လိုက်ပ်ဇစ်အသင်းဒါရိုက်တာ ပေါလ်မစ်ချယ် မန်ယူသို့ရောက်ရန် နီးစပ်

လိုက်ပ်ဇစ်အသင်းဒါရိုက်တာ ပေါလ်မစ်ချယ် မန်ယူသို့ရောက်ရန် နီးစပ်
Published 27 September 2018

 

Photo: Bundesliga

ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းတွင် ကစားသမားဝယ်ယူဖြည့်တင်းရေး အဓိကတာဝန်ရှိသူတစ်ဦးဖြစ်သူ အသင်းဒါရိုက်တာ ပေါလ်မစ်ချယ်သည် မန်ယူအသင်း၌ နည်းစနစ်ဒါရိုက်တာဖြစ်လာရန် နီးစပ်နေပြီဟု ဗြိတိန်သတင်းစာ Telegraph က ဖော်ပြခဲ့သည်။

ပေါလ်မစ်ချယ်သည် ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် စပါး၊ ဆောက်သမ်တန်အသင်းများတွင်လည်း ကစားသမားဝယ်ယူသည့်တာဝန်များ ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။

မန်ယူအသင်း၏အမှုဆောင်ချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်ကလည်း ၎င်းကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

Most Read

Most Recent