အီတလီစီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 29 September 2018

ရိုးမား နှင့် လာဇီယို (စနေည ရး၃၀ နာရီ)

နည်းပြ ဒီဖရန်ဆက်စကိုက ရိုးမားရဲ့ ဂုဏ်သိက္ခာအစစ် ကို ရောမဒါဘီမှာ ပြန်လည်တည်ထောင်နိုင်မလား။ ရောမမြို့ခံ ပြိုင်ဘက် လာဇီယိုရဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ပြင်းထန်နေတာကို ရပ်တန့်နိုင်ပါ့မလား။ လာဇီယိုတိုက်စစ်ရဲ့ အဓိကအသက်သွေးကြော အီမိုဘီလီနဲ့ မီလင်ကိုဗစ်တို့ ဂိုးမြူးလာတာကလည်း ရိုးမားရဲ့ ဂုဏ်သိက္ခာကယ်ဆယ်ပွဲကို ခြိမ်းခြောက်နေမယ့်အချက် တွေပါပဲ။ လာဇီယို အမှတ်ရမယ်။

ဂျူဗင်တပ်စ် နှင့် နာပိုလီ (စနေည ၁၀း၃၀ နာရီ)

 AFP PHOTO / MIGUEL MEDINA

နည်းပြဆာရီခေတ်လွန် နာပိုလီရဲ့ မျှော်လင့်ခြင်းကောင်းကင်ဟာ သာယာလွန်းနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ နည်းပြ အန်ဆယ်လော့တီဟာ နာပိုလီကို ကိုယ်ပိုင်အတွေးအခေါ်၊ အခင်းအကျင်းတွေနဲ့ ပြုစုပျိုးထောင်နေပါတယ်။ နာပိုလီက အန်ဆယ် လော့တီ လိုချင်သလိုမျိုး ပြီးပြည့်စုံနေတာမျိုးမဟုတ်ပေမယ့် ရာသီအစကထက် စတိုင်ပိုကျလာပါတယ်။ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီမှာလည်း ကိုယ်အပူနဲ့ကိုယ် ခေါင်းကိုက်နေခဲ့ရတာ၊ စီရော်နယ်လ်ဒိုဆီကနေ အကောင်းဆုံးအရာတွေ ဘယ်လို ထုတ်ယူသုံးစွဲမလဲဆိုတာကြောင့် အယ်လီဂရီ ခေါင်းကိုက်နေခဲ့ရတာပါပဲ။ ပြီးခဲ့တဲ့စီးရီးအေပွဲစဉ် (၂)ပွဲမှာတော့ စီရော်နယ်လ်ဒိုက စီးရီးအေမှာ ဂိုးဘယ်လိုသွင်းရမလဲဆိုတာကို ပိုပြီးသဘောပေါက်လာပုံရပါတယ်။ နောက်ဆုံး(၂)ပွဲမှာ (၃)ဂိုးသွင်းယူထားနိုင်တဲ့ စီရော်နယ်လ်ဒိုရဲ့ ယုံကြည်စိတ်ကို လုံခြုံစိတ်ချရခြင်းမရှိတဲ့ နာပိုလီခံစစ် ထိန်းချုပ်ရခက်လိမ့်မယ်။ ဂျူဗင်တပ်စ်သတိထားရမှာက အန်ဆယ်လော့တီရဲ့ နည်းဗျူဟာကြွယ်ဝမှုပဲ။ တိုရီနိုနဲ့ပွဲတုန်းကလို တိုက်စစ်ဦးစားပေး (၄-၂-၃-၁)ထက် ကွင်းလယ်ဗဟိုပြု (၄-၄-၂)ကို အန်ဆယ်လော့တီသုံးပြီး ဂျူဗင်တပ်စ်တောင်ပံတိုက်စစ်ကို ဟန့်တားလိမ့်မယ်။ ဂျူဗင်တပ်စ် အနိုင်ရဖို့များပါတယ်။

အင်တာမီလန် နှင့် ကာဂလီယာရီ (တနင်္ဂနွေနံနက် ၁း၀၀ နာရီ)

ပွဲကျပ်ကာလအလွန် ဒီလိုပွဲမျိုးမှာ နိုင်ပွဲယူပြီး ယုံကြည်စိတ်ကို ပိုပြီးခိုင်မာအောင် အင်တာမီလန် ပျိုးထောင်ရပါမယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာလည်း ဖီအိုရင်တီးနားကို အင်တာမီလန် အနိုင်ကစားခဲ့တယ်။ နည်းပြ စပယ်လက်တီရဲ့တောင်ပံကစားသမားတွေ အလှည့်ကျလူထုတ်ပုံကြောင့် အသင်းတိုက်စစ်ဟန်ချက် မတည်ငြိမ်သေးပေမယ့် ကာဂလီယာရီကို အနိုင်ရဖို့ မခက်ဘူး။ အင်တာမီလန် (၂)ဂိုးပြတ်လောက် နိုင်သင့်ပါတယ်။

 

 

 

 

 

Most Recent