ့ စွန့်စားတာပိုကောင်းမယ်ထင်တယ်။

ဟော်ဖန်ဟင်မ် နှင့် လိုက်ပ်ဇစ် (စနေည ၈း၀၀ နာရီ)

(၂)သင်းစလုံး ဒီပွဲပြီးရင် ဥရောပပွဲကစားဖို့ရှိပြီး လိုက်ပ်ဇစ်က ယူရိုပါလိဂ်ကို သိပ်အာရုံထားတဲ့ပုံ မရှိပါဘူး။ လိုက်ပ်ဇစ် ကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။

စတုဂတ် နှင့် ဝါဒါဘရီမင် (စနေည ၈း၀၀ နာရီ)

ဒီ(၂)သင်းအကြား ကစားသမားပိုင်းမကွာပေမယ့် ရာသီအစပိုင်းမှာ ခြားနားချက်က အတော်များနေပါတယ်။ ဒါပေမဲ့ စတုဂတ် အခုပွဲမှာ အမှတ်ရအောင်ယူလိမ့်မယ်။

ဝုလ်ဖ်ဘတ် နှင့် မိုချန်ဂလာဘတ် (စနေည ၈း၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်းရဲ့ အဝေးကွင်းရလဒ်ပိုင်းက ဒီပွဲ ကို အဖြေထုတ်ပေးသွားလို့ သေချာသလောက်ရှိပါတယ်။ ဝုလ်ဖ်ဘတ် အနိမ့်ဆုံးသရေကစားမယ်။

နုရင်ဘတ် နှင့် ဒစ်ဆယ်ဒေါ့ဖ် (စနေည ၈း၀၀ နာရီ)

ပြီးခဲ့တဲ့ရာသီ ဘွန်ဒစ်လီဂါ-၂ မှာ ဆုံတွေ့ခဲ့တဲ့အသင်းတွေ ဖြစ်ပြီး အသင်းကစားသမားပိုင်းလည်း မကွာပါဘူး။ အိမ်ကွင်း အားသာချက်ရှိတဲ့ နုရင်ဘတ်ကိုပဲ ရွေးချယ်ချင်တယ်။

လေဗာကူဆင် နှင့် ဒေါ့မွန် (စနေည ၁၁း၀၀ နာရီ)

လေဗာကူဆင်အသင်းက ဒေါ့မွန်နဲ့ကစားခဲ့တဲ့ အိမ်ကွင်း နောက်ဆုံး(၁၁)ပွဲမှာ (၁)ပွဲပဲအနိုင်ရခဲ့တယ်။ ဒေါ့မွန်ကလည်း ဒီရာသီ အဝေးကွင်းရှုံးပွဲမရှိသေးပေမယ့် (၂)ပွဲစလုံး သရေသာ ကစားထားခဲ့ပါတယ်။ အိမ်ရှင် အမှတ်ရလိမ့်မယ်။

 

 

 

 

Most Read

Most Recent