စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 29 September 2018

ဆိုစီဒက် နှင့် ဗလင်စီယာ (စနေညနေ ၅း၃၀ နာရီ)

ရာသီအစမှာတော့ မာဆယ်လီနိုရဲ့ ဗလင်စီယာ အတော်လေးကို ရုန်းကန်နေရတယ်။ နိုင်ပွဲတစ်ပွဲရဖို့ ရုန်းကန်နေရတာက စိတ်ပျက်စရာပါ။ အထူးသဖြင့် ရိုဒရီဂို၊ ဂယ်ဒက်စ်၊ ဘတ်ရှူအာယီ၊ ဂါမဲရိုး၊ မီနာတို့လို တိုက်စစ်ကစားသမားကောင်းတွေ ရှိနေတဲ့ တိုက်စစ်က ဂိုးရဖို့ အတော်လေးကို ရုန်းကန်နေရတယ်။ ဒီပွဲလည်း ဆိုစီဒက်နဲ့ ဂိုးအများပဲကြိုက်တယ်။

ဘာစီလိုနာ နှင့် ဘီလ်ဘာအို (စနေည ၈း၄၅ နာရီ)

ပွဲစဉ် (၅) မှာ ဟီရိုနာကို အိမ်ကွင်းမှာသရေကျခဲ့တာက ဘာစီလိုနာအတွက် နစ်နာခဲ့တယ်လို့ပြောနိုင်တယ်။ ဘာစီလိုနာအတွက် အသင်းငယ်တွေနဲ့တွေ့ချိန်မှာ အခုလိုအတိမ်းအစောင်းခံလို့မဖြစ်ဘဲ ရသလောက်အမှတ်ယူထားရမှာဖြစ်ပေမယ့် အခုတော့ ရီးယဲလ်မက်ဒရစ်နဲ့ အပြိုင်အနေအထား ပြန်ဖြစ်သွားတယ်။ အခုဘီလ်ဘာအိုနဲ့ ပွဲကလည်း ဘာစီလိုနာအတွက် အိမ်ကွင်းမှာ အမှားခံလို့မရဘူး။ ဘာလို့လဲဆိုတော့ လာမယ့်အောက်တိုဘာလတစ်လလုံး ဘာစီလိုနာ ပွဲကျပ်တွေဆက်တိုက်ကစားရဖို့ ရှိနေလို့ပါပဲ။ အောက်တိုဘာလအတွင်း ဘာစီလိုနာဟာ စပါး၊ အင်တာမီလန် (ချန်ပီယံလိဂ်)၊ ဗလင်စီယာ၊ ဆီဗီလာ၊ ရီးယဲလ်မက်ဒရစ်အသင်းတွေနဲ့ ဆက်တိုက်ကစားရမယ့်အချိန်မှာ ရီးယဲလ်မက်ဒရစ်က ဘာစီလိုနာလောက် ပွဲမကျပ်ဘူး။ ဒါကြောင့် အခုဘီလ်ဘာအိုနဲ့ပွဲဟာ ဘာစီလိုနာအတွက် အရေးပါနေတယ်။ ဒီရာသီဘာစီလိုနာဟာ တိုက်စစ်ပိုင်းပုံစံကောင်းပြပေမယ့် ခံစစ်ပိုင်းက အားနည်းချက်တွေရှိနေတယ်။ ဘီလ်ဘာအိုရဲ့ ခြေစွမ်းကလည်း လျှော့တွက်လို့မရလို့ ဘာစီလိုနာအတွက် ခက်ခဲဦးမှာပါ။ ဒါပေမဲ့ ဒီလိုအရေးပါတဲ့အိမ်ကွင်းပွဲမှာတော့ ဘာစီလိုနာအမှားခံမယ်မထင်ဘူး။ ဘာစီလိုနာနဲ့ ဂိုးအများပဲကြိုက်တယ်။

အီဘာ နှင့် ဆီဗီလာ (စနေည ၁၁း၀၀ နာရီ)

ဆီဗီလာတိုက်စစ်က အခုနောက်ပိုင်းဂိုးတွေရနေပေမယ့် အဝေးကွင်းမှာတော့ ကစားပုံ ပုံသေမျှော်လင့်ထားလို့ မရသေးဘူး။ အီဘာရဲ့ ကစားပုံကလည်း တစ်ပွဲပြီးတစ်ပွဲမာကျောမှုပြလာတဲ့အပြင် အိမ်ကွင်းမှာဆိုရင်လည်း ခြေပိုတွေ့တတ်တယ်။ ဆီဗီလာအနေနဲ့ ဒီပွဲအပြီး ယူရိုပါလိဂ်အဝေးကွင်းပွဲ နွှဲရဖို့ရှိနေပြန်တယ်။ ဂိုးနည်းသရေပွဲလောက်ပဲ မှန်းကြည့်ချင်တယ်။

ရီးယဲလ်မက်ဒရစ် နှင့် အက်သလက်တီကို (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

 AFP PHOTO / CURTO DE LA TORRE

မက်ဒရစ် (၂)သင်းစလုံးအတွက် ဒီပွဲက အရေးပါနေတယ်။ ရီးယဲလ်ဟာ ဘာစီလိုနာကို ဖိအားပေးနိုင်ဖို့အပြင် ရာသီအစ ဥရောပစူပါဖလားပွဲတုန်းက ရှုံးကြွေးအတွက် သိက္ခာပြန်ဆယ်ပြဖို့လည်း လိုနေတယ်။ အက်သလက်တီကိုကလည်း အသင်းရဲ့ ဟန်ချက်ကို လာလီဂါဘက်မှာ ပြန်ညှိယူနေရတဲ့အချိန်ဖြစ်လို့ ရီးယဲလ်လို မြို့ခံပြိုင်ဘက်အသင်းကို အကောင်းဆုံးပြန်ရင်ဆိုင်ရင်း ယုံကြည်မှုတည်ဆောက်ယူရမယ့်အချိန်လည်း ဖြစ်နေတယ်။ လက်ရှိခြေစွမ်းတွေအရ ရီးယဲလ်က အက်သလက်တီကိုထက် ပိုငြိမ်တယ်ထင်ရပေမယ့် လက်ရှိအက်သလက်တီကိုကလည်း နိုင်ပွဲတွေပြန်ဆက်လာပြီး ပုံမှန်အနေအထားပြန်ရောက်နေလို့ မက်ဒရစ်ဒါဘီဟာ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ရီးယဲလ်ရဲ့လက်ရှိခြေကလည်း ဘီလ်ဘာအိုကို သရေ၊ အက်စ်ပန်ညို ကို အိမ်ကွင်းမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ကစားထားတဲ့ခြေစွမ်းတွေအရတော့ အသင်းကြီးတွေကို ရင်ဆိုင်ရာမှာ သိပ်ပြီးအသင့်မဖြစ်သေးသလို ဖြစ်နေတယ်။ (၂)သင်းစလုံး ဒီပွဲအပြီး ချန်ပီယံလိဂ်ပွဲကစားဖို့ရှိနေတယ်ဆိုပေမယ့် ရီးယဲလ်က ရုရှားမှာ သွားကစားရမှာဖြစ်ပြီး အက်သလက်တီကိုကတော့ အိမ်ကွင်းမှာကစားရမှာပါ။ ဘာနေဗျူးဖြစ်ပေမယ့် ဂိုးနည်းပြီး သရေကျမယ့်ပွဲပဲထင်တယ်။

 

 

Most Read

Most Recent